part 3

16.2K 1.1K 30
                                    

" မင်း ဘာလို့ ကိုကြီးနဲ့ လိုက်သွားတာလဲ ခက်ထန်!.... မမ မျက်နှာ ရေနွေးပူနဲ့ ပက်ခံလိုက်ရသလိုပဲ "

မနေ့က မိဘမဲ့ဂေဟာမှာ ဦးထည်နဲ့ လိုက်သွားသည်ကို နွေးက မကျေမနပ်ဖြစ်နေဟန်ပေါ်သည် ။

" ကျွန်တော့်ကို စိတ်ကောက်တာလား ၊ ဘယ်လိုလုပ်မလဲ မ... ကျွန်တော်က မချော့တတ်ဘူး... "

ချော့ချင်စိတ်လည်း မရှိဘူး ။ နွေးဧကရီ နှလုံးသားကို အပိုင်သိမ်းနိုင်ခဲ့ရင် ဦးထည် ကို အလဲထိုးနိုင်လောက်ပြီ ထင်နေခဲ့တာ... ။ သူ ဘယ်လို ပြပြ ဦးထည် က မမြင်ခဲ့ဘူး ။ ပိုပြီးသိသာအောင် နွေးဧကရီ ခြေထောက်ကို သေချာပြူးပြဲပြီး ငုံ့ကြည့်တာတောင် ဦးထည်က မရိပ်မိဘူးလား ။ တကယ်တော့ သူက ငုံ့ကြည့်ရုံလေးပါ ဒါပေမဲ့ ဦးထည်ကတော့ မိန်းမတစ်ယောက်ရှေ့ ဒူးထောက်ချပြီး ခြေထောက်ပါကိုင်ပေးမလို့ စိတ်ကူးနေပုံရသည် ။ ဘယ်လောက်တောင် တန်ဖိုးမဲ့လိုက်တဲ့ အဘိုးကြီးလဲ... ။

" ခက်ထန်!   ခက်ထန်!   "

" ဟမ်!  ပြော ဦးထည်... အဲ... မမနွေး "

" မမနွေးနဲ့ စကားပြောနေတာလေ... ဘယ်က ဦးထည်က ပါလာတာလဲ "

မနေ့က ကိစ္စနဲ့ ဆက်မိပြီး အရှုပ်ကောင်အကြောင်း ခေါင်းထဲရောက်လာတာနဲ့ ပါးစပ်ကပါ နာမည်မှားထွက်သွားမိတာ ...။ ချီးပဲ ထည်ဝါလင်းရှိန်!  ...

" ခက်ထန် ကို သူနဲ့ ကင်းကင်းနေစေချင်တယ် "

" ဘာလို့လဲ... သူက ကျွန်တော့်ကို မွေးစားထားတဲ့လူလေ ၊ ကင်းအောင်နေလို့တော့ ဘယ်ရမလဲ ၊ ကုမ္ပဏီမှာလည်း အမြဲမြင်နေရတာ... "

" တော်ဝင် " လုပ်ငန်းစုကြီး၏ ဥက္ကဌသည် ထည်ဝါလင်းရှိန် ဆိုလျှင် ရာထူးရာခံမရှိဘဲ အလုပ်တာဝန်ကြီးအား တစ်ယောက်တည်း ခေါင်းပေါ်တင်ထားရသည်မှာ တော်ဝင်မင်းခက်ထန် ဖြစ်၏ ။ ဦးထည်က ဒီလောက်ထိ သူ့ကို အညွန့်ခ်ျုးထားခဲ့တာ... ။ လူယုတ်မာ ခွေးတိရစ္ဆာန်ကောင်!  မန်နေဂျာရာထူးလေးတောင်မပေးအပ်ဘဲ သူ့အနားမှာဘဲ ထားကာ အလုပ်ကိစ္စတိုင်းကို ခက်ထန်တစ်ယောက်တည်း၏ ဦးနှောက်ကိုသာ အသုံးချခဲ့တာ ၊ ပြီးရင် ရလာသမျှ အမြတ်တိုင်းက ထည်ဝါလင်းရှိန် ရဲ့ ဘဏ်အကောင့်ထဲ အော်တိုဝင်လေသတည်းပေါ့.... ။ သူ့အပေါ် အမြတ်ထုတ်တဲ့ လူယုတ်မာ ဟုသာ ခက်ထန်က သတ်မှတ်ထားလေသည် ။

You are my husband (Season 1)Completed  Where stories live. Discover now