123(part 1)

1.1K 277 29
                                    

Unicode

ညရောက်တော့ ချူးလျန်က အိပ်ရာစောဝင်ဖို့ ကြိုးစားပေမယ့်လည်း မြောက်ပိုင်းမှာ စစ်ပွဲစတော့မယ်ဆိုတာတွေးမိပြီး အိပ်မပျော်နိုင်ဘူးဖြစ်နေတယ်။

ချူးလျန်က အိပ်ရာထက်မှာ အိပ်မပျော်နိုင်ဘဲ လူးလှိမ့်နေတယ်၊ စောစောက ရှိနေတဲ့ အိပ်ချင်စိတ်လေးက လုံးဝကို ပျောက်ကွယ်သွားပြီးတော့ ဘယ်လိုဘဲ ကြိုးစားပါစေ အိပ်မရတော့ဘူး။

နောက်ဆုံးမှာတော့ ချူးလျန်က စောင်ကို ဆွဲခြုံပြီးတော့ မှောင်မဲနေတဲ့ သူမအခန်းရဲ့ မျက်နှာကျက်ကိုဘဲ စိုက်ကြည့်နေမိတယ်။

သူမက မူရင်းစာအုပ်ကို ဖတ်ဖူးတယ်ဆိုပေမယ့် အခုတော့ အားလုံးက ပြောင်းလဲသွားခဲ့ပြီ။

တချို့အကြောင်းတွေက အံ့အားသင့်လောက်စရာထိ တူညီနေပေမယ့်လို့ စာအုပ်ထဲမှာက ဒီအကြောင်းတွေကို အသေးစိတ်မရေးထားခဲ့ဘူး။

ဥပမာပြောရရင် မြောက်ပိုင်းမှာ ဖြစ်မယ့် စစ်ပွဲပေါ့၊ ဒါကို ဖြစ်ကို ဖြစ်မယ်လို့ သူမသိထားပြီးသား၊ ဒါပေမယ့် နိုင်လား ရှုံးလားဆိုတာကို သူမ သေချာ မသိဘူး။

သူမက ဟင်းလေးချက်ပြီး ဝင်ငွေ ရွှင်တဲ့ အပျင်းသမားလေးလို နေချင်ပေမယ့် ဒါတွေ ဖြစ်ဖို့ကလည်း ကျင်းအန်အိမ်တော် တည်မြဲနေမှ ဖြစ်မှာ၊ ကျင်းအန်အိမ်တော်သာ မရေမရာဖြစ်သွားပြီဆိုရင်တော့ ဒီလိုတတိယသခင်မလေးဆိုတဲ့ အဆင့်အတန်းကလည်း ဘာမှ မဟုတ်တော့ဘူး။

ပြီးတော့ သူမက သခင်မကျိုးကလွဲပြီးတော့
ကျင်းအန်အိမ်တော်ရဲ့ မိသားစုဝင်တွေကို နှစ်သက်သဘောကျတယ်၊ ဒီတော့ သူတို့တွေ ကြေကွဲဝမ်းနည်းမှာကိုရော မိသားစုအတွက် အနစ်နာခံကြမှာကိုပါ မမြင်ချင်ဘူး။

ချူးလျန်က မျက်လုံးတွေကို မှိတ်လိုက်ပြီးတော့ သူမမိသားစုရဲ့ ကံတရားကို ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးတောလို့နေတယ်၊သူမရဲ့ အယ်မွန်ပုံ မျက်ဝန်းတွေ ပြန်ဖွင့်လာခဲ့တော့ မှောင်မိုက်နေတာတောင်မှ စကြဝဠာတစ်ခုလုံးကနေ အလင်းပြန်လာသလို ဖြစ်နေတယ်။

အချိန်တိုင်းမှာ သူမ မိသားစုက အကြီးတွေရဲ့
ကာကွယ်မှုအောက်မှာ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတယ်၊အခုက သူမအတွက် မိသားစုတာဝန်တစိတ်တပိုင်းကို ထမ်းဆောင်ပေးဖို့ အချိန်ဘဲ ရှောင်ဖယ်နေလို့မဖြစ်ဘူး။

Transmigrator meets reincarnator (mmtranslation)Där berättelser lever. Upptäck nu