116(part 1)

1.2K 294 14
                                    

Unicode

ချူးလျန်ရဲ့ ကမ်းလှမ်းတောင်းဆိုချက်က သခင်မကြီးဟေးမျှော်လင့်ထားတာ ထက်တောင်ပိုနေပြီ။ သူမ မျက်ဝန်းထောင့်ကနေ မျက်ရည်တွေမစိုလာခင် ခဏလောက် ကြောင်အမ်းအမ်းဖြစ်သွားသေးတယ်။

ကူလင်း စားသောက်ဆိုင်ရဲ့ တစ်လဝင်ငွေကို အကြမ်းဖျင်း သူမ သိထားပြီးပြီ။ မန်နေဂျာ ကျင်းဆိုတာ အရင်က သူမအစေခံတွေထဲက တစ်ဦး ဖြစ်ခဲ့တာဘဲလေ။

Dalangမိန်းမက မနာလိုနေလို့ ဒီလိုအကြံတွေ ထုတ်နေမှန်းလည်း သူမ သိတာပေါ့။သူမတို့ အိမ်တော် အခြေခိုင်ခိုင်နဲ့ ကြာရှည်ရပ်တည်ဖို့ဆို အတွင်းဆောင်က ငြိမ်းချမ်းပြီး ညီမျှနေမှ ဖြစ်လိမ့်မယ်။ ချူးလျန်က ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုလာကမ်းလှမ်းတော့ သခင်မကြီးဟေးမှာ အလွန် ဝမ်းမြောက်သွားတယ်။
တချိန်ထဲမှာဘဲ သခင်မကျိုး ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆိုတာတွေးမိပြီး တသသ ဖြစ်နေတော့တယ်။

နောက်ဆုံးတော့ သူမ ဆုံးဖြတ်ချက် ချလိုက်ပြီ
"စန်းလန်မိန်းမရေ မင်းက အဲ့လိုဆန္ဒရှိတယ်ဆိုမှတော့ အခုကစပြီး မင်း‌အမေရဲ့ ဆေးဖိုးတွေကို ပေးချေဖို့က မင်းတာဝန်ဖြစ်သွားပြီ၊ ဒါပေမယ့် လုပ်နိုင်သလောက်လေးဘဲ လုပ်ပါ ကိုယ့်ကို ကိုယ် အရမ်းကြီး တွန်းအားပေးမနေနဲ့ ၊နောက်ပိုင်း ပြသာနာတစ်ခုခုများ ကြုံလာရင် မင်းကို ကူညီဖို့ ဒီမိန်းမအိုကြီး ရှိနေတာကို မမေ့နဲ့"

ချူးလျန်ရဲ့ အယ်မွန်ပုံ မျက်ဝန်းလေးတွေမှာ ပြုံးရိပ်သန်းသွားတယ်၊ "ဒီမြေးမက နားလည်ပါပြီ၊ နောက်ဆို အကူညီလိုရင် အဘွားဆီလာဖို့ ရှက်မနေတော့ပါဘူး"

သခင်မကြီးဟေးက သခင်မကျိုးဘက်လှည့်ပြီး စကားမပြောခင် အတွေးထဲ တဝဲလည်လည် ဖြစ်နေသေးတယ်၊
"Dalangမိန်းမရေ ဒီနှစ်ပိုင်းမှာ အိမ်တော်ရဲ့ အခြေနေ ဒီလောက်ထိ ဖြစ်နေမှန်း ဒီမိန်းမအိုကြီးက မသိခဲ့ဘူး၊ ဒီတော့ ကိစ္စတွေအားလုံးကို မင်း ပုခုံးပေါ်ဘဲ လွှဲချထားမိတယ်၊ မင်းမှာလည်း ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ ကူညီဖို့ ဘဏ္ဍာထိန်း တစ်ယောက်မှ မရှိသေးဘူးမလား။ စန်းလန်မိန်းမလေး အတွက် မန်နေဂျာ တစ်ယောက်ပို့ပေးသလို မင်းအတွက်လည်း တစ်ယောက်ပို့လိုက်မယ်လေ၊ သူက အိမ်တော်ရဲ့ ဝင်ငွေထွက်ငွေကို စီမံတဲ့နေရာမှာ မင်းကို ကူညီပေးလိမ့်မယ်"

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now