110(part 1)

1.2K 259 8
                                    

Unicode
ချူးလျန်က သူမရဲ့ ဒီဝမ်းကွဲတွေကို သိပ်ပြီး သဘောမကျပေမယ့်လည်း ဒီနေ့ကစားသောက်ဆိုင်ဖွင့်ပွဲနေ့ဖြစ်နေတော့ သခင်မလေးယွမ်ကို လက်လွတ်စပယ် နှင်လို့လည်းမရဘူး။ဒါနဲ့ ရှေ့နည်းနည်းတိုးပြီး သခင်မလေးစုရဲ့ လက်ကိုဆွဲကိုင်ပြီး ပြုံးပြုံးလေးနဲ့ပြောလိုက်တယ်"အခုကအချိန်ကျနေပြီ အစ်မ5 ၊ညီမ7၊ညီမ 9၊စားဖိုဆောင်က အားလူံးအတွက်အစားအသောက်တေွကိုမကြာခင်ဘဲ လာပို့ပါလိမ့်မယ်"
သခင်မလေးစုလည်း ချူးလျန်ကိုပြန်မကြည့်ခင်မှာ အနောက်မှာရှိတဲ့ မုန့်တေနဲ့စားပွဲကိုလှည့်ကြည့်မိသွားတယ်။ ချူးလျန်ရဲ့ တည်ငြိမ်နေတဲ့အမူအရာကိုမြင်မှဘဲ စိတ်သက်သာရာရသွားတဲ့အတိုင်း သက်ပြင်းချမိသွားတယ်။
သခင်မလေးစုနဲ့သခင်မလေးဖူတို့က ကို့ရို့ကားယားအခြေနေတွေ ဖြစ်မလာအောင်အတတ်နိုင်ဆုံး ရှောင်ကြပေမယ့် သခင်မလေးယွမ်ကတော့ ဘယ်ဟုတ်လိမ့်မလဲ။
သခင်မလေးယွမ်က သူမရဲ့အစေခံကိုတချက်ကြည့်ပြီး အချက်ပြလိုက်တယ်။ အစေခံကလည်း တကယ်ကိုစိတ်ကြီးဝင်ပြီး မာန်တက်နေတဲ့အမူရာနဲ့ လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ လက်ဖက်ရည်ဗန်းကိုသယ်ဆောင်လာတယ်။ သခင်မလေးတွေရှေ့မှာတောင်မှာဘဲ အဲ့မောက်မာတဲ့အမူရာကိူတချက်မပျက်ဘဲ လက်ဖက်ရည်ခွက်တေချပေးလို့နေတယ်။
သခင်မလေးယွမ်က အဖြူရောင်ကြွေလက်ဖက်ရည်ခွက်လေးကို ကောက်ယူပြီး အနံ့ကိုရှူကြည့်လိုက်တယ်။ခဏလောက်ရှူကြည့်ပြီးတော့ လက်ဖက်ရည်ရဲ့ဆွဲဆောင်မှူအောက်မှာကျရှုံးသွားတဲ့ပုံဟန်ဆောင်လိုက်တယ်။ပြီးတာနဲ့ ပြုံးပြီး ကြွားပြောလိုက်တယ်" အစ်မ 6 ညီမကလေ အိမ်တော်မှာကတည်းက ကျန်းရှန်လက်ဖက်ရှည်ကိုဘဲ အမြဲလိုလိုသောက်ဖြစ်နေတာ။ အဘိုးနဲ့ အဘွားရဲ့ ချစ်ခင်ပေးမှုကိုကျေးဇူးတင်ရမယ်။ဒါမျိုးကိုသောက်ဖူးနေတော့လေ အစ်မရဲ့ မြောက်ပိုင်းဖူကျန်းက လက်ဖက်ရည်ကို မသောက်နိုင်လောက်‌တော့ဘူး။ညီမသိသလောက်တော့ အစ်မ ကျန်းရှန်လက်ဖက်ရည်ကိုတစ်ခါမှ မသောက်ဖူးဘူးမလား။ ဘာလို့နည်းနည်းလောက်မသောက်ကြည့်ရတာလဲ"
