109(part 2)

1.3K 256 8
                                    

Unicode
သခင်မလေးစုက မျက်နှာတင်းတင်းထားပြီးဆက်ပြောလိုက်တယ်"ညီမ7 ၊ပြသာနာရှာနေတာတော်လိုက်တော့၊ဒါယင်အိမ်တော်မှာမဟုတ်ဘူး၊ ကိစ္စတေကိုကြီးကျယ်အောင်မလုပ်စမ်းနဲ့"
သခင်မလေးဖူကပါ သရော်တဲ့အကြည့်နဲ့ကြည့်ပြီးဝင်ပြောလိုက်တယ်"အစ်မ5ပြောတာမှန်တယ်၊နင့်ရဲ့မဆင်မခြင်အပြုအမူကြောင့်ငါတို့ပါသိက္ခာမကျစေနဲ့"
သခင်မလေးယွမ်ရဲ့စိတ်အခြေနေက ကူလင်းစားသောက်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ရဲ့ဆန်းသစ်လှတဲ့အပြင်အဆင်တေကိုမြင်ကတည်းက ဆိုးဝါးနေတာဖြစ်တယ်။အခုလိုသူမရဲ့ညီအစ်မနှစ်ယောက်ကပါ သူမကိုဆူပူလာတော့ မျက်နှာမှာဒေါသထွက်လွန်းလို့ပေါက်ထွက်မတတ်ကိုဖစ်နေပြီ။
ဒါပေမယ့်အခုအခြေနေမှာ သူမဘက်ကဘယ်သူမှရှိမနေဘူး။
ဒါအပြင်ကျင်းရှီဆိုင်မှာဖစ်ခဲ့တဲ့အဖြစ်အပျက်ပြီးကတည်းက သူမဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာနည်းနည်းတော့ပိုသိလာပြီလေ။
ဒါကြောင့်မို့ သူမရဲ့လက်ကိုင်‌ပဝါစကိုဖိချေပြီးတော့ဘဲဒေါ‌သတေကိုဖြေလျော့နေလိုက်တော့တယ်။ တချိန်တည်းမှာဘဲ ဒေါသတေကိုဘယ်လိုပြန်ချေပရမလဲကိုပါတွေးတောနေလိုက်တယ်။
ဘယ်လိုဖြစ်ဖြစ် သူမက ချူးလျန်ကိုဟာသဖစ်အောင်လုပ်ဖို့‌ဒီနေရာကိုလာခဲ့‌တာလေ။ဘယ်လိုလုပ်ချူးလျန်ကိုလွယ်လွယ်နဲ့လွှတ်ပေးနိုင်ပါ့မလဲ။
သူမရဲ့အစေခံတေထဲကတယောက်ကိုတိတ်တိတ်လေးခေါ်ပြီး အပြင်ကအစားအစာ‌ေသတ္တာကိုယူလာဖို့ခိုင်းလိုက်တယ်။
ခဏ‌ကြာတော့ ကူလင်းစားသောက်ဆိုင်ရဲ့ အမျိုးသမီးအစေခံတစ်ဦးကပူပူနွေးနွေးလက်ဖက်ရည်ခွက်လေးတေကိုသယ်ဆောင်လာတယ်။
လက်ဖက်ရည်မှာ ထူးကဲလှတဲ့အနံ့ရှိပြီးတော့ ခွက်ရဲ့အပေါ်ကနေတောင်အငွေ့တလူလူထနေတယ်။
ယင်အိမ်တော်ကဘယ်လိုဘဲနိမ့်ကျနေပြီဖစ်ပေမယ့်လို့ ငတ်မွတ်နေတဲ့ကုလားအုတ်က မြင်းတစ်ကောင်ထက်တော့ပိုကြီးမားနေတုန်းဘဲလေ။
သူတို့ကငယ်ရွယ်စဉ်ကတည်းက ဂရုတစိုက်ပျိုးထောင်ခံလာရသူတေဖစ်လို့ အနံ့ရလိုက်တာနဲ့ ဒါကမြောက်ပိုင်းဖူကျန်းရဲ့ လက်ဖက်ခြောက်နဲ့ဖျော်ထားတာမှန်း ခွဲခြားနိုင်ကြတယ်။
