119(part 2)

1.1K 304 13
                                    

Unicode

ဖူယန်အတင်းပြောနေတာက  Songtaoခြံဝင်းထဲမှာဆို သိပ်အကြောင်းမဟုတ်လှဘူး၊ တကယ်လို့ ဒါသာ အခြား ခြံဝင်းတွေဆီ ပျံ့သွားမယ်ဆိုရင် အစေခံတွေကို သေချာ မဆိုဆုံးမတဲ့ အတွက် ချူးလျန်ကို အပြစ်တင်ကြလိမ့်မယ်။

ဒါ့အပြင် ဂရုမစိုက်ဘဲ ပြောတဲ့ စကားတခွန်းက အန္တရာယ်ကို ဖိတ်ခေါ်နိုင်တယ်၊ သူမရဲ့ အနီးကပ် အစေခံတစ်ဦးအနေနဲ့ အတင်းစကားများများပြောတာ သိပ်မကောင်းလှဘူး။

တကယ်တော့ ပင်မအိမ်တော်ကိုဘဲ ချန်နေခဲ့ခိုင်းတဲ့ အကြောင်းရင်းကို သူမ ခန့်မှန်းမိသလောက်ရှိတယ်။

အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့တော့ နည်းနည်းဆက်စပ်နေလိမ့်မယ်၊သူမက သခင်မကျိုးရဲ့ ကံကြမ္မာကို ဝင်စွက်ဖက်ပြီး စားဖိုဆောင် မီးလောင်မှုကနေ ကယ်တင်ခဲ့လို့ ဒါတွေက နှောင့်နှေးသွားရတာဖြစ်မယ်၊ လက်ရှိမှာ သခင်မကျိုးက ကျန်းမာပြီး သက်ရှိထင်ရှား ရှိနေသေးတော့ ဒါတွေ မဖြစ်တော့ဘူးထင်နေတာ၊ ဒါပေမယ့် အချို့အရာတွေကတော့ သူတိူ့ လမ်းကြောင်း အတိုင်း ဆက်သွားနေမယ်လို့ ဘယ်သူက သိမှာလဲ။

အခုရေတွင်းတူးပြီး အခုရေကြည်သောက်ချင်လို့ မရသလို ပထမအိမ်တော်က ရန်ပွဲကလည်း သူမ ပြောင်းလာပြီးတော့ ချက်ချင်းမဖြစ်လာခဲ့ဘူး။

ချူးလျန် သက်ပြင်းချမိသွားတယ် ၊အခြေအနေတွေက ဒီလို ဖြစ်လာပြီ‌ဆိုတော့ သူမလည်း ရှောင်ဖယ်နေလို့ မရနိုင်တော့ဘူး။

အဲ့ အချိန်မှာဘဲ ဟေးချန်ကျီက ကျင်းအန်ကတော်ရဲ့ ခြံဝင်းထဲကို ဝင်လာတယ်၊ သူနဲ့ သူ့ဇနီးတင်မဟုတ်ဘူး သူတိူ့နောက်မှာ ပါးနီ ခြယ်ထားတဲ့ မိန်းမပျိုလေး တစ်ဦးပါ လိုက်ပါလာတယ်။

ဒီမိန်းမပျိုလေးကတော့ ကျင်းအန်ကတော်ရဲ့ အနီးကပ်အစေခံတစ်ဦး ဖြစ်တဲ့ မြောင်ကျဲဘဲ။

သူမက ထပ်ပြီး ကျင်းအန်ကတော်ရဲ့ အနီးကပ်အစေခံတစ်ဦးမဟုတ်တော့ဘူး၊ အခု အချိန်မှာ ဟေးချန်ကျီ
ရဲ့ ကုတင်ပေါ်တက်နိုင်တဲ့ ကိုယ်လုပ်တော် တစ်ဦး ဖြစ်သွားပြီ။

ဒါက သခင်မကြီးဟေးရဲ့ ဆုံးဖြတ်ချက်ဘဲ ၊သခင်မကြီးဟေးက ဟေးချန်ကျီကို ဒီညဘဲ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို စတင်လိုက်ဖို့ အမိန့်ပေးထားတယ်။

Transmigrator meets reincarnator (mmtranslation)حيث تعيش القصص. اكتشف الآن