ချုးလျန်က သခင်မလေးယွမ်ကို သူမရဲ့ဝိုင်းစက်လှပနေတဲ့ မျက်လူံးနဲ့ တဖက်လူရဲ့ နှလူံးအိမ်ထိအောင်ပေါက်ထွက်သွားမတတ် စူးစိုက်ကြည့်ပေးလိုက်တယ်။သခင်မလေးယွမ်မှာ ဒီအကြည့်တေကိုမခံနိုင်ဘဲ ချက်ချင်းမျက်နှာလွှဲပစ်လိုက်တယ်။ သူမရဲ့အပြုအမူတေအတွက် စိတ်ကျေနပ်သွားရပေမယ့် စိတ်ထဲမှာတော့ လိပ်ပြာမလုံဘဲဖြစ်နေမိတုန်းဘဲ။
သခင်မလေးစုနဲ့ သခင်မလေးဖူလည်း အံ့အားသင့်သွားတဲ့ အမူအရာတေနဲ့ ချူးလျန်ကိုလှည့်ကြည့်လာကြတယ်။
ချူးလျန်က အပြစ်မရှိတဲ့ပုံလေးနဲ့မျက်တောင်လေးတဖျက်ဖျက်ခတ်ပြီး"ဖိတ်ကြားမှူအတွက်ကျေးဇူးပါ ညီမ7 ဒါပေမယ့် စိတ်မကောင်းစရာဘဲ အစ်မက ဘယ်စန်ချာကိုမှ မနှစ်သက်ဘူး"
တကယ်လည်းချူးလျန်က ဘယ်စန်ချာကိုမှ စိတ်မဝင်စားလှဘူး။ ကျန်းရှန်လက်ဖက်ရည်မဆိုထားနဲ့၊ တော်ဝင်နန်းတော်ကနေ တိုက်ရိုက်ရရှိလာ‌တဲ့ အဆင့်အမြင့်ဆူံး လက်ဖက်ရည်တေတောင်မှ စိတ်ဝင်စားမှာ မဟုတ်ဘူး။
သခင်မလေးယွမ်က သူမရဲ့ အဖိုးတန်ကျန်းရှန်လက်ဖက်ရှည်ကိူ ဖြည်းဖြည်းချင်းအရသာခံနေတယ်။
ချူးလျန်ရဲ့ အဖြေက သူမမျှော်လင့်ထားတာနဲ့ လုံးဝကွဲပြားနေတော့ မျက်လုံးတေတောင်ပြူးကျယ်လာတယ်။သူမအားစိုက်ပြီး ဖုံးကွယ်ထားတဲ့သူမရဲ့ ခံစားချက်အစစ်အမှန်တေတောင် ပေါ်ထွက်လာတော့မလိုဘဲ။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ယင်အိမ်တော်မှာတုန်းကတောင်မှ ချူးလျန်က သူမရဲ့ စန်ချာဖျော်နည်းစွမ်းရည်ကို အလွန်အမင်း ဂုဏ်ယူနေခဲ့တာလေ။
မြို့စားအိုယင်ကတောင် သူမကိုအမြဲချီးကျူးလေ့ရှိတယ်။နှစ်တိုင်း ထူးခြားတဲ့အခါသမတို့ မိသားစုစားသောက်ပွဲတို့ရောက်တိုင်း လူကြီးမိဘတေဆီက မျက်နှာသာရဖို့နဲ့ သူမရဲ့ စွမ်းရည်ကိုထုတ်ပြဖို့အတွက် စန်ချာဖျော်ပေးခွင့်ရဖို့ ခွင့်တောင်းလေ့ရှိတယ်။
ဒါပေမယ့် လက်ဖက်ရည်အခမ်းအနားမှာတုန်းကသူမ ဘယ်လိုစန်ချာကိုမှဖျော်ပြခွင့် မရခဲ့ဘူး ။
ဒါကို သခင်မလေးယွမ်က အမြဲ လှောင်ရယ်နေခဲ့တာလေ။
ဒီနေ့တော့ ချူးလျန်ကို ရန်စဖို့ ဒီကျန်းရှန်လက်ဖက်ရည်ကို တမင်ယူလာခဲ့တာတောင် ချူးလျန်က ဘယ်လက်ဖက်ရည်ကိုမှ စိတ်မဝင်စားဘူးလို့ ဘာ်လိုတောင်ပြောနိုင်ရတာလဲ။
အရင်တုန်းကစန်ချာကို အရမ်းသဘောကျခဲ့တဲ့သူက ဘယ်လိုလုပ်လွယ်လွယ်နဲ့ စိတ်ပြောင်းနိုင်ရတာလဲ။ ဒါကဖြစ်နိုင်လို့လား?
