119(part 1)

1.2K 293 14
                                    

Unicode

လက်ဆောင်ဘူးကို ဖွင့်လိုက်တော့ အထဲကနေ အရောင်ဝါတွေ တလက်လက်ထွက်လာတော့တယ်၊
စောင့်ကြည့်နေကြတဲ့ သခင်မတွေနဲ့ သခင်မငယ်လေးတွေ အားလုံး တညီတညာထဲ အသက်ရှုရပ်တော့မလိုဘဲ။

ဘူးထဲမှာ ချောမွေ့တောက်ပနေတဲ့ ပုလဲအဆင်တန်ဆာတွေ ရှိနေတယ်၊ခေါင်းဆောင်း ၊ လည်ဆွဲ ၊လက်ကောက် ၊နားကပ်နဲ့ လက်စွပ်တွေတောင် ပါသေးတယ်။

ဒီနေ့ပွဲကို တက်ရောက်လာတဲ့ သခင်မတွေအားလုံးမှာ ပုလဲ အဆင်တန်ဆာဆိုတာ ပေါများလှတယ် ၊သို့ပေမယ့် ဒီလို ကြော့ရှင်းပြီး ဆွဲဆောင်မှုရှိနေတဲ့ ဟာကိုတော့ သူတို့ တစ်ခါမှ မမြင်ဖူးကြဘူး။

ပုလဲတွေက သိပ်အရေးမဟုတ်လှဘူး၊ ဒါပေမယ့် ဒီဇိုင်းကတော့ ပွဲကြည့်ပရိတ်‌သတ်အားလုံးကို ရင်သပ်ရှုမော ဖြစ်သွားစေတယ်။

ပုလဲ လည်ဆွဲက တကယ်ကို အထင်ကြီးလောက်စရာဘဲ၊ကြိုးလေးကို ငွေကြိုး မျှင်ကို အသုံးပြုထားပြီးတော့ အဖြူရောင်ပုလဲကိုသံုးမယ့်အစား ရွှေအိုရောင်ကြာပန်းပွင့်လေးတွေနဲ့ အနုစိတ်ထားတယ်၊ ကြာပန်းလေးနှစ်ပွင့်က တပွင့်နဲ့ တပွင့်ယှက်နွယ်နေပြီးတော့ ငွေကြိုးအလယ်ကနေ တွဲလောင်းကျလို့နေတယ်၊ ကြာပန်းလေးနှစ်ခု ယှက်ထားတဲ့ အလယ်ဗဟိုနေရာမှာ ချောမွတ်တဲ့ လက်မခွံအရွယ် ရွှေရောင် ပုလဲလုံးလေးနဲ့ အလှဆင်ထားတယ်၊ရွှေရောင်တွေနဲ့ ဝန်းရံထားပေမယ့်လို့ သူ့ရဲ့ ကိုယ်ပိုင်တောက်ပမှုနဲ့ ရွှန်းလဲ့မှုတွေ ပြည့်ဝ‌နေတယ်၊ ထပ်ပေါင်းပြောရရင် ဒီလည်ဆွဲက ကြော့ရှင်းလှပတဲ့ အထက်တန်းပစ္စည်းတစ်ခု သွင်ပြင်ကိုပေးစွမ်းနေတယ်။

အမှန်တကယ်လည်း ဒီရွှေအိုရောင် ပုလဲ‌က ပုလဲ အဆင်တန်ဆာတွေထဲမှာ အဓိကဘဲ။

အမျိုးသမီးတွေအားလုံး ရင်သပ်ရှုမော မဆုံးဖြစ်နေကြပြီ၊ ဒီလိုပုလဲ အဆင်တန်ဆာမျိုးကို သူတို့တစ်ခါမှ မမြင်တွေ့ဖူးဘူး၊‌ေတာ်ဝင်နန်းတော်က အဆင်တန်ဆာတွေတောင်မှ ဒါကို ယှဉ်န်ိုင်မှာ မဟုတ်လောက်ဘူး။

တစ်ခဏအတွင်းမှာဘဲ အမျိုးသမီးတွေအားလုံးက ဒီပုလဲတွေဆီမှာ ညှို့ယူခံလိုက်ရလို့ စကားတောင် မဆိုနိုင်ကြတော့ဘူး။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now