စန်ချာဖျော်နည်းက ဝူမင်းဆက်မှာ အရမ်းခေတ်စားနေပေမယ့်လည်း လက်ဖက်ရည်တေကိုသူတို့ထွက်ရှိတဲ့ဒေသကိုလိုက်ပြီးတော့ အမျိုးအစားတေအများကြီးထပ်ခွဲထားသေးတာပေါ့။
မြောက်ပိုင်းဖူကျန်းရဲ့ လက်ဖက်ရည်က အဓိက‌လက်ဖက်ရည်အမျိုးအစားတေထဲက တခုအပါဝင်ဖစ်တယ်။
၎င်းမှာ သာမန်အမျိုးအစားနဲ့ အဆင့်မြင့်အမျိုးစားဆိုပြီး နှစ်မျိုးခွဲခြားထားတယ်။ ဒါပေမယ့် လက်ဖက်ရည်ဖျော်နည်းကိုကျွမ်းကျင်နေတဲ့ပညာရှင်သာမဟုတ်ရင် ဒီနှစ်မျိုးကိုဘယ်လိုမှခွဲခြားနိုင်မှာမဟုတ်ဘူး ။
ယင်အိမ်တော်ကသခင်မလေးတေကလည်းဒါက ဘယ်လိုစန်ချာမျိုးလည်းဆိုတာ ကောင်းကောင်းကြီးခွဲခြားနိုင်ကြတာပေါ့ ။ဒါပေမယ့် ဒါနဲ့ပတ်သတ်ပြီး ဘာမှထွေထွေထူးထူးမပြောခဲ့ကြဘူး။ ချူးလျန်သာဒီနေရာမှာရှိနေရင်လည်း ဒါရဲ့အရည်အသွေးကိုသေချာခွဲခြားနိုင်မာဘဲ။
သခင်မလေးယွမ်က တချက်အနံ့ရှူကြည့်ပြီးပြောလိုက်တယ်"အစ်မ6က စားသောက်ဆိုင်တောင်ဖွင့်နိုင်နေပြီဘဲကို သူ့ညီအစ်မတေဖို့ ဒီလိုလက်ဖက်ရည်‌ေလး‌ေလာက်ဘဲ ဧည့်ခံဖို့ တွန့်တိုနေပြီလား?"
လက်ဖက်ရည်ဗန်းကိုသယ်လာတဲ့ အမျိုးသမီးအစေခံလေးခမျာ ရှက်ကိုးရှက်ကန်းဖစ်ပြီး မျက်နှာတေပါနီရဲလာတော့တယ်။ ဘာမှတောင်ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာတချိန်လုံးငုံ့ထားလိုက်တယ်။
အစေခံလေးရဲ့လက်တေ တဆက်ဆက်တုန်နေတာကို သခင်မလေးယွမ်က သတိပြုမိတော့မှဘဲ နေရတာပိုအဆင်ပြေလာသလိုခံစားလိုက်ရတယ်။ ဒါနဲ့ သူမရဲ့အစေခံဖက်ကိုလှည့်ပြီး အမိန့်ပေးလိုက်တယ် "ငါ့အတွက် လက်ဖက်ရည်နှပ်လိုက်"။
သူမရဲ့အစေခံကလည်း မထီမဲ့မြင်အမူရာမျိုးနဲ့ ကြွေထည်သေတ္တာကို ဖြည်းဖြည်းချင်းယူဆောင်လာတယ်။
ပြီးတော့ အဲ့သေတ္တာကို သခင်မလေးစုနဲ့ သခင်မလေးဖူရှေ့မှာ ရည်ရွယ်ချက်ရှိရှိ ချထားလိုက်တယ်။
သခင်မလေးစုက မျက်မှောင်ကြုတ်မိသွားတယ် ။ဒါက အကောင်းဆုံးစန်ချာတေရှိတဲ့ ကျန်းရှန်လက်ဖက်ရည်သေတ္တာမှန်း သူမသေချာပေါက်ပြောရဲတယ်။
နှစ်တိုင်းမှာ မြို့စားအိုယင်က ဒီလိုကောင်းမွန်လှတဲ့လက်ဖက်ရည်သေတ္တာနှစ်လုံးစီ လက်ဆောင်ရတယ်။လွန်ခဲ့တဲ့နှစ်က သခင်မယင်က အဲ့ထဲက တစ်လုံးကို ဒုတိယအိမ်တော်ခွဲကို ပေးအပ်လိုက်တယ် ။ဒါပေမယ့်ဒီဟာက ညီမယွမ်ရဲ့လက်ထဲကိုရောက်နေလိမ့်မယ်လို့ သူမမထင်ခဲ့မိဘူး။
