141

1.3K 328 7
                                    

Unicode

ချူးလျန်လည်း ဟေးချန်ဒီရဲ့ ထူးထူးဆန်းဆန်းပုံကြီးကိုထိတ်လန့်ပြီး ဘေးနားမှာ ရှိတဲ့ လက်ဖက်ရည်ခွက်နဲ့ ကောက်ပေါက်လိုက်တယ်၊  ဟေးချန်ဒီက အင့်ခနဲ အသံထွက်သွားပြီးတော့ ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်၊ ဒီတော့မှ ချူးလျန်က ဘေးနားကို ပြေးပြီး နှာခေါင်းဖျားကို စမ်းကြည့်လိုက်တော့ ဟေးချန်ဒီက အသက်မရှုတော့ဘူး။

ချူးလျန်လည်း ကြောက်လန့်တကြီး အော်ပြီး ဖင်ထိုင်ရက် လဲကျသွားတယ်။

ဝမ်ချင်းက အခန်းထဲကနေ အော်သံကို ကြားလိုက်ရတော့ တံခါးကို တွန်းဖွင့်ပြီး အခန်းထဲ ဝင်လာတယ်။

ဝမ်ချင်း မြင်လိုက်ရတာက ချူးလျန်က ထိုင်လျက်နဲ့ အသက်ကို အငမ်းမရ ရှုရှိုက်နေတယ်၊ သူမ လက်တွေကလည်း စောင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး မျက်လုံးတွေက ငေးမောနေပုံက ဝမ်ချင်းကို အလန့်တကြားဖြစ်သွားစေတယ်။

ဝမ်ချင်းက စိုးရိမ်တကြီးနဲ့ အိပ်ရာနားထိသွားပြီး မေးလိုက်တယ် " တတိယသခင်မလေး ဘာဖြစ်လို့လဲ "

ချူးလျန်လည်း သူမရဲ့ အော်သံကြောင့် အပြင်ခန်းက ဝမ်ချင်းပါ လန့်နိုးသွားမယ်လို့ မထင်ထားမိဘူး၊ အိမ်မက်ကို ပြန်တွေးမိတော့ ရှုပ်ထွေးစွာနဲ့ဘဲ လက်ယမ်းပြလိုက်တယ် " ဘာမှ မဟုတ်ပါဘူး၊ ဒီတိုင်း အိမ်မက်ဆိုးမက်လို့ပါ "

ဝမ်ချင်းက ချူးလျန် ကြောက်လန့်နေပုံကို မြင်နေရတော့ သူမ နဖူးပြင်ကို စမ်းကြည့်လိုက်တယ်၊ ဒါက ချွေးတွေ ရွဲစိုးနေတာကို မြင်တော့ ချက်ချင်းဘဲ ခေါင်းအုံး အသစ်လဲပြီး ချူးလျန်ကို ပြန်လှဲလို့ရအောင် ကူညီပေးလိုက်တယ်၊ ဝမ်ချင်းက ချူးလျန် စိတ်သက်သာဖိူ့ စကားဆိုလာတယ် " တတိယသခင်မလေး ဒီရက်တွေမှာ အများကြီး ကြုံတွေ့ခဲ့ရတော့ နည်းနည်းလောက် ထပ် အနားယူပါအုံး၊ ဒီအစေခံက စွပ်ပြုတ်ချိုချိုလေး ယူလာပေးပါ့မယ် "

ချူးလျန် ခေါင်းညိမ့်ပြလိုက်တယ်၊ သူမ အိမ်မက်အကြောင်းကို ပြန်တွေးလိုက်ရင် ကြောက်စိတ်တွေက သူမ နှလုံးသားထဲ ရစ်ဝဲလာတယ်၊ ဒီတော့ တခြားအစားထိုးတစ်ခုခုကို တွေးနေမှ ဖြစ်မယ်။

Transmigrator meets reincarnator (mmtranslation)Kde žijí příběhy. Začni objevovat