43

13.9K 989 91
                                    

" မင်း ဘာလုပ်လိုက်တာလဲ? "

ရိုင်နာ့  အသံတို့က အက်ကွဲနေခဲ့တယ် ။ သူ့ ခေါင်းတစ်ခုလုံး ပတ်ချာလည်လှည့်ယမ်းခံထားရသလို ဖြစ်ပျက်သွားသမျှက အရမ်းကို မြန်ဆန်လွန်းနေလို့ သူ့ဦးနှောက် က အမှီလိုက်ဖို့တောင် တုံ့ဆိုင်းနေခဲ့ပြီ... ။

သူ ဘာကို တွေ့ခဲ့တာတဲ့လဲ? ပုံရေး က ဘာစောက်လုပ် လုပ်လိုက်တာတဲ့လဲ? အကြောက်တတ်ဆုံး သူ့သူငယ်ချင်းလေးကလေ.. အဖြူစင်ဆုံး ကောင်လေးကလေ... ။

" ငါ ကျင်လည်နေရတဲ့ ဒီလိုနေရာမျိုးမှာ အမြဲတမ်း ကြောက်လန့်နေတဲ့ပုံမျိုး မဖြစ်ချင်ဘူးလေ! ငါလည်း တစ်ခါလောက်တော့ သတ်ရဲဖြတ်ရဲစိတ် ရှိသင့်တယ်ထင်လို့ စမ်းကြည့်တဲ့သဘောပဲ! "

ရိုင်နာ က အဖြေကို ကြားကြားချင်း ပုံရေး ပခုံးနှစ်ဖက်ကို ဆုပ်ကိုင် ခါရမ်းပစ်လိုက်သည် ။

" ငါလိုလူတောင် လူပဲသတ်တာကွ! တစ်ချက်တည်း... တစ်ချက်တည်း ပစ်သတ်ခဲ့တာ.. လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစစီဖြစ်အောင်မလုပ်ခဲ့ဘူး ခွေးမသား ရဲ့... မင်း ဘာစောက်လုပ် လုပ်လိုက်တာလဲ ငါလိုးပဲ... "

ပုံရေး နှုတ်ခမ်းရဲရဲလေးက အနည်းငယ် ဖြူဖျော့လို့နေသည် ။ သူ့ရှေ့က သွေးပျက်နေတဲ့ ရိုင်နာ့ ကို ကြည့်လိုက် ရိုင်နာ့ အနောက်မှ သူ့ကို အထူးအဆန်းသတ္တ၀ါလို ငေးကြည့်လာတဲ့ မှိုင်း ကိုကြည့်လိုက်ဖြင့် အသားတဆတ်ဆတ်တုန်လာသည် ။

မစဉ်းစားဘဲ လုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်က သူ့ကို ထိတ်လန့်စေခဲ့သည် ။ ၀ှက်ထားတဲ့ လက်သည်းလေးတွေကို ရိုင်နာ့ က တစစီ ဆွဲထုတ်နေသည်လို့တောင် ထင်လာမိသည် ။ လက်သည်းတွေ ထွက်လာတဲ့အခါ ရိုင်နာက 'မင်းမှာ ဒီလို ကြောက်စရာကောင်းတဲ့ လက်သည်းတွေ ဘယ်အချိန်ကတည်းက ရှိနေခဲ့တာလဲ ' လို့ မေးလာသလိုတောင် ခံစားလာရသည် ။

ဖြူဖျော့လာသော နှုတ်ခမ်းတို့ဟာ အဖြေတစ်ခု ပေးလိုက်ဖို့ရန်ပင် တုန်ရီလာကာ ထိုနေရာမှ အဝေးသို့ ထွက်ပြေးရန် ကြံရွယ်လိုက်တော့၏ ။

တော်သေး၏ ။ သူ ထွက်ပြေးဖို့ မှိုင်း က ကူညီပေးလိုက်သလိုပင် ။ သူ့လက်ကို လှမ်းဆွဲဖို့ ကြိုးစားနေတဲ့ ရိုင်နာ့ကို မှိုင်း က ဆွဲခေါ်ထားလိုက်သည် ။

You are my husband (Season 1)Completed  Where stories live. Discover now