part 2

31.3K 1.6K 27
                                    

ဦးထည်၏ လက်ထွားထွားတို့သည် နွေး၏ ခြေခမိုးပေါ်သို့ ကျရောက်လာသောအခါ နွေးက တွန့်ဆုတ်ဆုတ်ဖြင့် နောက်သို့ ရွေ့သွား၏ ။ ဘယ်လောက် မချစ်ဖူးပဲဆိုဆို လူမြင်ကွင်းမှာတော့ ဦးထည် အား သူ့ခြေထောက်ကို ကိုင်ကာ မိန်းမတစ်ယောက်ရှေ့ ၀ပ်တွားနေသည့် ယောက်ျားတစ်ယောက်တော့ မဖြစ်စေချင်ပါ ။ ဦးထည်ကို မချစ်ပေမဲ့ လေးစားသည် ။ အားကိုးသည် ။ အထင်ကြီးသည်လေ... ။ ဖခင်စကားကို နားထောင်လိုက်ရသော်လည်း ဦးထည်နှင့် လင်မယားအရာမမြောက်ခဲ့ရုံမက ယခုဆို ခက်ထန်နှင့်ပါ ဖောက်ပြန်မိနေသော မိန်းမတစ်ဦးဖြစ်နေသည် ။ ထို့အတွက်ကြောင့် ဦးထည် ကို သူမ အားနာသည် ။

" ဘာလို့လဲ နွေး "

" ရတယ် ကိုကြီး... နွေး ကားပေါ်မှာပဲ နေခဲ့တော့မယ် ၊ လမ်းလျှောက်ရတာ တကယ်အဆင်မပြေတော့ဘူး ၊ ကိုကြီးပြီးတဲ့ထိ နွေး စောင့်နေမယ်လေ "

ဦးထည် နွေးပြောသည့်စကားကို လက်ခံပေးဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည် ။ သို့သော် နွေးက တစ်ခုခုကို ဆက်ပြောချင်နေပုံ ပေါ်သည် ။

" ခက်ထန်ရော... လိုက်သွားချင်ရဲ့လား ၊ ဒါမှမဟုတ်... မမနွေးကို အဖော်လုပ်ပေးပါလား... တစ်ယောက်တည်း ဖြစ်နေလို့ "

ပေါ်တင်ကြီးပါပဲလား နွေးဧကရီ ရယ်!  ....

ဦးထည် နောက်သို့လှည့်ကာ ခက်ထန်ကို ငေးကြည့်လိုက်လျှင် ခက်ထန် က ဖြေရကျပ်နေခဲ့၏ ။ သူ သည် ဂေဟာထဲက ကလေးတွေကိုလည်း သိပ်တွေ့ချင်တာမဟုတ်ဘူး ။ လှူတာလည်း သူ့ပိုက်ဆံမဟုတ်ဘူး ။ အဲ့တော့ သူ အထဲဝင်ပြီး သူတော်ကောင်းယောင်ဆောင် ဟန်ရေးမပြချင်ဘူး။ ဒီအလုပ်တွေကို ဦးထည် လို လူ့အမှိုက်ကပဲ ကျွမ်းကျင်တာလေ ဟု သူ စိတ်ထဲ တွေးနေသည် ။ ဒါပေမဲ့ ဦးထည်၏ မျက်လုံးရှည်ထဲက မျက်ဆံနက်ကလေးများကို စိုက်ကြည့်မိလိုက်သောအခါ...

" ကျွန်တော် ကလေးတွေကို တွေ့ချင်လို့ မမနွေး"

ဟု သတိလက်လွတ် ပြောလိုက်မိသည် ။ သူ နွေးစကားကို ထောက်ခံပြီး ကားထဲမှာ နေခဲ့မယ်ဟု စိတ်ကူးပြီးကာမှ မျက်လုံးရှည်တစ်စုံကြောင့် ဆန့်ကျင်ဘက်အဖြေက နှုတ်မှ ထွက်ပေါ်လာခဲ့သည်။

You are my husband (Season 1)Completed  Where stories live. Discover now