109 (part 1)

1.4K 272 2
                                    

Unicode

အဲ့လိုအခဲမကျေတာကြောင့်ဘဲ တခြားသခင်မလေးများနဲ့အတူဒီဆိုင်ဖွင့်ပွဲကိုလာခိုင်းဖို့ဘဲ ဒုတိယသခင်မဆီကိုမရမက ပူဆာခဲ့ရတယ်။

သခင်မယောင်လည်း အစကတော့ဆိုင်ဖွင့်ပွဲကိုအတူလိုက်ပါဖို့စီစဉ်ထားတာပါဘဲ ၊ဒါပေမယ့်မမျှော်လင့်ထားတဲ့ ပြသာနာလေးတေကပေါ်လာတော့ ယင်အိမ်တော်ရဲ့အကြီးမှူးတယောက်အနေနဲ့ အိမ်တော်ရဲ့ပြသာနာတေကိုဦးစားပေးဖြေရှင်းဖို့လိုတယ်လေ။

ဒါကြောင့်မို့ သခင်မလေး3ယောက်ကိုဘဲ ကိုယ်စားသွားခိုင်းလိုက်တော့တယ်။

3ယောက်ထဲကအကြီးဆုံးဖစ်တဲ့သခင်မလေးစုကို ရထားလုံးပေါ်မတက်ခင်ထိကိုညီမတေွကိုဂရုစိုက်ခေါ်သွားဖို့တဖွဖွမှာနေတော့တယ်။

ညီအစ်မသုံးယောက်ဆိုင်ကိုရောက်တော့ အချိန်က အရမ်းနောက်ကျလို့နေပြီ၊12နာရီကျော်သွားပြီဖစ်လို့ အမျိုးသားအစေခံတေွရော အမျိုးသမီးအစေခံတေွအားလုံးက အဝင်ပေါက်ကြိုဆို‌တဲ့နေရာကနေ အထဲကိုပြန်ဝင်သွားကြပြီ၊ချူးလျန်ရဲ့အတွေးထဲမှာလည်း ကြိုဆိုတဲ့အချိန်ကလည်းကျော်နေပြီဆိုတော့ ယင်အိမ်တော်ကနေ ဘယ်သူမှ မလာလောက်တော့ဘူးပေါ့။

ကြိုဆိုသူဘယ်သူမှ မရှိတော့တဲ့အချိန်မှာဘဲ ယင်အိမ်တော်ရဲ့ရထားလုံးက ဆိုင်အပေါက်ဝတည့်တည့်ကို‌ဆိုက်ရောက်လို့လာတယ်။

ရထားလူံးပေါ်ကနေမဆင်းခင်မှာဘဲ လှည်း‌မောင်းတဲ့လူကြီးက အသံကိုနှိမ့်ပြီး လျှောက်တင်တယ်"သခင်မလေးတို့ ကူလင်းစားသောက်ဆိုင်အဝင်ကပိတ်နေတယ်"
သခင်မလေးယွမ်ကတော့ သူမရဲ့မနာလိုမှုတေကိုဖုံးကွယ်ပြီး လိုက်ကာစကိုမတင်ကြည့်လိုက်တယ်။

ကူလင်းစားသောက်ဆိုင်ရဲ့အဝင်ဝမှာတကယ်ကိုလူတေနဲ့ပြည့်နှက်နေတယ်၊လမ်းတလျှောက်ပြည့်တဲ့အထိရှည်လျားတဲ့လူတန်းကြီးကတန်းစီနေကြတယ်။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မာလဲ!ဒီလိုစိတ်ပျက်စရာနေရာကြီးမှာဖွင့်တဲ့ဆိုင်က ဒီလောက်များတဲ့ဧည့်သည်တေရှိနိုင်ပါ့မလား?
သခင်မလေးစုလည်းဘဲ ဒီလိုထူးဆန်းနေတာကိုတွေ့သွားတော့တယ်၊သူမက လှည်းမောင်းတဲ့လူကြီးကို အဝင်ပေါက်နားမှာရှိတဲ့တယောက်ယောက်ဆီကိုမေးမြန်းစုံစမ်းဖို့ လွှတ်လိုက်တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now