114(part 1)

1.1K 278 21
                                    

Unicode

အကြီးတန်းအစေခံလျိုရဲ့ မျှော်လင့်တကြီး အမူအရာကိုမြင်ရတော့ ချူးလျန်ခမျာ စာကိုဖွင့်ဖတ်ရုံအပြင် မတတ်နိုင်တော့ဘူး။

မျှော်လင့်ထားတဲ့ အတိုင်း အထဲမှာ စာတွေမှ အထပ်လိုက်ဘဲ။ ချူးလျန်ဘာတွေကို မျှော်လင့်နေမိတာလဲ။
အရင်က ဟေးစန်းလန်ဆီက စာတစ်စောင်လေးမှ ကောင်းကောင်းရဖူးတာမဟုတ်ဘူး။ အရင်ကလို ဆိုးဝါးနေတဲ့ စုတ်ချက်တွေထက်စာရင် ဒီလို သူမဖတ်လို့ရအောင်ရေးပေးထားတာက ထူးခြားအံ့ဩဖွယ်ဘဲ။

ချူးလျန်က စာအိတ်ထဲက စာတစ်စောင်ကိုထုတ်ယူပြီး ဟေးစန်းလန်ရဲ့ ဆိုးဝါးလှတဲ့ လက်ရေးကိုဖတ်နိုင်ဖို့ မျက်လုံးလေး စွေကြည့်လိုက်တယ်။
ဒါပေမယ့် စာတွေကို ကြည့်မိသွားတော့ သူဒီတစ်ကြိမ်တော့ အမှန်တကယ် အားစိုက်ထားမှန်း သိသာတယ်။
စာရွက်ပေါ်က စုတ်ချက်တွေက လှပပြီး ခံ့ညားတယ် ၊တချိန်တည်းမှာဘဲ ထင်ရှားပြီး အားပြင်းနေပုံပေါ်တယ်။

"သို့ ချစ်လှစွာသော ဇနီး သခင်မချူး၊ ဒီစာလေးကို ကိုယ် အနားမှာ ရှိနေသလိုသဘောထားပြီး ဖတ်ပေးပါ။"

ချူးလျန်မှာ အံ့ဩပြီး မျက်လုံးတွေကို ပြူးကျယ်လာတယ်။ ဒါပေမယ့် စိတ်တည်ငြိမ်နေတဲ့ ပုံနဲ့ဘဲ ဆက်ဖတ်လိုက်လိုက်တယ်။

ဒီစာရွက်အထူကြီးတွေက အမှန်တကယ်ကို ရှစ်ရွက်တောင်ကျော်တယ်။ အစေခံလျိုက ဘာစာတွေရေးထားလဲဆိုတာ သေချာမမြင်ရပေမယ့် စာရွက်တစ်ခုစီမှာ စာလုံးတွေအပြည့်နဲ့ဆိုတာကိုတော့ သေချာကိုမြင်နေရတယ်။ သူမမျက်လုံးတွေမှာ အပျော်တွေနဲ့ ပြည့်သွားတော့တယ်။ကြည့်ရတာ တတိယသခင်လေးက သခင်မလေးကို ပြောစရာတွေ အများကြီး ရှိနေပုံရတယ်။

အပြင်က အစေခံတွေအားလုံးက ကန်းနေကြတာဖြစ်မယ်။ တတိယသခင်လေးနဲ့ သခင်မလေးတို့က တစ်ယောက်နဲ့ တစ်ယောက်မချစ်မြတ်နိုးကြဘူးလို့ ဘယ်လိုတောင်ပြောရဲကြတာလဲ? ဒီလက်ထပ်ပွဲကြောင့် မပျော်မရွှင်နဲ့ မြောက်ပိုင်းကိုထွက်သွားတာပါလို့ ဘယ်သူကများ ပြောရဲရတာလဲ?  ဒီစာအထူကြီးတွေကို ကြည့်ကြပါအုံး! တကယ်လို့ အဲ့လူတွေသာ ဒီလိုကောလဟာလတွေ ဆက်ဖြန့်နေရင် ဒီစာရွက်တွေနဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်မယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now