151

1.2K 218 11
                                    

Unicode

ရှောင်ယန်က ချူးလျန်နောက်ပါးမှာ ရိုရိုသေသေနဲ့ ရပ်နေပေမယ့် သူမ နှုတ်ခမ်းပါးတွေက ကော့တက်နေပြီ။

ဝမ်လန်ကတော့ မျက်လုံးတွေ ပြူးကျယ်လာပြီး ဒေါသကို ထိန်းနိုင်ဖို့ရာ သူမ နှုတ်ခမ်းကို ပြန်ကိုက်ထားနေရတယ်၊

မျက်စိတမှိတ်အတွင်းမှာဘဲ လေထုက ထူးထူးဆန်းဆန်းကြီး ဖြစ်သွားတယ်၊ ရုတ်တရက်ဘဲ ချူးလျန်က ပြုံးလိုက်တယ်၊နောက်ပြီးအလေးမစိုက်တဲ့ပုံစံနဲ့ပြောလာတယ် "ဘာတွေကြောင်ငေးကြည့်နေကြတာလဲ သွားကြမယ်"

လက်ထောက်တပ်သားက လျှင်မြန်စွာနဲ့ထပ်ပေါင်းပြောလိုက်တယ် "ဟုတ်တယ်၊ သွားကြရအောင်အပြင်မှာအေးလွန်းတယ်ကြည့်ရတာနှင်းကျတော့မယ့်ပုံဘဲနွေးသွားအောင်တဲထဲကိုအမြန်သွားသင့်တယ်"

တဲအရှေ့က အမျိုးသမီးတပ်သားတွေက ချူးလျန်တို့အဖွဲ့ကို သတိမပြုမိဘဲနဲ့ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေကြတယ်၊ သူတို့တွေက အဝတ်တွေကို လျှော်ဖွတ်နေရင်းနဲ့ အချင်းချင်းစကားစမြည်ပြောဆိုနေကြပီးကျယ်လောင်တဲ့ရယ်မောသံတွေကတစ်ခါတရံပေါ်ထွက်လာတယ် ။

အမျိုးသားလက်ထောက်ရဲ့ အဆင့်အတန်းက သိပ်ပြီး မြင့်မားလှတာမဟုတ်လှဘူး၊ နောက်ပြီး ဒီအမျိုးသမီးစစ်သည်တွေကလည်း စစ်သူကြီးစီမာလက်အောက်က လူတွေဖြစ်နေတော့ မတော်တဆ လမ်းမှာ တိုက်မိခိုက်မိရင်တောင် သူတို့က မျက်နှာသာ‌ေပးကြရတယ်၊ ဒီတော့ ဒီအမျိုးသမီး စစ်သည်တွေကို မောင်းထုတ်လိုက်ဖို့ အမိန့်အာဏာက သူ့မှာရှိမနေဘူး။

အမျိုးသမီးကျင်းယီကိုယ်တိုင်ကတောင် ဒီအမျိုးသမီးစစ်သည်တွေနဲ့ပတ်သတ်ပြီး ဘာမှပြောမနေမှတော့ သူလည်း ထွေထွေထူးထူး ဘာမှလုပ်မနေတော့ဘူး။

လက်ထောက်တပ်သားလေးကတော့ ချူးလျန်ကို တလှည့် အမျိုးသမီးစစ်သည်တွေကို တလှည့်ကြည့်ရင်းနဲ့ ရင်ဘက်ထဲမှာ ပိုပိုနာကျင်လာရသလိုဘဲ၊ ဒါကို ရိုးရိူးရှင်းရှင်းတာဝန်လေးလို့ ထင်ထားခဲ့တာ အခုလိုတွေဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။

နောက်ကျရင်တော့ ခေါင်းဆောင်ဟေးဆီကနေ နစ်နာကြေး ပြန်တောင်းရမှာအသေအချာဘဲ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now