113(part 2)

1.2K 273 13
                                    

Unicode

မန်နေဂျာကျင်းက ငယ်ငယ်ကတည်းက သူ့အဖေဆီကနေ ဆိုင်တေစီမံခန့်ခွဲမှုကို သင်ယူခဲ့ရတာ။ နှစ်တွေ တဖြည်းဖြည်း ကြာလာတော့ သူကိုယ်တိုင်တောင်စီမံခန့်ခွဲမှူကို အတော် တတ်ကျွမ်းနေပြီ။သူအသက် 15နှစ်လောက်မှာဘဲ သာမန်ကုန်စုံဆိုင်လေး တစ်ခုကို အကျိုးအမြတ်အများကြီး ရအောင်တောင် စွမ်းဆောင်ပေးခဲ့တာ။အခု သူ့အသက်က 20ကျော်လာခဲ့ပြီ ။ ကူလင်းစားသောက်ဆိုင်က သူစီမံခဲ့တဲ့ စီးပွားရေးတွေ ထဲမှာ အအောင်မြင်ဆုံးတစ်ခုဘဲ။

ဒါကြောင့် သူ့ရဲ့ အောင်မြင်မှုတွေကို
ချူးလျန်ဆီ ကြွားဝါဖို့ မစောင့်နိုင်တော့ဘူး။

ရှီယန်က မန်နေဂျာကျင်းတင်ပြတာတွေကိုကြားတော့ အေးခဲလုမတတ်ဖြစ်သွားတယ်။

ငွေပြား သုံးထောင့် ငါးရာ ရှစ်ဆယ် တောင်....!

ဒါက ကူလင်းစားသောက်ဆိုင်ရဲ့ စရိတ်စကတွေ အကုန်နုတ်ပြီးတဲ့ ပမာဏတဲ့လား။

ပြောချင်တာက ကူလင်းစားသောက်ဆိုင်က ဒီလအတွက် ငွေပြား 3580အမြတ်ကျန်တယ်ပေါ့။

ဘုရားရေ...!

ချူးလျန်ရင်းနှီး ထားတဲ့ ငွေပြား 2000ကို ဖယ်လိုက်ရင်ကို ငွေပြား 1500ကျော်ကျော် အမြတ်ကျန်နေအုံးမှာဘဲ။

ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ။

ရှီယန်စိတ်တွေ လုံးဝကို ဗလာကျင်းသွားပြီ။

ချူးလျန်ကတော့ ဆိုင်က အမြတ်ကျန်မယ်ဆိုတာ တွက်ဆထားတာမို့ ရှီယန်လောက် မတုန်လှူပ်သွားဘူး။ဒါပေမယ့် ဒီပမာဏက သူမမျှော်မှန်းထားတာ ထက် ပိုပိုသာသာကြီးကို များနေတယ်။ မြို့တော်က လူတွေရဲ့
ငွေဖြုန်းနိုင်စွမ်းကို သူမလျှော့တွက်မိသွားတာဘဲ။

မန်နေဂျာကျင်းကို ‌အသေးစိတ်လေးနည်းနည်းလောက် ထပ်မေးပြီးတော့ အကြီးတန်းအစေခံကွေ့က အိမ်တော်အပြင်ကို ပြန်လိုက်ပို့ပေးတယ်။

ချူးလျန်က မန်နေဂျာကျင်းပေးသွားတဲ့ ငွေသေတ္တာလေးကို ဖွင့်ပြီးတော့ ငွေစက္ကူ နှစ်ရွက်ကိုထုတ်ပြီး ရှီယန်ကို လှမ်းပေးလိုက်တယ်။

Transmigrator meets reincarnator (mmtranslation)Hikayelerin yaşadığı yer. Şimdi keşfedin