122(part 1)

1.1K 291 10
                                    

Unicode

"သခင်မကျိုးရဲ့ နာမကျန်းမှုကို တကြိမ်ထဲနဲ့ အရှင်းပျောက်ချင်တယ်ဆိုရင် ‌ပါဝင်ပစ္စည်း တစ်မျိုးလိုတယ်၊ ဒါပေမယ့် အဲ့ဒီဆေးပင်က မြောက်ပိုင်း အစွန်အဖျားက တောင်တန်းတွေပေါ်မှာဘဲ ပေါက်ရောက်တယ်"

ဆေးဆရာMiaoလိုအပ်နေတဲ့ ဆေးပင်က တောင်မြင့်ဒေသပေါက်ပင် တစ်မျိုး ဖြစ်တယ်၊ ဒါက ရှားပါးလှတဲ့ တောင်မြင့်ဒေသပေါက်ပင်ဖြစ်ပြီး နှင်းတောင်မြူခိုးပင် လို့ခေါ်တယ်၊ဒီအပင်တွေက ‌နှစ်တနှစ်ရဲ့ အအေးဆုံး အချိန် နှင်းတွေ ဖုံးလွှမ်းနေတဲ့ တောင်ထိပ်တွေမှာဘဲ ပေါက်ရောက်တယ်၊ ပန်းပွင့်လာရင်လည်း နှစ်ရက်ကနေ သုံးရက် အတွင်းမှာဘဲ ညှိုးနွမ်းသွားလေ့ရှိတယ်၊ဆေးဝါးအနေနဲ့ သုံးနိုင်ဖို့ဆို အပွင့်မညှိုးခင် အချိန်မှီခူးဖို့ လိုတယ်၊ မဟုတ်ရင် ဒီဆေးပင်က အသုံးမဝင်နိုင်တော့ဘူး။

အပင်တည်ရှိတဲ့နေရာက ဝူအင်ပါယာနဲ့ တုဟွန်းနယ်စပ်က အားမင်တောင်တန်းဘဲ။

နောက် သုံးလလောက်နေရင် အားမင်တောင်ပေါ်က နှင်းတောင်မြူခိုးပန်းတွေ စပွင့်ဖို့ အချိန်ဘဲ။

ဒီဆေးပင်က ရရှိဖို့ ခက်ခဲပြီးတော့ ဘယ်သူမှ ဒီအပင်ရဲ့ အသုံးပြုပုံကို မသိကြဘူး ၊ဆေးဆရာ တော်တော်များများလည်း ဒီအပင်ရဲ့ အသုံးဝင်ပုံကို မသိကြတော့ ဈေးကွက်ထဲမှာ ရှာဖို့ မဖြစ်နိုင်ဘူး။

ဆေးဆရာMiaoတောင်မှ ငယ်စဉ်က နယ်လှည့် ခြေဆန့်ရင်းနဲ့ မတော်တဆ ‌ဒီဆေးပင်အကြောင်းကို သိရှိခဲ့တာ။

ဆေးဆရာMiaoက ဧည့်ခန်းထဲမှာ စုဝေးနေကြတဲ့ ဟေးမိသားစု‌ဝင်တွေကို ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုက်တယ်၊ ကျင်းအန်ကတော်ကို ကုသဖို့က ဆက်ပြီး အချိန်ဆွဲနေလို့မဆင့်တော့ဘူး၊ သူက သူမရဲ့ ကျန်းမာရေးကို ဆေးနဲ့ ထိန်းထားပေးရင်တော့ ကျင်းအန်ကတော်က နောက်2နှစ်လောက်ထိ အသက်ရှည်လိမ့်မယ်၊ တကယ်လို့ သူတို့ကသာ ဒီဆေးပင်ကို 2နှစ်အတွင်း ရှာမတွေ့နိုင်ဘူးဆိုရင်တော့ သူလည်း ဘာမှ မလုပ်ပေးနိုင်တော့ဘူး။

ဆေးဆရာMiaoက အ‌ေခြနေအရပ်ရပ်ကို ရှင်းပြပြီးတာနဲ့ ‌ကျင်းအန်ကတော်အတွက် ဆေးစာ ရေးပေးဖို့ ဧည့်ခန်းထဲက ထွက်လာခဲ့တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now