140

1.5K 316 22
                                    

Unicode

ဟေးစန်းလန်က ဘာမှ ပြန်မဖြေဘဲ တောင့်တောင့်ကြီး ရပ်နေတော့ ချူးလျန်မှာ နည်းနည်းတောင် စိတ်ဓာတ်ကျသလိုဖြစ်သွားတယ်၊သူမ မျက်နှာလေးက သုန်မှုန်သွားပြီး အသံတိုးတိုးလေးနဲ့ ပြောလာတယ် " ရှင် ကျွန်မကို ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ မလှောင်ပါနဲ့တော့၊ရှင်က မုတ်ဆိတ်တွေ ထားလိုက်တော့ လုံးဝ တခြားသူတစ်ယောက် ဖြစ်သွားတာကို၊ ကျွန်မ တင် မဟုတ်ဘူး အဘွားဆိုရင်တောင်မှ ရှင့်ကို မှတ်မိနိူင်မှာ မဟုတ်ဘူး"

ဟေးစန်းလန်က ကိုယ်ခံပညာကို တတ်ကျွမ်းတဲ့ အပြင် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေမှာပါ ထူးချွန်လှတယ်၊ သူရဲ့ အာရုံငါးပါးက အခြားလူတွေကို အပုံကြီး သာလွန်တယ်၊ ဒီတော့ ချူးလျန် ပြောတဲ့ မသဲမကွဲ စကားတိုးတိုးလေးကစ သူ့နားထဲ ရောက်နိုင်တယ်။

ဟေးစန်းလန်က ခပ်အုပ်အုပ်လေး ထရယ်လိုက်တယ်၊ ချူးလျန်လည်း သူရယ်တာက သူမကို လှောင်ချင်လို့လား ပျော်နေလို့လားဆိုတာကို မသဲကွဲဘူး။

နောက်တော့ သူပြောလာတာကို ကြားလိုက်ရတယ်"ဒီလိုဆိုတော့ ကိုယ့်ယောက်ျားကို မှတ်မိတာကို သင့်လျော်မှန်ကန်တယ်လို့ မင်းထင်လား "

ချူးလျန် ခေါင်းထဲမှာ သူ့ကို မသရော်ဘဲ မနေနိုင်ဘူး၊ ဒီ အရူးအနှမ်းယောက်ျားမှာ တကယ်ကို အဆိပ်ပြင်းတဲ့ လျှာစွမ်း ရှိတာဘဲ၊ သူမက သူ့ကို တောင်းပန်ဖို့ရာ အရင်ဆုံးမာနကို ချခဲ့ပြီးပြီ၊ဒီတော့ သူ့ဘာသာ ခွင့်လွှတ်လွှတ် မလွှတ်လွှတ် လျစ်လျူရှုထားမလို့ဘဲ၊ ဒါပေမယ့် ဒီယောက်ျားက အခုတော့ သူမကို ရှေ့ထားပြီးကို‌ လှောင်ပြောင်နေတယ်။

သူမရဲ့ တည်ငြိမ်မှုလေးတွေက ဒီအရူးအနှမ်းကောင် ဟေးစန်းလန်ကြောင့် မျောပါသွားရှာပြီ၊ ချူးလျန်က အသက်ပြင်းပြင်ရှုလို့ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရတယ်။

"‌ေဟစန်းလန် ရှင်ဘာလို့ ကျွန်မနဲ့ အမြဲ ရန်ဖြစ်ချင်နေရတာလဲ "

သူမရဲ့ စကားလုံးတွေက သူ့ကို လှုပ်နိုးလိုက်သလိုဖြစ်သွားတော့ ဟေးချန်ဒီက နှုတ်ခမ်းတွေကို ဖိကိုက်ပြီး ငြိမ်သက်သွားတယ်။

Transmigrator meets reincarnator (mmtranslation)Où les histoires vivent. Découvrez maintenant