ဒါရဲ့နောက်ကွယ်က အကြောင်းအရာတေကိုသူမဘယ်လိုလုပ်သိနိုင်မှာလဲ။ ညီမယွမ်က ချူးလျန်ကိုမျက်နှာပျက်‌ရအောင်လို့စိတ်ပိုင်းဖြတ်ပြီး ဒါမျိုးတေပါပြင်ဆင်လာခဲ့တာဘဲ။ မိဘတေနဲ့လည်း အချေအတင်ပြောပြီး တောင်းခံခဲ့တာမျိုးမရှိဘူးဆိုတော့ ဒါကိုသူမခိုးယူလာတာဘဲဖစ်လိမ့်မယ်။
သခင်မလေးဖူလည်းတကယ်ကိုအံ့ဩသွားတယ်။ဒါပေမယ့် ငြိမ်ငြိမ်လေးနဲ့ဘဲထိုင်နေပြီး ဆက်ကြည့်နေလိုက်တယ်။
"ညီမယွမ်၊ နင်...."သခင်မလေးစုက တခုခုဝင်ပြောဖို့ပြင်လိုက်တယ် ။ဒါပေမယ့် သူမမပြောရသေးခင်မှာဘဲ သခင်မလေးယွမ်က ဖြတ်ပြောလိုက်တယ်။
"ဘာမှားနေလို့လဲ ၊အစ်မ5 ၊သူတို့ကသူတို့ရဲ့ဧည့်သည်တေကိုဘယ်လိုဆိုးဆိုးဝါးဝါးဆက်ဆံလဲဆိုတာကို ကြည့်အုံးလေ၊ ငါကဘာလို့ ကိုယ့်လက်ဖက်ရည်နဲ့ကိုယ်မသောက်နိုင်ရမာလဲ"
ဘယ်လိုဆိုးဝါးလိုက်တဲ့အပြုအမူလဲ? သခင်မလေးယွမ်က ဘာမဟုတ်တဲ့ ပြသာနာလေးကို အစပြုပြီးတော့ ခြတောင်ပို့လေးကို တောင်ကြီးဖစ်သွားအောင်လုပ်ချင်နေတာဘဲ။
သူမရဲ့အစေခံက ကူလင်းစားသောက်ဆိုင်ရဲ့ အမျိုးသမီးအစေခံကို လက်ဖက်ရည်ဖျော်ဖို့ပစ္စည်းကိရိယာတေတောင် တောင်းဆိုလိုက်သေးတယ်။ပြီးတော့ အခြားအစေခံတစ်ဦးက မုန့်သေတ္တာကိုပါ ဖွင့်လိုက်သေးတယ်။ အကြီးတန်းအစေခံကျုံး မုန့်ယူလာမှာကိုတောင်မစောင့်တော့ဘဲနဲ့ ဒုတိယအစေခံက ပန်ကန်ပြားတေကိုထုတ်ပြီး အထူးပြုလုပ်ထားတဲ့မုန့်တေထည့်ကာ စား‌ပွဲပေါ်မှာ တည်ခင်းလိုက်တယ်။
ဒီတစ်ကြိမ်တော့ သခင်မလေးဖူပါ ပါဝင်လာပြီ ။
သခင်မလေးစုကတော့ မယုံနိုင်တဲ့အကြည့်တေနဲ့ဘဲ သခင်မလေးယွမ်ကိုစိုက်ကြည့်နေမိတယ်။
‌ဒီမုန့်တေက De'an စားသောက်ဆိုင်‌ကမုန့်တေဆိုတာ သူတိူ့သေချာပေါက်သိတာပေါ့။ပြီးတော့ ပန်းကန်ပြားတေကရောဘဲ မြို့တော်ရဲ့အဆင့်အတန်းမြင့်သူတေမှသုံးတဲ့ ကြာပန်းပုံ‌သဏ္ဍာန်ရေးဆွဲထားတဲ့ အကောင်းဆုံးပစ္စည်းတွေလေ။သေချာတာတော့ ဒါတွေက လုံးဝဈေးမပေါဘူးဆိုတာဘဲ။ ဒီပစ္စည်းတေထည့်ထားတဲ့ သေတ္တာငယ်လေးက ငွေတုံး 10တုံးထက်ကိုပိုဈေးကြီးလောက်တယ်။
ယင်အိမ်တော်ရဲ့သခင်မ‌ေလေးတေဖြစ်ပေမယ့် သူတို့ရဲ့လစဉ်အသုံးစရိတ်ကတောင်မှ ငွေ10တုံးထိ မရဘူးလေ။
ဒီတစ်ခါတော့ ညီမယွမ်က ဘယ်လိုပရိယာယ်တေများသုံးခဲ့လဲမသိဘူး။
