120(part 1)

1.1K 284 14
                                    

Unicode

သွက်လက်ချက်ချာတဲ့ အစေခံတွေထဲက တစ်ယောက်က ဒီဖြစ်ရပ်ကို မြင်တော့ သခင်မကြီးဟေးဆီ အပြေးအလွှားသွားပြီး သတင်းပို့တော့တာဘဲ။

သိပ်ဝေးဝေးမှာ မဟုတ်တဲ့ မြောင်ကျဲလည်း ဒါတွေကို မြင်ပြီး ထိတ်လန့်ကြောက်ရွံလာတယ်၊ အကြီးဆုံး ...အကြီးဆုံးသခင်မက ကျင်းအန်ဆက်ခံသူကို တကယ် ထိခိုက်စေရဲတယ်။

မြောင်ကျဲလည်း သူမ စိတ်ကို သေချာပြန်စုစည်းပြီးတာနဲ့ ချက်ချင်းဘဲ ဟေးချန်ကျီဘေးကိုသွားပြီး လက်ကိုင်ပဝါလေးနဲ့ နဖူးပေါ်က ဒဏ်ရာကို ဖိထားပေးမိတယ်။

သူမ အသံက စိုးရိမ်ကြောင့်ကြလွန်းလို့ ဆို့နင့်နေပုံပေါ်တယ်" ကျင်းအန်ဆက်ခံသူ အများကြီး ထိခိုက်သွားလား၊ မြန်မြန် ကျွန်မတို့ တော်ဝင်သမားတော်ကို ခေါ်ရမယ် "

ဟေးချန်ကျီ နဖူးက သွေးတွေ စီးကျလာတာကို မြင်တော့ သခင်မကျိုးက တကယ်ကို အေးခဲပြီး တန့်သွားတယ် ၊ဒါပေမယ့် ဒီ မိန်းမပျက်လို မြောင်ကျဲက သူမနဲ့ သူမခင်ပွန်းကြားက ဒီလို အခြေနေကို ဝင်ပြီး အခွင့်ကောင်းယူနေတာကို မြင်တော့ သူမရဲ့ လျော့ပါးသွားတဲ့ ဒေါသတွေက တဖန် ပြန်တောက်လောင်လာတယ်၊ သူမရဲ့ ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးသွားပြီးတော့ ‌မျက်လုံးတွေကလည်း အမျက်ဒေါသကြောင့် ရဲရဲနီလာတယ်။

"ဒီ ခွေးကောင်မ ၊ နင်ကများ ငါ့ရှေ့မှာ စကား‌စပြောရဲတယ်" သခင်မကျိုးက အော်ပြောပြီးပြီးချင်းဘဲ ကြမ်းပေါ်က ကြွေပန်းကန်ကွဲစ ကို ကောက်ပြီး မြောင်ကျဲကို ပစ်ဖို့ ရွယ်လိုက်တယ်။

ဟေးချန်ကျီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ‌ကိုတွေ့တော့ သခင်မကျိုးရဲ့ အစေခံတွေအားလုံးက အခြေနေကို ထိန်းဖို့ သူမဆီ မြန်မြန်ပြေးလာကြတယ်။

သခင်မကျိုးရဲ့ အယုံကြည်ရဆုံး အနီးကပ်အစေခံ က ငိုယိုပြီးပြောတယ် "သခင်မ စိတ်လိုက်မာန်ပါတွေ မလုပ်လိုက်ပါနဲ့ "

ဟေးချန်ကျီ သခင်မကျိုးကို ကြည့်နေတဲ့ အကြည့်တွေက ဝင်ရိုးစွန်းဒေသက ရေခဲပြင်တွေလို အေးစက်စူးရှနေတယ် ၊ သူက ရှေ့ထွက်ပြီး မြောင်ကျဲကို သူ့နောက်ကို ဆွဲပြီး ကာကွယ်ပေးလိုက်တယ်၊ သူ့အသံက ပုံမှန် သူ့ဇနီးသည်ကို ပြောနေကျထက် ပိုပြီး အေးစက်နေတယ် " သခင်မကျိုး မင်းဒီလို ရူးကြောင်ကြောင်အလုပ်တွေကို ဘယ်အချိန်ထိ ဆက်လုပ်နေမလဲဆိုတာ ငါကြည့်ချင်ပါသေးတယ် "

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now