113(part 1)

1.1K 268 15
                                    

Unicode

မျက်စိတစ်မှိတ်အတွင်းမှာဘဲ သဲပုံထဲထိ နစ်နေခဲ့တဲ့ ဒီစားသောက်ဆိုင်ဟောင်းရဲ့ နာမည်က မြို့‌တော်တစ်ခွင် ပျံ့နှံ့သွားတယ်။

ဆိုင်ဖွင့်ပွဲနေ့က သီဆိုခဲ့ကြတဲ့ 'သူရဲကောင်းတို့တေး' ဆိုတဲ့ သီချင်းကလည်း မြို့တော်ရဲ့ လမ်းမကြီးတွေနဲ့ လမ်းကြိုလမ်းကြားတွေပါမကျန် ပျံ့နှံ့သွားတယ်။
'ကြီးမားကျယ်ပြန့်တဲ့ မြစ်ချောင်းတွေက အရှေ့အရပ်ကိုစီးဆင်းတယ်' ဆိုတဲ့ ကလေးတွေရဲ့ သီချင်းဆိုသံကို လမ်းမပေါ်ဖြတ်သွားတဲ့ လူတိုင်းကြားနိုင်တယ်။

ကူလင်းစားသောက်ဆိုင်ရဲ့ သီးသန့်ခန်းတွေကတော့ ကျော်ကြားတဲ့ အရာရှိအိမ်တွေကြောင့် ဘိုကင်တွေကအပြည့်ဖြစ်နေဆဲဘဲ။ သီးသန့်ခန်းဈေးနှုန်းတွေကလည်း တဖြည်းဖြည်း မြင့်လာတယ်။ ဒါက ကူလင်းစားသောင်ဆိုင်က ဝင်ငွေပိုတိုးအောင် ကြံရွယ်နေတာကို စားသူံးသူတွေ သိကြပေမယ့် ဆက်ပြီးသုံးဖြုန်းဖို့ ဆန္ဒရှိနေကြတုန်းဘဲ။

အခြားတစ်ဖက်မှာလည်း ကူလင်းစားသောက်ဆိုင်ရဲ့ ပင်မဟောခန်းကျယ်ကို ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားတယ်။ ဟင်းလျာဈေးနှုန်းတွေကလည်း အတော်လေးသက်သာပြီး သင့်တော်တယ်။ ကံမကောင်းစွာနဲ့ဘဲ အဲ့နေရာမှာ ထိုင်ပြီး စားသုံးကြမယ့်အစား သီးသန့်ခန်းတွေကိုဘဲ လတိုင်း ပြိုင်ဆိုင်နေကြတယ်။

သီးသန့်ခန်းကိုလိုချင်နေတဲ့ အရေအတွက်က သီးသန့်ခန်းပမာဏထက် ကျော်လွန်သွားတာကိုတွေ့တော့ မြို့တော်က အိမ်တော်ကြီးတွေက ကူလင်းစားသောက်ဆိုင်ရဲ့ ဆိုင်ခွဲတွေထပ်ဖွင့်ဖို့ကို အသက်မရှူစတမ်းကို စောင့်ကြည့်နေကြတယ်။ဒါပေမယ့် ကူလင်းစားသောက်ဆိုင်ကတော့ တရားထိုင်နေတဲ့ ဘုန်းတော်ကြီးလို ဘာလှုပ်ရှားမှုအသစ်မှ ရှိမလာခဲ့ဘူး။ သီးသန့်ခန်းအရေအတွက်ကလည်း အရင်အတိုင်းတူညီနေဆဲဘဲ။

ညနေခင်းမှောင်ရီ မပျိုးခင် အချိန်မှာဘဲ ဆိုင်ပိတ်ချိန်ရောက်လာခဲ့တယ်။ မချင့်မရဲဖြစ်နေတဲ့ လူအုပ်ကြီးကတော့ ဟင်းလျာတွေကို မြည်းကြည့်ဖို့ စောင့်ဆိုင်းနေကြတုန်းဘဲ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now