37

15.2K 1K 114
                                    

မည်မျှပင် ဟန်ဆောင်ထိန်းချုပ်ထားပါစေ

မသိစိတ်က ဖြစ်တည်လာသော ကြောက်စိတ်သည်
သူ့လက်ဖျားတွင် ဖြစ်တည်ကာ အေးစက်
တုန်ယင်စေ၏ ။

မေမေလေး နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရတဲ့အခါ
သူ နှုတ်ဆက်လိုက်ဖို့တောင် အသတီဘူး ။

ခက်ထန် အလိုကျ အလိုက်အထိုက်နေပေးလိုက်သင့်သလားဆိုတဲ့ အတွေးတစ်ချက်တောင် ဖြစ်တည်မလာခဲ့ဘူး။

ဒီမျက်နှာကို ကြည့်နေရင်းက
ထိန်းချုပ်ရခက်စွာ ပျို့တက်ချင်လာသည် ။

" ထည်ဝါ! မတွေ့ရတာ ကြာပြီနော် သား! "

နူးညံ့ချင်ယောင်ဆောင်ထားတဲ့ အသံတွေ...

စိတ်ပျက်စရာ ကောင်းလိုက်တာ! 

" ကိုကို... နှုတ်မဆက်ချင်ဘူးမလား?  "

နား, နားသို့ကပ်ကာ မေးလာသော ခက်ထန် အသံက ခပ်ပြတ်ပြတ်... ။

စကားမဆို ခေါင်းငြိမ့်ပြတော့ အေးစက်နေတဲ့လက်ကလေးကို ဆုပ်ကိုင်လာတဲ့ သန်မာသော လက်တစ်ဖက်... ။

" အမေ... ကိုကို နေမကောင်းလို့ အရင်နားနှင့်မယ်နော် "

" ခဏလေး နေပါဦး...!  "

အသံချိုဝဲ၀ဲလေးက အရင်ပေါ်လာတယ် ။ ပြီးမှ
လူတစ်ကိုယ်လုံးက ထည်ဝါလင်းရှိန် ရင်ခွင်ထဲ ပစ်ဝင်မတတ် လှေကားပေါ်က အပြေးလေး ရောက်လာတဲ့ မိန်းမလှလေး...။

ဒီမိန်းကလေး ပါလာတာကိုတော့
ခက်ထန် က မပြောခဲ့ပါလား... ။

ရှုပ်ထွေးနေဟန် မျက်လုံးများဖြင့်
မော့ကြည့်လေတော့ အကြည့်တွေကို နားလည်နေသည့် ခက်ထန်က ကိုယ်တိုင်ပင် မိတ်ဆက်ပေးလာသည် ။

" ဒါ ကျွန်တော့် ညီမ! "

" အို!  ဘာမှ, မှ မတော်ဘဲလေ ထန်ထန် ... ရွန်းမီက မေမေ မွေးစားထားတာ "

ခက်ထန် စကားကို အလိုမကျဟန်
ပြန်ပြင်စေချင်နေသည်က မေမေလေး ဖြစ်၏ ။

ဒီလောက်ဆို သူ သဘောပေါက်လိုက်ပြီးပြီ... သားအရင်းနှင့် မွေးစားသမီးလေးကို နေရာချထားချင်နေသည့် မေမေလေး ၏ စိတ်ကို သူမစကားလုံးများမှ တဆင့် ထည်ဝါလင်းရှိန် က နားလည်လိုက်သည် ။

You are my husband (Season 1)Completed  Where stories live. Discover now