114(part 2)

1.1K 277 7
                                    

Unicode

ဒီလိုတွေးမိတော့ ချူးလျန်မှာ ပီပီပြင်ပြင်ကို မပြုံးနိုင်တော့ဘူး ။ သူမဒီအကြောင်းတွေကို တကယ် ထပ်မတွေးချင်တော့ဘူး။ ဒီလိုစိတ်အနှောက်အယှက် ဖြစ်စရာတွေကို ဂရုမစိုက်တတ်တဲ့ လူဘော်ကြော့ တစ်ယောက်လိုဘဲ နေတာကောင်းတယ်။

သူမသခင်မလေးရဲ့ စိတ်မသက်မသာဖြစ်နေပုံကို ရှီယန်က စောင့်ကြည့်နေတယ်။ တတိယသခင်မလေး ဘာတွေတွေးနေလဲဆိုတာ သူမတကယ်ကို မသိနိုင်ဘူး။

မနက်ဖြန်ပြီးတော့ နောက်တစ်ရက်က ကျင်းအန်ကတော်ရဲ့ မွေးနေ့ပွဲ ဘဲ။ သူမမွေးနေ့က ဆောင်းဦးရာသီ စာမေးပွဲ ပြီးဆုံးမယ့် ရက်နဲ့ အတူတူဘဲ။ အဲ့နေ့မှာဘဲ စာမေးပွဲ ရလဒ်တွေကို ထုတ်ပြန်ကြေညာလိမ့်မယ်။ ဒါပေမယ့် ကျင်းအန်အိမ်တော်က
စစ်မက်ရေးရာ အိမ်တော်ဖြစ်လို့ ဘယ်မိသားစုဝင်ကမှ စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားခြင်း မရှိဘူး။ ဒါကြောင့် စာမေးပွဲရလဒ်နဲ့ ပတ်သတ်ပြီး စိတ်ပူပန်စရာသိပ်မရှိလှဘူး ။သူတို့ အတွက်ကတော့ ထိပ်ဆုံးပညာသင်ဆုရတဲ့ 3ယောက်ကို စောင့်ကြည့်ပြီး ဝေဖန်ဆွေးနွေးရုံဘဲ။

ဒါပေမယ့် ဒီစာမေးပွဲရဲ့ ပထမရသူက ဝတ္ထုရဲ့ မူလဇာတ်လိုက်ဖြစ်တဲ့ ရှောင်ပိုကျင်း မှန်း ချူးလျန်ကသိထားပြီးသားဘဲ။ ဒီအကြံအစည်များ ပြီး ရည်မှန်းကြီးတဲ့ ယောက်ျားက စာမေးပွဲရလဒ်ကို သုံးပြီး
သူ့ကိုယ်သူ ရုံးတော်မှာ နေရာအခိုင်အမာရအောင် ပြုလုပ်လိမ့်မယ်။

ချူးလျန်က ဒီလိုတွေ ဖြစ်လာမှာကို တကယ်မမြင်ချင်ပေမယ့် တားဆီးဖို့ရာ နည်းလမ်းက ရှိမနေဘူး။ သူမ စွမ်းဆောင်နိုင်တာကလည်း အကန့်အသတ်နဲ့ရှိတယ် ။ ပြီးတော့ ရှောင်ပိုကျင်းနောက်မှာက သိုသိပ်တဲ့ အထောက်အပံ့ တစ်ခုက ရှိနေသေးတယ်။ သူမက ဒီဝတ္ထုကို ပြီးဆုံးအောင် မဖတ်ခဲ့ရဘူး ။ သူမဖတ်ပြီးတဲ့ အထိဆိုရင် စာရေးဆရာက ရှောင်ပိုကျင်းနောက်ကွယ်မှာ အင်အားကြီးမားတဲ့ အထောက်အပံ့ ရှိတယ် လို့ဘဲ ပြောထားတယ် ၊ဒါနဲ့ ပတ်သတ်ပြီး အသေးစိတ်ကို မဖော်ပြထားသေးဘူး။

ဒါတွေကိုတွေး မိတော့ ဝမ်းနည်းပြီး ယူကြုံးမရဖြစ်စွာနဲ့ဘဲ အိပ်ရာခင်းကို ထုရိုက်နေမိတော့တယ်။ သူမစာအုပ် စမဖတ်ခင် ဘာလို့များ ဇာတ်သိမ်းကို ကြိုမကြည့် မိခဲ့ရတာလဲ?

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now