သူမကိုယ်သူမ တည်ငြိမ်အောင်ပြန်မထိန်းနိုင်ခင်ကို အတွေးတေက ယောက်ယက်ခတ်နေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုဆင်ခြေပေးပြီး တွေးလိုက်တယ် ။ချူးလျန်က သူမရဲ့ တကယ့်ခံစားချက်တေကိုတမင်ဖုံးကွယ်ထားတာဘဲပေါ့။အပြင်မှာတော့ ဘာမှမဖစ်နေသလိူဟန်ဆောင်နေလိုက်ပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ မနာလိုသဝန်တိုလွန်းလို့ ရူးမတတ်ဘဲ။
မသောက်ချင်ဘူးလို့ငြင်းလိုက်တာက သောက်လိုက်ရင် အရင်ကအဖြစ်အပျက်တောင့် ‌ဝမ်းနည်းရမှာစိုးလို့မလား။
ဟမ့်၊ ချူးလျန်ဘာတေတွေးနေလဲဆိုတာ သိသားဘဲ။
"အစ်မ 6က မကြိုက်ဘူးဆိုမှတော့ ညီမတို့ 3ယောက်ဘဲ သောက်ရတော့မှာပေါ့"
အဲ့လိုပြောပြီးတော့ ချူးလျန်ရှေ့မှာဘဲ တကျိုက်မော့သောက်လိုက်တယ်။ ပြီးတော့ သခင်မလေးဖူကိုဘဲ လက်ဖက်ရည်က ဘယ်လိုချိုမြပြီး မွှေးပျံ့နေကြောင်း ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ဖွဲ့စည်းထားကြောင်းကိုပါ ရည်ရွယ်ချက်ရှိရှိ ပြောနေလိုက်တယ်။
သခင်မလေးယွမ်ရဲ့ ဒီလို အပြုအမူတွေက ချူးလျန်ကိုတမင်ရန်စနေမှန်းသိတော့ ချူးလျန်ကလည်း သခင်မလေးယွမ်ကိုတည့်တည့်စိုက်ကြည့်ပေးလိုက်တယ်။
ချူးလျန်လည်း သူမကိုယ့်ကို ပြသာနာတေကိုကောင်းကောင်းဖြေရှင်းနိုင်မှန်း‌သိပါတယ်။ ဒါပေမယ့် ဘာလို့များ ပြသာနာမျိုးစုံကို ကောင်းကင်ဘုံက သူမဆီတည့်တည့်လာချပေးနေလည်းမသိဘူး ။
တခြားတဖက်မှာတော့ သခင်မလေးစုက ချူးလျန်ကိုစိုးရိမ်တကြီး ကြည့်နေတယ်၊ "ညီမ6 ညီမက စန်ချာကိုအရမ်း နှစ်သက်တယ်မဟုတ်ဘူးလား ။ဘာလို့ ထပ်ပြီး သဘောမကျတော့တာလဲ"
ချူးလျန်က ပြုံးပြုံးလေးဘဲ ပြန်ဖြေလိုက်တယ်
"ဒါတော့ ညီမလည်းသေချာမသိဘူးလေ ၊ဒါပေမယ့်အဲ့ဒါတေအားလုံးကို တကယ်မကြိုက်တော့ဘူး၊ အခုတလောတော့ ပျားရည်နဲ့ အသီးဖျော်ရည်တေသောက်ရတာဘဲ သဘောကျနေတယ်၊ ညီမရဲ့ အရသာခံနိုင်စွမ်းက အချိန်ကြာလာတော့ ပြောင်းလဲသွားတာ ဖြစ်နိုင်ပါတယ်"
