39

14K 1K 74
                                    

မျက်လုံးဝိုင်းဝိုင်းတို့ကို မျက်တောင်ရှည်တို့က ဖုံးအုပ်နေဆဲ ကာလလေးတစ်ခု၌ ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းဖျားက ပထမဆုံး ရေရွတ်လာခဲ့သည်က...

ကိုကို တဲ့... ။

ဆန်ပြုတ်ပန်းကန်လေးကို ဆုပ်ကိုင်လို့
ဇွန်းကိုင်ထားသော လက်ချောင်းလေးများက ဒဏ်ရာမရှိပါဘဲ အဘိုးကြီးပေါက်စလေးလို တုန်ချိနေ၏ ။ မျက်လုံးဝိုင်းတို့ မကြာခဏ ဝေ့၀ဲလာသည်က ဘေးတွင် ထိုင်နေသော ထည်ဝါလင်းရှိန် ဆီ၌သာ ဖြစ်၏ ။

ရွန်းမီ နှင့် မေမေလေး ထံမှ ဘယ်လောက်စိတ်ပူနေကြောင်း ပြောသံများက ဆေးရုံခန်းလေးထဲ လေတိုး၍ပင် တိုးမပေါက်တော့သည့်နှယ်.... ။

သတိရခါမှ ရောက်လာသူများက အမှတ်ကောင်းကောင်း လိုချင်ကြသည့်ပုံပင် ။

" သား ထန်!  ညီမလေးကလေ သားကို အရမ်းစိုးရိမ်နေရှာတာ... မာမီ ကတောင် အတင်းနားဖို့ပြောနေရတယ် ။ "

မသိရင် တညလုံး ထိုင်စောင့်ပေးခဲ့တယ်ပေါ့.

"ရွန်းမီ က ဘာလုပ်နေလို့ မေမေလေးက အတင်းနားဖို့ တားနေရတာလဲ?  "

ထည်ဝါလင်းရှိန်က သူတို့ စကားဝိုင်းလေးထဲ
ဝင်ရောက်လာသောအခါ မေမေလေး မျက်နှာမှာ
မဲသည်ထက် အမှောင်ရိပ်ကျနေသည့်သဖွယ်...

သူတို့ မဟုတ်တာ ထိုင်ပြောနေသမျှ ငြိမ်ကုပ်ပြီးနားထောင်နေမဲ့အထဲ ထည်ဝါလင်းရှိန်မှ မပါဘဲ... ။

ရွှန်းရွှန်းဝေနေသော စကားဝိုင်းသည် ထည်ဝါလင်းရှိန်ကြောင့် ရုတ်ချည်း တိတ်ဆိတ်သွားတော့၏ ။

အခြေအနေကို ရိပ်စားမိသောအခါ ရွန်းမီက သွက်လက်စွာပင် ခက်ထန် ဘေးသို့ ၀င်ထိုင်ကာ
ဆန်ပြုတ်ပန်းကန်ကို ဆွဲယူလိုက်သည် ။

" မီ ခွံ့ကျွေးမယ်နော် ကိုကို! "

ခက်ထန် အကြည့်များက ထည်ဝါလင်းရှိန်ဆီသို့သာ
ဦးတည်လာလျက် မျက်လုံးဝိုင်းတို့ထဲ အလိုမကျမှုများစွာကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည် ။

" ရတယ် ရွန်းမီ... ငါ့ကိုကို ခွံ့ကျွေးလိမ့်မယ်.. သူ့ကို ပန်းကန်ပေးလိုက်!  "

You are my husband (Season 1)Completed  Where stories live. Discover now