124(part 1)

1.1K 313 20
                                    

Unicode

ချူးလျန်ရှင်းပြနေတာတွေကို ကြားတော့ သခင်မကြီးဟေးမှာ တိတ်ဆိတ်သွားရပြန်ပြီ ။

သူမ စိတ်ထဲမှာ ချူးလျန်အမှန်‌တွေပြောနေမှန်းသိနေပေမယ့် အမှန်တရားကို ရင်မဆိုင်ချင်ပါဘူး။

ချူးလျန်ကလည်း သူမကို သိပ်ပြီး တွန်းအားမပေးတော့ဘဲ နူးညံ့တဲ့ အသံလေးနဲ့ "အဘွား သမီးတို့ အကိုကြီး ပြန်လာတာကို စောင့်ရအောင်လေ၊ ပြီးမှ အကိုကြီးနဲ့ ဆွေးနွေးကြတာပေါ့ "

သခင်မကြီးဟေးကလည်း အလေးအနက်ထားတဲ့ ပုံနဲ့ သဘောတူလာတယ် ။

ဟေးချန်ကျီကို အကြောင်းကြားပြီးတာ တစ်နာရီလောက်ရှိနေပြီ ၊သူက အိမ်တော်ဝင်ပေါက်ကို ဖြတ်ပြီး ကျင်းချီ ခန်းမဆီ ခပ်မြန်မြန် ဦးတည်လာတယ်။

ဟေးချန်ကျီက ချူးလျန်ပါ အတူရှိနေတာကို မြင်တော့ နည်းနည်းတော့ အံ့ဩသွားတယ်။

သခင်မကြီးဟေးက သူမဘေးက ထိုင်ခုံကို သွှန်ပြပြီးတော့ "စကားမပြောခင် ခဏလောက်ထိုင်ပြီး နားလိုက်ဦး"

မူရှန်းက ဟေးချန်ကျီအတွက် လက်ဖက်ရည် ယူလာပေးတယ်၊ ဒါပေမယ့် သူ့မှာ ကြာကြာမထိုင်နိုင်ဘဲ လက်ဖက်ရည်ခွက်ကို ဘေးချပြီး စိုးရိမ်တကြီး ပြောလာတယ်"အဘွား ကျွန်တော် ဧကရာဇ်ဆီမှာ အသနားခံပြီး မြောက်ပိုင်းကို သွားဖို့ ခွင့်တောင်းရင်ရော ဘယ်လိုလဲ "

သခင်မကြီးဟေးက ထူးခြားလှတဲ့ အမျိုးသမီးကြီးဖြစ်တယ်၊သူမက ဆူပူအုံကြွမှူကြီးတွေကို ငယ်စဥ်တုန်းက ကြုံတွေ့ခဲ့ရပြီးပြီ၊ဟေးချန်ကျီအလာကို စောင့်နေကတည်းက ဒါတွေကို တွေးပြီး သုံးသပ်ကြည့်ပြီးပြီ။

စန်းလန် မိန်းမ ပြောတာမမှားဘူး။၊သူတိူ့တွေက ဟေးချန်ကျီကို မြို့တော်ကနေ ထွက်ခွာစေလို့ မဖြစ်ဘူး၊ ဒီတော့ သူတိူ့တွေက ဒီခရီးအတွက် စန်းလန် မိန်းမကိုဘဲ အားထားရမယ်။

Dalangပြောတာကို ကြားတော့ သခင်မကြီးဟေးက ခေါင်းခါလိုက်တယ် ၊" Dalang အခု အဘွားတို့ မိသားစု အခြေအနေကို သိနေတာဘဲ၊ ဧကရာဇ်က မင်းကို မြောက်ပိုင်းကို သွားခွင့် ဘယ်တော့မှ ပေးလာမှာ မဟုတ်ဘူး၊ ဒါပေမယ့် တို့မိသားစုက စန်းလန်
အန္တရယ်ကျနေတာကို ဘာမှ မလုပ်ဘဲ နေလို့မရဘူး၊ ဒီမိန်းမအိုကြီးက ဆုံးဖြတ်ပြီးပြီ ၊ငါတို့တွေ စန်းလန် မိန်းမကို မြောက်ပိုင်းကို လွှတ်ရမယ်"

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now