သခင်မလေးယွမ်က သူမရဲ့ညီအစ်မတေရဲ့ထူးဆန်းနေတဲ့အကြည့်ကြောင့်နှုတ်ခမ်း ထောင့်လေးကွေးညွှတ်နေအောင်ပြုံးပြီးတော့ပြောလိုက်တယ်"ဘာလို့ကြောင်ကြည့်နေကြတာလဲ၊ဒီကိုလာစားကြလေ ၊ငါဒီမုန့်တွေကို De'an စားသောက်ဆိုင်ကနေရလာခဲ့တာ ၊ယင်အိမ်တော်မှာတောင်ဒါမျိူးတေစားဖို့လွယ်တာမဟုတ်ဘူး"
သခင်မလေးစုရဲ့မျက်နှာထားကပိုတင်းမာလာပြီးတော့ သခင်မလေးယွမ်ကိုသတိပေးစကားပြောလိုက်တယ်"ညီမ 7၊ငါတိူ့က ဒီကိုဂုဏ်ပြုစကားလာပြောတာကိုလည်း သတိရအုံးနော်"
သခင်မလေးယွမ်ကအရေးမစိုက်ဘဲ ကွေ့ဟွားမုန့်ချိုတစ်ခုကိူကောက်ယူပြီးပြောလိုက်တယ်" အစ်မ5ကဘာတေပြောနေတာလဲ၊ ညီမက ဒီမှာ ဘာတေများလုပ်နေမိလို့လဲ?"
အကြီးတန်းအစေခံကျူံးလွှတ်လိုက်တဲ့ အစေခံငယ်လေးက ယင်အိမ်တော်ကလူတေရောက်နေ‌ေကြာင်း ချူးလျန်ကိုလာအကြောင်းကြားတဲ့အခါ ချူးလျန်က သခင်မယန်နဲ့ တော်ဝင်မင်းသမီးတွမ့်ကျားတို့နဲ့အတူရှိနေတယ်။
မင်းသမီးတွမ့်ကျားက ဒါကိုကြားတော့ ချူးလျန်ဘက်ကိုလှည့်မေးလိုက်တယ်၊"သူတို့ကဘာလာလုပ်ကြတာလဲ"
ချူးလျန်ကပြုံးဘဲ ပြုံးနေပြီး ဘာမှပြန်မဖြေလိုက်ဘူး။မင်းသမီးတွမ့်ကျားက ယင်အိမ်ကသခင်မလေးတေကိုအမြင်မကြည်ဘူးဆိုတာ သူမသိတာပေါ့။ပြီးတော့ သခင်မယန်ကလည်းထုံးတမ်းစဉ်လာတေကိုသိပ်အရေးစိုက်တတ်တဲ့သူမဟုတ်တော့ သူမနဲ့အတူသွားဖို့မခေါ်တော့ဘူး။ ဒါနဲ့ သူမရဲ့ယင်အိမ်ကလူတေနဲ့သွားတွေ့ဆုံနေချိန်မှာ သခင်မယန်နဲ့ဆက်ပြီး စကားစမြည်ပြောနေဖို့ မင်းသမီးတွမ့်ကျားကိုအကူညီတောင်းခဲ့လိုက်တယ်။
သွားတဲ့လမ်းမှာဘဲ အကြီးတန်းအစေခံကျုံးနဲ့တွေ့တော့တယ်။ အစေခံကျုံးက အစကတော့ ချီတုံချတုံဖစ်နေပြီးမှ လက်ရှိအခြေနေကိုချူးလျန်ကိုအကုန်တင်ပြလိုက်တော့တယ်။ ချူးလျန်က အစေခံကျုံးနောက်မှာရှိနေတဲ့ မုန့်တေသယ်ထားတဲ့အစေခံလေးကိုကြည့်ပြီး ပြုံးလိုက်တယ်"သူတို့က အရေးမစိုက်ဘူးဆိုရင်တောင် ငါတို့က ဖြစ်ကတတ်ဆန်းပြုမူလို့မဖြစ်ဘူး၊ မိုမို ဒီမုန့်တေကို တနည်းနည်းနဲ့ရောက်အောင်ပို့ရမယ်"
အစေခံကျုံးလည်း ယင်အိမ်က သခင်မလေးတေရဲ့အပြုအမူကို မနှစ်မြို့ပေမယ့်လည်း ချူးလျန်က ဒီလိုအမိန့်ပေးလာတော့ မနာခံလို့မရတော့ဘူး။
