part 25

15.6K 1K 150
                                    

သီချင်းသံ မတိုးမကျယ်လေးက အအိပ်ဆတ်တတ်သော လူတစ်ယောက်အဖို့ အနှောက်အယှက်ဖြစ်စေ၏ ။ မျက်လုံးနှစ်လုံးကို ပွတ်ဆွဲလို့ ဘေးမှ လူကို တစ်ချက်ကြည့်မိတော့ အေးစက်နေသော အိပ်ရာခင်းတစ်ခုသာ ကျန်ရစ်သည် ။  သူ မကိုင်သေး၍ ကျသွားသော ဖုန်းကို ဆွဲယူကြည့်တော့ အချိန်ကား မနက် ၃နာရီကို ညွှန်ပြနေ၏ ။ မကြာမီတွင် ရေချိုးခန်းဘက်မှ ရေကျသံ ခပ်လေးလေးကို ကြားခါမှ ပို၍ စိတ်ရှုပ်သွားသည် ။ ခေါ်ဆိုထားသော နံပါတ်စိမ်းကို ဂရုမပြုမိဘဲ ရေချိုးခန်း ရှိရာဘက်သို့ ထသွားမည်အပြု ဖုန်းက ထပ်ဝင်လာပြန်သည် ။

နံပါတ်စိမ်းတစ်ခုဖြစ်သော်လည်း ဖုန်းကိုင်လိုက်ကာ
နား, နားသို့ ကပ်လိုက်သည့်အခါ အသံဩဩကြီးတစ်ခုက သူ့ကို နှုတ်ဆက်လာခဲ့သည် ။

" မင်္ဂလာပါ ကိုးလ်! "

ကြောင်အသွားသောကြောင့် ခဏအကြာ မှ သူ ပြန်ဖြေမိ၏ ။

" မာစတာ!!  ... ဒီအချိန်ကြီး "

" အဲ့ကလေးက မင်း ကာကွယ်ပေးမှုတွေနဲ့ တကယ်ရော ထိုက်တန်လို့လား ကိုးလ် "

ဦးစိုင်းထန် သည် ညနေက အဖြစ်အပျက်ကို သဘောမတွေ့ဟန်တူ၏ ။ သူ က ခက်ထန်နဲ့ အတိုင်းအတာတစ်ခုအထိ ပတ်သက်ချင်နေပုံပေါ်သည် ။ ကောင်းသော ပတ်သက်ခြင်းမျိုးတော့ ဟုတ်ဟန်မတူပေ ။

" မာစတာ ကတိတည်မယ်လို့  မျှော်လင့်တယ် ။ ခက်ထန် က, ဘာမှ နားမလည်တဲ့ ကလေးတစ်ယောက်ပါ ။ သူ သိတာ ကျွန်တော့်ကို ဘယ်လို ကလဲ့စာချေရမလဲဆိုတဲ့ အကြောင်းပဲ သူ့ခေါင်းထဲမှာ ရှိတယ် ။ သူ ခင်ဗျားတို့ဘက် လှည့်မလာတာပဲ ကောင်းတဲ့ရလာဒ်တစ်ခု မဟုတ်ဘူးလား? "

" အိုး... သူ လှည့်လာခဲ့ရင် ငါ နောင်တ ကြီးကြီး ရမိမှာပဲ ကိုးလ်... ဘာလို့ဆို မင်းစကားကို နားယောင်ပြီး သူ့ကို မသတ်ခဲ့မိရကောင်းလား
ဆိုတဲ့ နောင်တလေ... "

" ခက်ထန် ဆိုတာ ၈နှစ်သား အကောင်ပေါက်လေး မဟုတ်တော့ဘူး ဆိုတာလည်း မာစတာ သိမှာပါ ။မာစတာ့နီးပါး အင်အားရှိနေတဲ့ L တစ်ခုလုံးရဲ့ ဒွန် ဆိုတာလည်း ဒီလောက  ,က မသိတဲ့ သူမှ မရှိဘဲ..... ရှင်းရှင်းပြောရရင် ကျွန်တော်တို့ အချိန်အကြာကြီး တည်ဆောက်မှ ရလာတဲ့ အရာတွေကို ခက်ထန် က ခဏလေးနဲ့ လုပ်ပြသွားနိုင်ခဲ့တယ် ။ ပြီးတော့ ဆင်ဒီကိတ်ရဲ့ အဖွဲ့ဝင် ၊ ခေါင်းဆောင် ၉ယောက်ထဲက တစ်ယောက်.... ။ သူ့အင်အားကို မာစတာ က ပိုတောင် သိထားမှာပါ ။ ခက်ထန် နဲ့ ရန်သူဖြစ်လို့ ဘာအကျိုးရှိပါ့မလဲ မာစတာ... "

You are my husband (Season 1)Completed  Where stories live. Discover now