part 26

15.8K 980 99
                                    

ခက်ထန် ဆွဲခေါ်ရာနောက်သို့ ဒရွတ်တိုက်လျက်အနေအထားဖြင့် လိုက်ပါသွားခဲ့ရသည် ။ ခက်ထန်သည် ကားပါကင်ရှိရာဆီသို့ ဆွဲစောင့်ခေါ်ကာ ခဏအကြာတွင် ကားထဲသို့ ကြမ်းတမ်းစွာ ပစ်ထည့်လိုက်၏ ။ လူတစ်ယောက်ကို ကားထဲပစ်ထည့်လိုက်ပုံမှာ ခပ်ပေါ့ပေါ့ အရုပ်ကလေးတစ်ရုပ်ကို ကောက်ပေါက်ပစ်လိုက်ပုံနှင့်တောင် ဆင်တူနေပေ၏... ။ ပွန်းပဲ့သွားသော တံတောင်ဆစ်မှ စပ်ဖျင်းဖျင်း ခံစားမှုတစ်ခုကို ရသည်။ ခက်ထန် ပါ ကားထဲဝင်လျက် ကားတံခါးကို အလုံပိတ်ချပစ်လိုက်တဲ့အခါ သွေးညှီနံ့ ခပ်ပါးပါးလေးတစ်ခုပါ ကပ်ပါလာသည်ကို ခံစားမိသည် ။ ဒူးခေါင်းမှ တစ်ခုခု ဖြတ်စီးသွားသလို ဖြစ်သွားသည့်အခါ ခုဏက ခက်ထန်ကို တွန်းချပြီး သူလည်း မှောက်လျက်လဲသွားတုန်းက ဒူးခေါင်းမှာ ဒဏ်ရာတစ်ခု ကပ်ပါလာခဲ့သည်ကို သတိထားမိလိုက်သည် ။

အသက်ရှုသံခပ်ပြင်းပြင်း တစ်ခုသည် ခက်ထန်ဆီမှဖြစ်၏ ။ ပြီးနောက် လည်ပင်းပေါ်သို့ရောက်ရှိလာသော သန်မာသော လက်တစ်ဖက်ကို သူ ရုတ်တရက် ကြောင်အစွာ ငေးကြည့်နေမိသည် ။

ဒါ ဘယ်လို အခြေအနေကြီးလဲ... သူ ဘာအမှား လုပ်လိုက်မိလို့လဲ ။

တဖြည်းဖြည်း တင်းကျပ်လာသော အသက်ရှုလမ်းကြောင်းကြောင့် အသက်၀၀ ရှုထုတ်ဖို့ ခက်ခဲလာခဲ့သည် ။ လက်နှစ်ဖက်ဖြင့် ခက်ထန်ကို ထုရိုက်ကာ ကားအတွင်း၌ ကြောက်ရွံ့စွာ ကန်ကျောက်နေမိသည် ။ နီရဲလောင်မြိုက်နေသော ခက်ထန် ၏ မျက်လုံးရဲရဲတို့ဆီမှ အကြည်ရောင် အရည်ကြည်များက သူ့ ပါးပြင်ပေါ်သို့ တပေါက်ချင်းစီ စီးကျလာသည် ။

သူ့ကလေးလေးက ဘာလို့ ငိုနေရတာလဲ... ။

" ခင်ဗျား... ကျုပ်ကိုပါ သတ်ပစ်တော့မလို့လား? "

ခက်ထန် လက်အားတို့က တဖြည်းဖြည်း ပြေလျော့ကျသွားသလို ခက်ထန်ကို ထုရိုက်နေတဲ့ သူ့လက်တို့တွင်လည်း အားအင်တို့ ဆုတ်လျော့သွားတော့သည် ။

အက်ရှရှ အသံလေးတစ်ခုဖြင့် သူ့ကို အကြည့်လွှဲသွားတဲ့ ခက်ထန်ကို ကြောင်အစွာ ငေးနေရုံက လွဲလို့ သူ့လှုပ်ရှားမှုတွေ ရပ်တန့်သွားရသည် ။

You are my husband (Season 1)Completed  Where stories live. Discover now