ချူးလျန်ရဲ့ ရှင်းပြတာကိုကြားလိုက်ရတော့ သူမ‌အ‌တွေးတေတောင်လျော့သွားတယ်။ချူးလျန်ရဲ့ ကျင်းအန်အိမ်တော်ကို လက်ထပ်လိုက်ရတဲ့ ဘဝကိုတွေးမိသွားတော့ ချူးလျန်အပေါ် စာနာပြီး တွေးမိနေတာလားတောင် သူမကိုယ့်ကိုယ်ကို နားမလည်တော့ဘူး။
"ညီမ6 ပြောတာမှန်ပါတယ် ၊ကိုယ့်စိတ်တိုင်းကျ နေနေရရင် အမြဲ ပျော်ရွှင်နေရမာဘဲလေ"
သခင်မလေးယွမ်က မျက်လုံးထောင့်လေး‌ကနေသူတို့ကိုခိုးကြည့်လိုက်တယ်။ စိတ်ထဲ မှာ မုန်းတီးခြင်းတေွတော့အပြည့်ဘဲ။ အတွေးထဲမှာတော့'သရုပ်ဆောင်နေလိုက် သရုပ်ဆောင်နေလိုက်! ချူးလျန်ဘယ်လောက်ကြာကြာ ဟန်ဆောင်နေနိုင်မလဲကို ငါစောင့်ကြည့်အုံးမယ်'
ချူးလျန်မှာတော့ သခင်မလေးယွမ်ရဲ့ အတွေးတေကိုလိုက်ပြီး ခန့်မှန်းနေဖို့ အားအင်မရှိဘူး။ သူမမှာ လုပ်စရာတေမှ အများကြီးဘဲ။ စိတ်အ‌ေခြနေ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ သခင်မလေးယွမ်လို အသေးအမွှားလေးတေကို လိုက်ရှင်းနေဖို့ရာ အချိန်မရှိဘူး။သူမက မူလချူးလျန်မဟုတ်တော့ သခင်မလေးယွမ်က သူမအတွက်သူစိမ်းသာသာဘဲ။
သခင်မလေးယွမ်က အဝေးကို မထွက်သွားသရွေ့တော့ ချူးလျန်က သူ့အချိန်နဲ့စွမ်းအင်တေကို သူမအတွက်နဲ့ အကုန်ခံတော့မှာမဟုတ်ဘူး။
သူမက မူလချူးလျန် လုံးဝမဟုတ်တော့ဘူး။ သူမရဲ့အတိတ်တုန်းက အကြိုက်တေကိုလည်း ထပ်ပြီး ‌လက်ခံတော့မှာမဟုတ်ဘူး။အားလုံးကိုတကြိမ်တည်းနဲ့ ပြောင်းလဲပစ်လိုက်ရင် မလိုလားအပ်တဲ့ အာရုံစိုက်မှူတေ ရကောင်းရလာနိုင်တယ်၊ ဒါပေမယ့် သူမ ပြောင်းလဲနေပြီဆိုတာကို သူမရဲ့မိဘအိမ်တော်ကို နည်းနည်းချင်း အသိပေးလို့ မရနိုင်ဘူးလား။
ထပ်ပြီးတော့ ယင်အိမ်တော်မှာ ဖုံးကွယ်နေခဲ့ရတဲ့ ချူးလျန်မဟုတ်တော့ဘူး ။
သူမကမူလတုန်းကလိုစန်ချာကို ထပ်ပြီး သဘောမကျတော့ဘူးဆိုတာ ပြောပြလိုက်ပြီးပြီ။သူမရဲ့စကားတေကို သခင်မလေးစု သေချာနားလည်သွားမယ်ဆိုတာ သေချာတယ် ။သခင်မလေးစုသိရင် ဒါက သဘာဝကျကျဘဲ သခင်မယောင်ဆီ ပြန်ရောက်သွားမှာဘဲ ။သခင်မယောင်သာသိပီးသွားရင် ယင်အိမ်တော်တစ်ခုလုံးသိသွားကြမှာဘဲ။

Transmigrator meets reincarnator (mmtranslation)Hikayelerin yaşadığı yer. Şimdi keşfedin