138

1.2K 317 23
                                    

Unicode

ချူးလျန်လည်း လန့်ပြီး ထအော်မိသွားတယ်၊ သူမရဲ့ လက်တွေကို သူ့ကိုယ်ပေါ်ကနေ ဖယ်ပြီး ပြန်ကြည့်လိုက်တော့သူ့မျက်လုံးတွေက မှိတ်နေဆဲဘဲ။

နောက်ဆုံးတော့ သူ အိမ်မက်ယောင်နေတာမှန်း သူမ သိသွားပြီ၊ အဲ့ကျမှဘဲ ရင်ဘက်လေးဖိပြီး သက်ပြင်းချနိုင်တော့တယ်။

ဒါက သူမ ကို တကယ်ဘဲ လန့်သွားစေတာဘဲ။

ဒီလူရဲ့ ပါးစပ်ကနေ နောက်တကြိမ် ထပ်ပြီး ဝိုးတဝါးနဲ့ အသံထွက်လာတယ်၊ ဒါပေမယ့် သူ့အသံလေးက တကယ်ဘဲ တိုးတိုးလေးဆိုတော့ ဘာပြောလိုက်မှန်း ချူးလျန်လည်း နားမလည်နိုင်ဘူး။

ချူးလျန်လည်း စပ်စုချင်စိတ်နဲ့ ဖြည်းဖြည်းချင်းလေး အနားတိုးပြီး သူ့ပါးစပ်နားလေးရောက်အောင် အနားကပ်သွားလိုက်တယ်၊သူ ဘာတွေ ယောင်နေလဲဆိုတာကို သူမတကယ်ဘဲ သိချင်လိုက်တာ။

သူမ တတ်နိုင်သမျှ အနားကပ်ရင်းနဲ့ စကားလေးနည်းနည်းတော့ ‌ကြားလိုက်ရတယ်။

ဒီလို ထူးဆန်းပြီး ရှေ့နောက်မညီတဲ့ စကားတွေကြောင့် ချူးလျန် စိတ်တွေတောင် ရှုပ်ထွေးသွားရတယ်။

"ဟက် ၊ကောက်ကျစ်တဲ့ မိန်းမ  မင်းငါ့ကို သစ္စာဖောက်ခဲ့လို့ နောင်တရနေပြီမလား၊ နောက်ဆုံးတော့ အဲ့ ဒီကောင်ကလည်း မကောင်းတဲ့ကောင်ဘဲလေ၊ မင်းကို သူ သစ္စာဖောက်သွားပြီ၊‌ မင်းဝမ်းနည်းတယ်မလား၊ နာကျင်တယ်မလား၊ပြောစမ်းပါ၊ ငါခံစားခဲ့ရတာက မင်းထက် အဆတစ်ရာမက ပိုခဲ့တယ်"

ချူးလျန်:....

ဒီကယောင်ကတမ်းနဲ့ လူကို ကြည့်ရင်းနဲ့ ချူးလျန် နှုတ်ခမ်းတွေတောင် မဲ့ကျသွားတယ်၊ ကြည့်ရတာ ဒီယောကျ်ားက အရင်တုန်းက ကိစ္စ တစ်ခုခုကြောင့်အသည်းကွဲနေခဲ့တာဖြစ်မယ်။

ချူးလျန်လည်း အဲ့လို အရေမရ အဖက်မရ စကားတွေ ဆက်နားထောင်နေတုန်းမှာဘဲ အဲ့လူက ချက်ချင်းတိတ်ဆိတ်သွားတယ်။

တစ်ခဏချင်းမှာဘဲ သူ့ ခန္ဓာကိုယ် အပူချိန်ကပြန်တက်လာတယ်၊ ချူးလျန်လည်း ‌ရွေးချယ်စရာမရှိတော့ဘဲ သူ့တကိုယ်လုံးကို အပူကျဖို့ ရေပတ်ဆက်တိုက်ပေးနေရတယ်။

Transmigrator meets reincarnator (mmtranslation)Hikayelerin yaşadığı yer. Şimdi keşfedin