121( part2 )

1.1K 289 16
                                    

Unicode

ရှီယန်ကလည်း ချက်ချင်းဘဲ ပါးစပ်ပိတ်ပြီး သဘောတူလိုက်တယ်၊

အဲ့ အချိန်မှာဘဲ အပြင်ဘက်က အစောင့်တွေထဲက တစ်ယောက်က လှည်းပြတင်းပေါက်နားကို ရောက်လာပြီး စိုးရိမ်တကြီးနဲ့ မေးတယ် "တတိယသခင်မလေး အဆင်ပြေရဲ့လား?"

ချူးလျန်က စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီး ပုံမှန်လေသံနဲ့ဘဲ ပြန်ဖြေလိုက်တယ် " အဆင်ပြေပါတယ်၊ ဘာလို့လဲ ? အပြင်မှာ တစ်ခုခု ဖြစ်နေလို့လား ?"

သူမရဲ့ အဆင်ပြေတဲ့ အသံကိုကြားမှ အစောင့်လည်း စိတ်အေးသွားတော့တယ် "ဘာမှ မဟုတ်ပါဘူး ၊ဒုန်းစိုင်းလာတဲ့ မြင်းတစ်ကောင်က ဘေးက ဖြတ်သွားလိုက်လို့ပါ ၊တတိယသခင်မလေး တခုခု လိုရင် ဒီငယ်သားကို လှမ်းခေါ်လိုက်ပါ "

ခဏလောက်စောင့်ပြီးတော့ လှည်းအပြင်ဘက်က ဘာသံမှ မကြားရတော့မှ ချူးလျန်က ဝါးဘူးကို မြန်မြန်သွက်သွက် ကောက်ယူလိုက်တယ် ၊ ဘူးကို လက်ထဲမှာကိုင်ထားပြီးတော့ သက်ပြင်းချ လျက် ဖွင့်ကြည့်လိုက်တယ်။

ဘူးထဲမှာက စာလိပ်အသေးလေး တစ်ခုရှိနေတယ်၊စာလိပ်ကိုဖွင့်ကြည့်တော့ အထဲမှာ shoujinပုံစံနဲ့ ရေးသားထားတဲ့ စာကြောင်း နှစ်ကြောင်း ရှိနေတယ်။

ရှောင်ပိုကျင်းရဲ့ အရေးအသားက ဟေးချန်ဒီနဲ့ တကယ်ကွာခြားတယ်၊ ဟေးချန်ဒီရဲ့ စာလုံးတွေက ထင်းလင်းပြီးတော့ အားကောင်းတယ် ၊ နည်းနည်းတောင် ဟိတ်ကြီးဟန်ကြီးနိုင်တယ်လို့ထင်ရတယ်၊ ရှောင်ပိုကျင်းက‌လည်း စာလုံးတွေကို အားစိုက်ပြီး ရေးတာပါဘဲ၊ဒါပေမယ့် သူတို့ကကျတော့ သေသပ်ပြီး ကျိုးကြောင်းဆီလျော်တဲ့ပုံပေါ်တယ် ၊စကားလုံး တစ်ခုနဲ့ တစ်ခု ထိစပ်နေတာတောင် မရှိလှဘူး။

လူတစ်ယောက်ရဲ့လက်ရေးကို ကြည့်ပြီး ဘယ်သူလဲဆိုတာကို သေချာသိနိုင်တယ်၊ဒါပေမယ့် ဒီအနုစိတ်လှတဲ့ လက်ရေးကို ကြည့်ရင် ရှောင်ပိုကျင်းစိတ်ထဲမှာ ဖုံးကွယ်ထားတဲ့ လောဘတွေနဲ့ ရည်မှန်းချက်တွေကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး ။( ဒီနားလေးကို သိပ်နားမလည်လို့ အဆင်ပြေသလိုဘဲ ပြန်လိုက်ပါတယ်)

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now