ဒါနဲ့ဘဲ ချူးလျန်ရဲ့နောက်ကနေ လိုက်ပြီး အမိန့်ကိုနာခံလိုက်တယ်။
ချူးလျန်က ဒါကိုမြင်တော့ တကယ်စိတ်ကျေနပ်သွားတယ်။ဟေးစန်းလန်က ဒီမိုမို 3ယောက်ကို သူမကိုစောင့်ကြည့်ဖို့ ချန်ထားခဲ့ပေမယ့် ဒီသုံးယောက်က သူမအတွက် အရမ်းအသုံးဝင်နေတယ်လေ။
ချူးလျန်ဟောခန်းကျယ်ထဲကိုဝင်ဝင်လာချင်းဘဲ အစေခံတစ်ဦးက အကြောင်းကြားလိုက်တယ်။
ချူးလျန် အခန်းငယ်လေးရဲ့ ဧည့်ခန်းထဲကိုဝင်ဝင်ချင်းဘဲ သူမရဲ့ညီအစ်မတွေက သူမကိုမတ်တပ်ရပ်ပြီးကြိုဆိုလိုက်ကြတယ်။ဒါပေမယ့် သခင်မလေးယွမ်ကတော့ စား‌ပွဲပေါ်က ပစ္စည်းတေကိုပြသဖို့ရည်ရွယ်ချက်ရှိရှိနဲ့နောက်ဆုတ်ရပ်လိုက်တယ်။
ချူးလျန်က စားပွဲကိုတချက်ကြည့်ပြီးစိတ်ထဲမှာတော့လှောင်ရယ်လိုက်တယ်။ဒီတစ်ယောက်က ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာ တာမဟုတ်ဘူးဆိုတာ သူမ သိထားသားဘဲ ။ တကယ်လို့ အိမ်တော်နှစ်ခုကြားကချည် နှောင်ထားတဲ့ငြိမ်းချမ်းရေးလေးကြောင့်သာမဟုတ်ရင် ယင်အိမ်တော်ကိုဖိတ်စာတစောင်မှကိုပို့ပေးမှာမဟုတ်ဘူး။
သခင်မလေးစု စကားစပြောတာကိုတောင်မစောင့်နိုင်ဘဲနဲ့ သခင်မလေးယွမ်ကထေ့ငေါ့ပြီး စပြောလိုက်တယ်" အစ်မ6ကဒီနေ့တကယ်ကိုအလုပ်များနေတာ ဖစ်ရမယ်။ အစ်မရဲ့ သွေးရင်းညီအစ်မတေကိုတောင်ပစ်ပယ်ထားတယ်။ ဘယ်လိုဂုဏ်သရေရှိဧည်သည်တေကိုများ ဧည့်ခံနေရလို့လဲ။ ဘာလို့သူတို့ကို ညီမတို့နဲ့ ရင်းနှီးစေဖို့ မိတ်မဆက်ပေးရတာလဲ?"
ယင်အိမ်တော်က သခင်မလေးတေလည်း ချူးလျန်နဲ့ မင်းသားဝေအိမ်တော်ရဲ့ရင်းနှိးမှုကိုတစွန်းတစ ကြားဖူးထားကြတယ်လေ။ သခင်မလေးယွမ်ရဲ့ မျက်လုံးထဲမှာတော့ ချုးလျန်ရဲ့ အမျိုးသမီးကျင်းယီဘွဲ့က မင်းသမီးတွမ့်ကျားကို ကပ်ဖားလို့ရလာတာလို့ဘဲ ထင်မြင်နေတယ်။
သူမဘယ်လိုလုပ်သဝန်မတိုဘဲနေလို့ရမှာလဲ။
ချူးလျန် လက်မထပ်ခင်က သူမစိတ်တိုင်းကျ အနိုင်ကျင့်လို့ရခဲ့တယ်လေ။ဒါပေမယ့် ချူးလျန်က ကျင်းအန်အိမ်တော်နဲ့ လက်ထပ်ပြီးသွားတော့ သူမရဲ့ ဘဝက ချက်ချင်းပြောင်းလဲသွားတယ်။ ချူးလျန်က ဘဝကို‌အေးအေးချမ်ချမ်း နေရတာကို မြင်နေရတာ သူမအတွက်တော့သဲကြမ်းတေကိုဝါးစားနေရသလိူ ဒေါသထွက်စရာကောင်းတယ်လေ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now