139

1.3K 299 8
                                    

Unicode

အမျိူးသားနှစ်ယောက် အပြန်အလှန်ပြောဆိုနေကြတုန်းမှာဘဲ ဂူဝင်ပေါက်နားမှာ ခြေသံတွေ ထွက်ပေါ်လာတယ်။

ဟေးချန်ဒီ မျက်လုံးတွေက ဂူပေါက်ဝကို စိုက်ကြည့်နေတာကို မြင်မှ ရှောင်ဟုန်ယုက တစ်ခုခုကို သတိရသွားတဲ့ ပုံနဲ့ သူခေါင်းသူ ပြန်ရိုက်လိုက်တယ်၊" ညီအစ်ကိုဟေး ငါမင်းကို ပြောဖို့မေ့နေတာ ၊မင်းမိသားစုရဲ့ တပ်သားတွေပါ ငါတို့နဲ့ အတူလိုက်လာတယ်၊ ဒါ သူတို့တွေ ရောက်လာကြတော့တာဖြစ်မယ်"

သူ့စကားဆုံးတာနဲ့ မိုချန်ကွေ့ ဦးဆောင်တဲ့ တပ်ဖွဲ့တစ်စုက ဂူထဲကို ဝင်လာတယ်။

မိုချန်ကွေ့က ဟေးစန်းလန်ကို မြင်တာနဲ့ သူ့ သခင်ငယ်‌လေးနားကို အပြေးရောက်လာတယ်၊ သူက ချက်ချင်းဘဲ ဦးညွှတ်ပြီး ပြောလာတယ် " တတိယသခင်လေး ဘေးကင်းတယ်ဆိုမှတော့ ဒီအစေခံအိုကြီး စိတ်သက်သာပါပြီ"

အနောက်နားမှာ ရှိနေတဲ့ ချူးလျန်ကတော့ ထိတ်လန့်လွန်းလို့ သေတော့မလိုဘဲ။

သူမစိတ်ထဲ စကားတခွန်းထဲကို ထပ်ထပ်ခါ ဆိုနေမိရင်းနဲ့ မျက်လုံးတွေ ပြူးကျယ်ပြီး နှုတ်ခမ်းတွေတောင် တဆတ်ဆတ်တုန်နေတယ် ' ဒီမုတ်ဆိတ်တွေနဲ့လူကြီးက ဟေးစန်းလန်တဲ့ !'

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

သူမက ဟေးချန်ဒီကို လှမ်းကြည့်နေရင်းနဲ့ နှလုံးခုန်တွေတောင် မြန်လာတယ်၊သူမ စိတ်တွေ ယောက်ယပ်ခတ် တုန်လှုပ်ပြီး အမှန်တရားကို ငြင်းဆန်ချင်နေပေမယ့်လည်း ချူးလျန် တစ်ခုတော့ သေချာနားလည်လိုက်တယ်။

ဟေးစန်းလန်ရှေ့မှာ လုပ်ခဲ့တဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေနဲ့ သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံခဲ့တာတွေက သူမကို သူမ ကျင်းတူးပြီး မြုပ်ဖို့လုပ်ခဲ့သလိုဘဲ။

ဒီအတွေးတွေ သူမစိတ်ထဲ ဖြတ်ဝင်လာတော့ ဟစန်းလန်ကို ဆက်မကြည့်နေရဲတော့ဘူး၊ ဒီယောက်ျားက အားလုံးကို ကြိုသိထားရက်နဲ့ ရည်ရွယ်ချက်ရှိရှိ သူမကို အရူးလုပ်နေခဲ့တာဘဲ၊ ဒါ ..ဒါကြီးက လုံးဝကို အရှက်မရှိတာဘဲ။

ဒေါသထွက်လွန်းလို့ ချူးလျန်ရင်ဘက်က နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး မျက်နှာတပြင်လုံး နီရဲတက်နေတယ်၊ ဒါပေမယ့် ဒါကို လူတွေ အားလုံးရှေ့မှာ ထုတ်ပြောလို့ မရနိုင်ဘူး။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now