144

1.2K 322 13
                                    

Unicode

ချူးလျန်ကလည်း ပုံမှန် အများကြီးစားလေ့မရှိသူဆိုတော့ ပန်းကန်လုံးလေးထဲက နည်းနည်းစားပြီးတာနဲ့ တူကို ပြန်ချထားလိုက်တော့တယ်၊ ဒါပေမယ့် ဟေးချန်ဒီမှာတော့ ဆန်ပြုတ်ကို သောက်နေတာ 3ပန်းကန်တောင်ရှိနေပြီ။

ထန်းယန်လည်း ထွက်သွားရော ဝမ်ချင်းက အထဲက အခြားလူတွေကိုပါ အပြင်ထွက်ခိုင်းပြီး ဒီစုံတွဲ အေးအေးဆေးဆေးစကားပြောနိုင်ဖို့ တံခါးတောင် ပိတ်သွားပေးတယ်။

ချူးလျန်က ဟေးချန်ဒီ စားလို့ ပြီးတာကို မြင်တော့မှ စကားစပြောလာတယ်

" ရှင့် ဒဏ်ရာတွေက ဘယ်လိုနေသေးတုန်း " ပြောရင်းဆိုရင်းနဲ့ဘဲ ချူးလျန်ရဲ့ မျက်လုံးအကြည့်တွေက ဟေးချန်ဒီ အောက်ပိုင်းဆီ ရုတ်တရက်ရွေ့သွားတယ်။

ဟေးချန်ဒီလည်း ချူးလျန် ဘာကို ဆိုလိုချင်တာလဲဆိုတာကို သဘောပေါက်သွားပြီး တကိုယ်လုံးတောင့်တောင့်ကြီး ဖြစ်သွားတယ်၊ သူ့ အပြင်ပိုင်း အခြေနေက ပုံမှန်လို အေးစက်စက်နဲ့ ခက်ထန်နေဆဲပေမယ့် ဆံပင်တွေအောက်က သူ့နားရွက်‌ဖျားတွေတော့ ပူထူပြီး နီရဲလို့နေပြီ၊ ဟေးချန်ဒီက နှုတ်ခမ်းတွေကို သပ်လိုက်ပြီး ခဏကြာတော့ ပြန်ဖြေလို့လာတယ်" မင်းက ဘာကို ပြောနေတာလဲ၊ ငါ့မှာ ဘာဒဏ်ရာမှ မရှိပါဘူး ၊ အရင်တခေါက်ကအဆိပ်ကလည်း အကုန်ဖြေပြီးပြီ၊မင်း ငါ့အတွက် စိုးရိမ်နေဖို့ မလိုပါဘူး"

ချူးလျန်က ဟေးချန်ဒီနဲ့ ရက်အနည်းငယ်လောက်အတူနေခဲ့ရတော့ သူ့ စိတ်နေစိတ်ထားကို နည်းနည်းပါးပါးတီးမိခေါက်မိတော့ ရှိနေပြီ၊ သူ့ အဖြေကို ကြားတော့ သူမ နှုတ်ခမ်းတွေ ဆတ်ခနဲ မဲ့ လိုက်မိတယ်၊ ဒီ အရူးကောင် ဟေးစန်းလန်က နည်းနည်းလေးမှကို မျက်နှာအပျက်မခံချင်ဘူးဘဲ ၊သူမက မိုချန်ကွေ့ဆီကနေ သူအရိုက်ခံရမယ့် အကြောင်းစုံကို ကြားထားပြီး‌ပြီ၊ သူမကို ဖုံးကွယ်ထားဖို့မှ မလိုအပ်တာကို။

ဒါပေမယ့်လည်း ချူးလျန်က သူ့ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်မနေတော့ဘူး၊ တဖက်ကို လှည့်ပြီး အဖြူရောင်ကြွေ ပုလင်းလေးတွေကို ရှေ့ကို ထုတ်ပေးလိုက်တယ်၊ "ဒါက ကျွန်မ မြို့တော်ကနေ ယူလာတဲ့ဒဏ်‌ေကြလိမ်းဆေးလေးတွေ၊ အဘွားပြောတာတော့ ဒါတွေက နန်းတော်က ဆေးတွေ ထက်တောင်ပိုကောင်းတယ်တဲ့ "

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now