148

1.5K 283 12
                                    

Unicode

ကော်ကျန့်ဝေက စီမာဟွေ့ရဲ့ နောက်နားမှာ တချိန်လုံးရပ်နေခဲ့တာဆိုတော့ အရိပ်ထဲမှာ ကွယ်နေတဲ့ သူ့မျက်နှာတစ်ခုလုံးက ရှုံ့မဲ့လို့ နေပြီ၊သူ့ရဲ့ ယုတ်မာရက်စက်လိုတဲ့ အကြည့်တွေက ဟေးချန်ဒီနောက်ကျောဆီ ကပ်ပါသွားတယ်၊ သူ့ နှလုံးသားထဲမှာလဲ မကျေနပ်ချက်တွေ အပြည့်ဖြစ်နေပြီ၊အဲ့ဒီ မုတ်ဆိတ်ထူဟေးစန်းလန်က တကယ်ဘဲ ချောမောတဲ့ ကောင်လေး ဖြစ်သွားတာလား !

ဟေးချန်ဒီ‌ကတော့ ခေါင်းဆောင်ကောင်းနဲ့အတူ အနားယူဖိူ့ တဲထဲကို လိုက်ပါသွားတယ်၊ တဲထဲ ရောက်တာနဲ့ ရှောင်ဟုန်ယုမှာ သိချင်စိတ်ကို ဆက်ထိန်းမထားနိုင်တော့ဘူး၊ သူက ဟေးချန်ဒီရှေ့တည်တည့်သွားရပ်ပြီးတော့ ဟေးချန်ဒီ မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်နေတယ်၊ နောက်တော့ ခပ်ကြမ်းကြမ်းနဲ့ ထရယ်တော့တာဘဲ " ညီအစ်ကိုဟေး ၊ငါနောက်ဆုံးတော့ မင်းမျက်နှာမှာ မုတ်ဆိတ်ထူထူထားရတဲ့ အကြောင်းရင်းကို နားလည်သွားပြီ "

တဖက်မှာလည်း ကျန်းမိန်က လက်ဖက်ရည်ခွက်ကို ယူပြီး တငုံသောက်ရင်းနဲ့ မချိပြုံး ပြုံးလိုက်မိတယ်။

ဟေးချန်ဒီက ရှောင်ဟုန်ယုကို အေးစက်စက်နဲ့ စိုက်ကြည့်ပေးလိုက်တယ်၊ ဒီကောင်စုတ် ဆက်ပြောလာမယ့် စကားတွေကို သူဆက်ကြားချင်စိတ် တစက်လေးမှ ရှိမနေဘူး။

" အား ! ညီအစ်ကိုဟေးက ဒီလောက် အေးစက်နေတာတောင်မှဘဲ အဲ့ဒီမိန်းမက ညီအကိုဟေး လက်မောင်းကြားထဲကို ပစ်ဝင်နေချင်သေးတယ်၊ ညီအကို‌ေဟးရေ ဘယ်လိုများ ကြီးပြင်းလာတာတုန်းကွာ ၊ အန်တီဟေးက ဘယ်လိုများ မွေးထုတ်ပေးလိုက်တာတုန်း၊ အမ်း ..! ငါ့အမေကျတော့လည်း ဘာလို့များ ဒီလိုလေး မွေးမပေးရတာလည်း မသိဘူး "

ခေါင်းဆောင်ကောင်းက ကျယ်လောင်စွာ ရယ်မောရင်းနဲ့ ဝင်ပြောလာတယ် " ကောင်စုတ်လေး မင်းအမေက မင်းကို ဒီလောကထဲ ရောက်အောင်မွေးပေးလိုက်တာကိုဘဲ ကျေးဇူးတင်လိုက်ပါအုံး "

ရှောင်ဟုန်ယုကတော့ ဟေးချန်ဒီ မျက်နှာကို ဆက်ကြည့်နေရင်းနဲ့ မချိတင်ကဲ ငိုကြွေး‌ေနမိတော့တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now