112(part 2)

1.2K 273 7
                                    

Unicode

ဒီလူအုပ်ကြီးရဲ့အာရုံကို ဆွဲဆောင်ဖို့အတွက် စောစောက မန်နေဂျာကျင်းပြောထားတာတွေက ချဲ့ကားပြောထားတာ မဟုတ်ဘူးဘဲ။ အနောက်ဘက်ဈေးမှာ 10နှစ်ကျော်ကြာ တိမ်မြုပ်နေခဲ့တဲ့ ဒီစားသောက်ဆိုင်ဟောင်းရဲ့ နာမည်က တဖန်ပြန်ပြီး ထွန်းလင်းလာတော့မှာကို သူယုံကြည်နေပြီ။

ဦးလေးဝမ်လည်း မြို့တော်ကို မကြာခင်ပြန်လာမယ့်သူ့သူငယ်ချင်းတွေကိုတောင် ပြန်အမှတ်ရမိသွားတယ်။ အဲ့လူအိုကြီးတွေသာ ဒီဟင်းလျာတွေကို မြည်းကြည့်ပြီး သွားရင် စွဲလမ်းသွားမှာ သေချာသလောက်ဘဲ။

သူ အသိစိတ်ပြန်ကပ်လာတော့ စားပွဲပေါ်က ဟင်းခွက်တွေက ဟိုတစ်စု ဒီတစ်စု ပျံ့ကြဲနေပြီ။သူကတော့ ညာဘက်လက်ထဲမှာ တူကို ကိုင်ရက်နဲ့ကြောင်အမ်းအမ်းဖြစ်နေမိတုန်းဘဲ။ဟင်းတွေအားလုံးက လုံးဝကို ကုန်စင်သွားပြီ ။ အချို့ဧည့်သည်တွေက ဟင်းရည်အကျန်လေးတွေကို ပန်းကန်လုံးထဲ လောင်းထည့်ပြီးတော့တောင် ထမင်းနဲ့ တွဲစားနေကြတယ်။

"ကောင်းလိုက်တာ ငါနေထိုင်လာခဲ့တဲ့ နှစ်သုံးဆယ်လူံးလုံး ဒီလိုအရသာရှိတာမျိုး တစ်ခါမှ မစားဖူးဘူး" အင်္ကျီခပ်တိုတို ဝတ်ထားတဲ့ ပုပုဝဝသက်လတ်ပိုင်း လူကြီးတစ်ဦးက ကြေကွဲနေတဲ့ပုံနဲ့ ပြောလိုက်တယ်။

ဦးလေးဝမ်က စိတ်ဆိုးမာန်ဆိုးနဲ့ တူကိုဆောင့်ချလိုက်တယ်။ ပြီးတော့ ‌ယဉ်ကျေးမှုမရှိဘဲ အငမ်းမရစားနေတဲ့ လူအုပ်ကြီးကို ဒေါသတကြီး ကြည့်လိုက်မိတယ်။ ပြီးမှ တကယ်လို့သူသာ ‌အတွေးထဲ မြောမနေခဲ့ဘူးဆိူ သူလည်း အဲ့လူတွေလို လုပ်မိမာဘဲလို့ တွေးမိသွားတယ်။ဦးလေးဝမ်လည်း အဲ့လူဝကြီးနဲ့ အတွေးအတူတူဘဲ။ အဲ့လူကြီးရဲ့ နှစ်သုံးဆယ်နဲ့ ယှဉ်မိတော့ ၊ဦးလေးဝမ်က သူ့သက်တမ်း ငါးဆယ်မှာ စားသောက်ခဲ့တာတွေကို ဖြုန်းတီးမှုလို့တောင် မြင်လာပြီ။

ဒီထူးကဲလှတဲ့ စားဖွယ်တွေကို စားပြီးတော့ ၊ သူနေခဲ့တဲ့ နှစ်ငါးဆယ်က ငရဲမှာနေရသလိုဘဲ လို့တောင်တွေးမိသွားတယ်။

ကူလင်းစားသောက်ဆိုင်ရဲ့ ပိတ်ချိန်က တဖြည်းဖြည်းနဲ့ နီးလာပြီ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now