118(part 2)

1.1K 298 22
                                    

Unicode

စန်းလန်ရဲ့ မိန်းမလေးက နည်းနည်းလေး အပျင်းထူတတ်ပေမယ့် သူမရဲ့ လုပ်ဆောင်ချက်လေးတွေက သခင်ကြီးဟေး ဖြစ်စေချင်နေတာနဲ့ လုံးဝကိုက်ညီနေတယ်။

ဒါကြောင့် လာသမျှ‌ဧည့်သည်တွေ အားလုံးက ဒီမိန်းမငယ်လေး နှစ်ယောက်နား အုံနေကြတာတောင် သခင်မကြီးဟေးက တားမြစ်စကား တခွန်းမဆိုလာဘူး။

သခင်မကျိုးက အာရုံစိုက်မှုတွေကို သူမဆီ ပြန်ရောက်အောင်လုပ်ချင်ပေမယ့် သခင်မကြီးဟေးရှိနေလေတော့ ဘာမှ မလုပ်ရဲရှာဘူး၊ အံကြိတ်ပြီးတော့ဘဲ ဟန်မပျက်နေနေရတယ်၊ ဒါပေမယ့် ချူးလျန်ကို ကြည့်တဲ့ အကြည့်တွေထဲမှာတော့ မနာလိုမုန်းတီးမှုတွေ အပြည့်ဘဲ။

ဒီလေထုက သိပ်မကြာရှည်လိုက်ဘူး၊ သခင်မကြီးဟေးက မွေးနေ့ အချိန်ရောက်လာပြီဆိုတာ သိတော့ ဒီအမျိုးသမီးထုကြီးကို ဦးဆောင်ပြီး ကျင်းအန်းကတော်ရှိရာ ခြံဝန်းကို ခေါ်လာတယ်။

သူတို့တွေ ခြံဝင်းထဲ ဝင်ဝင်ချင်းဘဲ ကျင်းအန်ဆက်ခံသူ ဟေးချန်ကျီနဲ့ ဒုတိယသား ဟေးချန်ကျူကို တွေ့လိုက်ရတယ်။

တက်ရောက်တဲ့ ဧည့်သည်တွေ အားလုံးက ဒီလိုစုဝေးရတဲ့ တကယ့်ရည်ရွယ်ချက်ကို သိထားတယ် ၊ဒီတော့ သူတို့တွေ ဧည့်ခန်းထဲဝင်ဝင်ချင်း သခင်မတွေနဲ့ သခင်မလေးတွေရဲ့ အကြည့်တွေက ဒီအမျိုးသားနှစ်ယောက်ပေါ် ကျရောက်သွားတယ်။

မင်းသမီးတွမ့်ကျားက ချူးလျန်ဘေးကနေ လျှောက်ပြီး လိုက်ပါလာတယ်၊သူမ‌ေခါင်း‌ေလးက သစ်သားရုပ်ထုကြီးလို ဘယ်သူ့မှမကြည့်ဘဲ တည်တည်ကြီး ဖြစ်နေတဲ့ ဟေးအားလန်ကို ငဲ့ကြည့်မိသွားတယ်။

ဒါကိုမြင်တော့မှ သူမမျက်လူံးထဲမှာ ကျေနပ်အားရမှုလေး ဖြတ်ပြေးသွားတယ်။

ကျင်းအန်ကတော်က မင်္ဂလာရှိတဲ့ နီညိုရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးတော့ အပြင်ဝတ်ရုံကို အနီရောင်မြေခွေးသားမွှေးနဲ့ အနားသတ်ထားတယ်၊ စိမ်းပြာရောင်ကျောက်မျက် ခေါင်းစည်း အဆင်တန်ဆာကို သူမနဖူးပြင်ပေါ်မှာ ချထားတယ်၊ မျက်နှာကိုလည်း ပေါင်ဒါအနည်းငယ် လိမ်းခြယ်ပြီး ပုံမှန်နေမကောင်းဖြစ်နေတဲ့ မျက်နှာကို ဖုံးကွယ်ထားတယ်၊ဆောင်းရာသီ အဝတ်အထည်တွေရဲ့ ထူထပ်မှုက သူမရဲ့ ပိန်ပါးမှုကိုဖုံးကွယ်ပေးထားတယ်၊ ရုတ်တရက်ကြည့်လိုက်ရင် သူမက ပုံမှန် ကျန်းမာနေဆဲ မျိုးရိုးမြင့် သခင်မတစ်ဦးလိုဘဲ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now