part 19

15K 1.1K 95
                                    

တိတ်ဆိတ်သော ညလေးတစ်ည ၊ တိတ်ဆိတ်မှုနောက်တွင်တော့ အေးချမ်းမှုတို့ ကပ်ပါလာခဲ့ခြင်း မရှိခဲ့ဖူးဘူး ။

အသက်အရွယ်က စကားပြောလာသော လက်ချောင်းများ၏ အရေပြားက တင်းရင်းမှုတို့တော့ ဘယ်ရှိနိုင်ပါတော့မလဲ.... ။ ထိုလက်ချောင်းရှည်တို့ဖြင့် နားထင်စပ်ကို ထိတွေ့ပွတ်တိုက်လိုက်သည့်အခါ အမည်းရောင်ဆံနွယ်များကြားမှ အဖြူရောင်ဆံနွယ်လေးများက လှပ်ပေါ်လာခဲ့၏။

အံဆွဲတစ်ခုကို ဆွဲဖွင့်လျက် လက်စွပ်ဗူးလေးကို ဆွဲထုတ်လိုက်သည် ။
အထဲမှ ငွေရောင်အဆင်းရှိသော လက်စွပ်လေး၏ အပေါ်တွင်
စာလုံးလေးတစ်လုံး ထွင်းထားသည်က...

' sai ' တဲ့.... ။

ထွင်းထားသော စာလုံးလေးပေါ်သို့ လက်ချောင်းလေးများက ပွတ်လိုက်သည့်အခါ ရေပေါက်လေးတစက်က ရုတ်တရက် သူ့လက်ခုံပေါ်သို့ ကျဆင်းလာခဲ့၏ ။

" ဟက်!  မျက်လုံးထဲက ရေတွေ ထွက်လာပြန်ပြီ "

အတိတ်တွေက ထားရစ်ခဲ့ရမယ့်အရာဆို သူဟာ အတိတ်နွံထဲက ရုန်းမထွက်နိုင်ခဲ့တာ နှစ်ပေါင်း ၂၀ကျော် ကြာမြင့်ခဲ့ပြီ ။

တံခါးခေါက်သံ နှစ်ချက်ဖြင့် အချက်ပြသောအခါ
လက်ထဲမှ လက်စွပ်လေးကို နေရာတကျပြန်ထားရန်ပြင်လိုက်သည် ။ သို့်သော်
လက်ထဲမှ ချော်ထွက်ကာ လိမ့်ကျသွားသော လက်စွပ်ကွင်းလေးသည် တံခါး အပြင်ဘက်မှ တစုံတစ်ယောက်၏ ခြေဖျားထက်၌ သွားရောက်ခစားလေ၏ ။

" တောင်းပန်ပါတယ် မာစတာ... တံခါးဖွင့်တာ လောသွားမိတယ်။ ဧည့်သည် ရောက်ပါပြီ "

တပည့်ရင်းကြီး၏ တောင်းပန်စကားကို ဂရုမပြုသလို ခေါင်းသာ ညိတ်ပြကာ လက်ဟန်ဖြင့် ထွက်သွားရန်အမိန့်ပေးလိုက်သည် ။

သူ့လက်စွပ်လေးအား ကောက်ယူလိုက်သော ကောင်လေး၏ မိုးထိုးနေသော အရပ်ကြီးကို မော့ကြည့်လိုက်သည် ။ ကိုယ်တိုင်က အသက်အရွယ်အရသာ အိုမင်းခြင်းတို့ ဖြစ်ပေါ်ချင်နေသော်လည်း သူသည်လည်း သန်တုန်းမာတုန်း ဖျတ်လတ်တုန်းပင် ဖြစ်နေသေး၏။

" ကျုပ်ကို ဝင်ခွင့်ပြုပါဦး "

သြရှရှ အသံနက်ကလေးသည် နားထဲတွင် တည်ငြိမ်စွာ စီးဆင်းသွားလေ၏။

You are my husband (Season 1)Completed  Where stories live. Discover now