125(part 2)

1.1K 301 16
                                    

Unicode

ချူးလျန်က လှည်းပေါ်ကိုမတက်ခင် နောက်ကိုတချက်ငဲ့ကြည့်တော့ အစေခံကွေ့က ရှီယန်ကိုခေါ်ပြီး သူမ နောက်ကို လိုက်လာချင်နေတဲ့ ပုံကိုတွေ့လိုက်ရတယ် ၊ဒီတော့ သူမ မျက်လုံးထောင့်တွေ စိုစွတ်လာပြီး အော်ဟစ်လိုက်တယ် "မိုမို ၊ရှီယန် အထဲပြန်ဝင်ကြတော့လေ"

အစေခံကွေ့က လက်ကိုင်ပဝါလေးနဲ့ မျက်နှာကိုအုပ်ထားပြီး ကတိပြုလိုက်တယ် "တတိယသခင်မလေး စိတ်မပူပါနဲ့ ဒီအစေခံက Songtaoခြံဝန်းကို သေချာ ဂရုစိုက်ထားပါ့မယ်"

ချူးလျန်က စိတ်တင်းပြီး နောက်ကို ပြန်မလှည့်ကြည့်တော့ဘူး၊ သူမက ရှေ့တိုးပြီး လှည်းပေါ်ကို ဆက်တက်လိုက်တယ်၊ အထဲရောက်သွားတာနဲ့ လိုက်ကာစက ခံစားချက်တွေ အားလုံးကို ပိတ်ပင်လိုက်သလိုဘဲ ဘယ်အကြည့်တွေကိုမှ သူမ မမြင်နိုင်တော့ဘူး။

ကျင်းအန်အိမ်တော်ရဲ့ တပ်ဖွဲ့နဲ့ ထန်းယန်တို့လူစုက လူမြင်ကွင်းကနေ လျင်လျင်မြန်မြန်ဘဲ ပျောက်ကွယ်လို့သွားတယ်။

ချူးလျန်ထွက်သွားပြီး နေ့ဝက်အကြာ နေ့လည်ခင်းမှာဘဲ  ဆံပင်တွေ ရှုပ်ပွနေတဲ့ အရူးနဲ့ တူတဲ့ မိန်းမတယောက်က အေးချမ်းနေတဲ့ ကျင်းအန်အိမ်တော်ရှေ့ကို ရောက်ရှိလာတယ်၊သူမ ဆံပင်တွေက ရှုပ်ပွပြီး မျက်နှာကလည်း ညစ်ပတ်ပေရေနေတော့ ဘယ်သူမှန်းတောင် သေချာခွဲခြားလို့မရနိုင်ဘူး။

သူမက ဒယီးဒယိုင်နဲ့  လျှောက်လာပြီး အိမ်တော်ထဲဝင်ဖို့ကြိုးစားလာတယ် ၊ဒါပေမယ့် ဝင်ပေါက်က အစောင့်တွေက သူမကို ဘယ်ခွင့်ပြုပါ့မလဲ၊ အစောင့်တယောက်က သူမကို မြေပေါ်ကို ကန်ထုတ်လိုက်တယ် "ဒီအရူးမက ဘယ်က ရောက်လာတာလဲ ၊ဟေး ဒီနေရာက ဘယ်နေရာလဲဆိုတာ မမြင်ဘူးလား၊ အထဲဝင်ဖို့များ ကြိုးစားနေသေးတယ်၊ အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ် "

မြေပေါ်ကိုလဲကျသွားတဲ့ မိန်းမက နာကျင်လို့ ညည်းညူရင်းနဲ့ စပြီးအော်ဟစ်လိုက်တယ် "မြန်မြန်  အကြောင်းကြားစမ်း ငါက တတိယသခင်မလေးရဲ့ အစေခံဘဲ၊ ဟုတ်တယ် ငါ့အတွက် တတိယသခင်မလေးကို အကြောင်းကြားပေးကြစမ်း "

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now