133

1.2K 302 9
                                    

Unicode

ချူးလျန်ကတော့ သူမဘေးက လူက ဘာမှမပြောဘဲ  စိုက်ကြည့်နေတာကို မြင်တော့ သူမ ပြောတာတွေကို သိပ်မရှင်းလို့များလားလို့ထင်သွားတယ်။

ဒါနဲ့ သူမက ထပ်ပြီး ပြောလိုက်တယ် "လူကြီးမင်း ရှင့်ကို ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုက်ပါမယ်၊ ကျွန်မက လက်ထပ်ပြီးသွားပါပြီ"

သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ သူမက လက်ထပ်ပြီးပြီဖြစ်လို့ သူကသာ သူမအပေါ်
မရိုးမသားစိတ်တွေ ရှိနေရင် စွန့်လွှတ်လိုက်ပါပေါ့။

ဟေးစန်းလန်မှာတော့ သွေးအန်လုမတတ်ဘဲ၊စိတ်တိုလွန်းလို့ ခေါင်းထဲကို ဆူးနွယ်တွေ လာထိုးဖောက်နေသလိုကိုတဆစ်ဆစ်နဲ့ဘဲ၊ ဒါပေမယ့် ချူးလျန်က သူမရဲ့ လက်ထပ်ခြင်းကို အမှတ်ရနေသေးတယ်ဆိုတာကို မြင်တော့ နည်းနည်းတော့ စိတ်သက်သာသွားတယ်။

အနည်းဆုံးတော့ ဒီမာယာများတဲ့ မိန်းမက သူ့နေရာသူသိပြီး သူမရဲ့ အဆင့်အတန်းကို ထိန်းရကောင်းမှန်းသိသေးတာဘဲ၊ သူမက အခြားယောက်ျားကို သွေးဆောင်ပြီး သူ့ကို ဦးထုပ်စိမ်းဆောင်းပေးတာမျိုးတော့ မလုပ်ဖူးဘဲ။

သူစိတ်သက်သာရလို့ မကြာသေးခင်မှာဘဲ ချူးလျန်နောက်ထပ်ပြောလာတဲ့ စကားတွေကြောင့် သူမကို လည်ပင်းညှစ်ချင်စိတ်ပေါက်လာတယ်။

ချူးလျန်က စကားဆက်မပြောခင် တဖက်လူရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေသေးတယ်။

သူမက နေရခက်တဲ့ အနေအထားကြီးကို ပျောက်အောင် အသာလေးချောင်းဟန့်ပြီး ဆက်ပြောလာတယ်။

"ဒီလို အ‌ေခြအနေကြီးထဲကနေ ကယ်တင်ပေးလို့ ရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်၊ ရှင့်ရဲ့ ဝတ်စုံကို ကြည့်ရတာတော့ ရှင်က လျန်ကျိုး နယ်ခြားစောင့်တပ်ကဘဲဖြစ်လိမ့်မယ်၊ ကျွန်မ ယောက်ျားကလည်း အဲ့ ဒီမှာဘဲလေ၊ သူက ရှင့်ရဲ့ အထက်လူကြီးတောင် ဖြစ်နေမလား မသိဘူး၊ တကယ်လို့ ရှင်သာ ကျွန်မကို အခွင့်အရေးယူမှန်း သူသိသွားရင် ရှင့်လက်တွေကိုတောင် ဖြတ်ပစ်လိုက်လိမ့်မယ် "

ဟေးစန်းလန်ကတော့ စိတ်ထဲမှာ လှောင်ရယ်ရင်းနဲ့ တိတ်‌တိတ်လေး မှတ်ထားလိုက်ပြီ၊ တကယ်လို့ တယောက်ယောက်ကများ ဒီချူးလျန်ဆိုတဲ့ မိန်းမကို ထိရဲရင် အဲ့ယောက်ျားတွေရဲ့ လက်ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်မယ်၊ ဒါပေမယ့် ချူးလျန်ရဲ့ ဖြူဖွေးနေတဲ့ လက်ကလေးတွေက သူမရဲ့ အကျီစကို တင်းကျပ်နေအောင် ဆွဲကိုင်ထားတာကို မြင်တော့ သူ့အကြည့်တွေက ပြန်ပြီး အေးစက်သွားပြန်တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now