111(part 1)

1.2K 280 17
                                    

Unicode

ချူးယွမ် ယင်အိမ်တော်ကိုပြန်ရောက်ရောက်ချင်းဘဲ ဒုတိယအိမ်တော်သခင် ချူးချီကျန်းက သူ့လက်ဖက်‌ရည်တွေ ခိုးခံလိုက်ရတယ်ဆိုတာသိသွားတယ်၊ အဲ့ဒီမှာဘဲ စရန်ဖြစ်ကြပြီးတော့ တယောက်နဲ့တယောက်မကျေမနပ်နဲ့ဘဲ အဆုံးသတ်လိုက်ရတယ်။

ချူးလျန်က ဒါကို ပြန်ကြားရတော့ ဟာသတစ်ခုလိုဘဲ စဉ်းစားပေးလိုက်တယ်။

ကူလင်းစားသောက်ဆိုင်မှာတော့ အမျိုးသားတေ‌ွအတွက်ပြင်ဆင်ထားတဲ့ အပြင်ဘက်ဟောခန်းကျယ်ထဲမှာ မျိုးရိုးမြင့်ဆွေကြီးမျိုးကြီးတေ အသက်ကြီးငယ်မရွေး ထိုင်နေကြတယ်။

သူတို့ထဲမှာ အကြီးဆုံးကတော့ မြို့စားအိုကျန်း ဖြစ်ပြီး အငယ်ဆုံးမှာ မျိုးရိုးမြင့် မှူးမတ်ငယ်လေး ဝေ့ယွမ်ဖြစ်တယ်။

ဒီအမျိုးသားတွေအားလုံးက ပုံမှန်ဆိုတွေ့ဆုံဖို့ခက်ခဲတဲ့လူတွေဖစ်နေပေမယ့် ဒီနေ့တော့ချူးလျန်ရဲ့အစားအသောက်တွေကို မြည်းစမ်းဖို့ရောက်ရှိနေကြတယ် ။

သူတို့အားလူံးက အစားအသောက်မြည်းစမ်းရုံသက်သက်လာရောက်ကြတာဖြစ်ပြီး ဘယ်နိုင်ငံရေး ဘယ်အရှုပ်အထွေးကို မှ စကားထဲထည့်မပြောကြဘူး။

မင်ယန်ရဲ့ ဂရုတစိုက်ချက်ပြုတ်ကျွေး‌ေမွးတာတေွကို လ‌ဝက်လောက်စားသူံးပြီး ကောင်းကောင်းအနားယူပြီးချိန်မှာ တော့ မြို့စားအိုကျန်းမှာ အရင်ကထက် ပိုကျန်းမာဖျက်လတ်ပြီး တက်ကြွလာတယ်၊သူ့မျက်နှာမှာ တကယ်ကိုကျန်းမာနေပုံပေါ်ပြီး အားအင်တွေပြည့်နေပုံရတယ်။

မြို့စားအိုကျန်းက အခုရက်ပိုင်း ငါးဟော့ပေါ့ အစပ်ကိုစားရတာ သဘောကျနေတယ်၊ကျန်းအိမ်တော်မှာကတည်းက ဒီဟင်းကိုနေ့တိုင်းလိုလိူစားလေ့ရှိတယ်၊ အနီရောင်ငရုတ်ရည်တွေကြားက အဖြူရောင်ငါးအလွှာလေးက ကြည့်တာနဲ့ကို လတ်ဆတ်ပြီး နူးညံ့နေပုံပေါ်တယ်၊ နူးညံ့လွန်းလို့ လျှာသာကြားနေမရှိရင် ချက်ချင်းပျော်ဝင်သွားနိုင်တယ်၊ (အရမ်းစားကောင်းလို့ ဝါးစရာကိုမလိုဘူးလို့ပြောချင်တာပါ)

အစားကောင်းကြိုက်သူတွေအတွက်တော့ ဒီငါးအသားလွှာလေးတွေက အကောင်းဆုံးဘဲလို့ သူထင်ထားခဲ့တာ၊ဒါပေမယ့် အခု ကူလင်းစားသောက်ဆိုင်ကိုရောက်မှ သူဘယ်လောက်မှားနေလဲသိတော့တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now