51 ဇာတ်သိမ်းပိုင်း

31.7K 1.3K 242
                                    

အချိန်တွေသာ နောက်ပြန်လှည့်လို့ ရခဲ့ရင် 'မောင်' ဒီစကားကိုပဲ အမြဲပြောနေမယ် ။ မင်း နားငြီးလွန်းလို့တားယူရတဲ့အထိ.... ။

မောင် မင်းကို ချစ်တယ် ။

သူ ဒီလိုပြောတော့ ရိုင်နာ က မျက်နှာဆိုးနဲ့ရယ်ပါလေရော ။ အခုချိန်က ထိုးနှက်ဖို့အကောင်းဆုံး အချိန်လို့လည်း ရိုင်နာကပြောတယ် ။ ပြီးတော့ ပြောသေးတယ် ။ ဦးစိုင်းထန် က မဟာနေသွေး နဲ့ ကိုကို့ကို နေရာချထားပေးဦးမယ်တဲ့... ။ ယောက္ခထီး က ဆိုးလွန်းတယ်လို့ မထင်ကြဘူးလား ။

" မင်းပဲ မုန်းလှချည်ရဲ့ဆို ... အခုမှ ဘာစောက်ရူးထနေတာလဲ? ဦးထည် ဆို... ကိုကို ဆိုတဲ့ စကားလုံးက ခင်ဗျားနဲ့ မတန်ဘူးဆို! ဒီ အပေါက်ကြီးက ပြောခဲ့တာပဲ မဟုတ်လား? ဘာ အခုမှ ကိုကို လဲ... မောင် က ဘယ်သူလဲ? အရင်ကလို ကျုပ် လို့ပဲ ပြောစမ်းပါ ကွာ.. ရွံလိုက်တာ အော့ "

ရိုင်နာ က ဦးစိုင်းထန် နဲ့ ပေါင်းကြံပြီး သူနဲ့ကိုကို့ကို တမင် ညှင်းဆဲထားမှန်း သူ သိသည် ။ မျက်လုံးလေးကလည် ကလည် ဖြင့် မှိုင်း ကို လှမ်းကြည့်တော့ သူလည်း မတတ်နိုင်ဘူးဆိုတဲ့ ပုံမျိုးဖြင့် မျက်နှာလွှဲသွားသည် ။ သားနှစ်ယောက်ထဲမှ သားကြီးက အေးသလောက် သားငယ်က တချိန်လုံး အော်ဟစ်သောင်းကျန်းနေတော့၏ ။ နို့ဗူးလေးကို ပါးစပ်နားတေ့ပေးတော့ လက်သေးသေးလေးဖြင့် ရိုက်ထုတ်ပစ်၏။ အငိုသန်လွန်းသော သားငယ်ကို ပွေ့ချီထားရင်း သက်ပြင်းချမိတော့ သားငယ်ဟာ အငိုရပ်သွားကာ သူ့လက်သေးသေးလေးဖြင့် အဖေဖြစ်သူ၏ ရင်ဘတ်ကို တဖတ်ဖတ် ပုတ်လာသည် ။

" ဘာလဲ သား... ဖေ့ချစ်လေး ဘာလိုချင်လို့လဲ?
နို့မဆာဘူးလား? ဖေဖေ တို့ ပါပါးကို ညကျ သွားခိုးကြမယ်နော်... သား ပါပါးကို မိစ္ဆာကြီးတစ်ကောင်က ဖမ်းခေါ်သွားတယ် ။ သားက နို့ အ၀သောက်ထားမှ ပါပါးကို ကယ်နိုင်မှာပေါ့ "

သူ ပြောသမျှကို နားမလည်သေးသော သားငယ်ဟာ
တ၀ူးဝူး အသံလေးပေးလျက် ရင်ဘတ်ကို လာပုတ်ပြန်၏ ။ ကြယ်သီးလေး နှစ်လုံးဖြုတ်ပေးပြီး
ရင်ဘတ်ဆီသို့ သားငယ် လက်ကို တင်ပေးတဲ့အခါ
သားငယ်က လက်ညှိုးသေးလေးဖြင့် ပိန်ကပ်နေသော နို့သီးခေါင်းလေးကို တတိတိ ထိုး၏ ။

You are my husband (Season 1)Completed  Where stories live. Discover now