part 16

15K 1.1K 105
                                    

ရှင်သန်ခြင်းနဲ့  သေဆုံးခြင်း... ။ ဒါဟာ လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်မှု ကို ပြောတာလား ။ နှလုံးသားကို ပြောချင်တာလား ။
ဒါဆို ငါ့ရဲ့ ရှင်သန်ခြင်း က မင်း ဖြစ်သလို သေဆုံးခြင်းကလည်း မင်း ပါပဲ ခက်ထန်! 

'တော်ဝင်' လုပ်ငန်းစုကြီး တစ်ခုရှိတယ် ။ ဒါကို မင်းသိနေပေမဲ့ ပိုင်ရှင်ကိုရော မင်း သိရဲ့လား ။

တစ်ခုပြီးတစ်ခု သင်ကြားပေးခဲ့တယ် ။ နောင်တစ်ချိန်ဆိုတာ မမြင်နိုင်တဲ့ ကံကြမ္မာမို့ လက်ရုံးရည်က စလို့ ကုမ္ပဏီကြီးတစ်ခုလုံးကို ဦးစီးနိုင်တဲ့ အရည်အချင်းတွေ အထိပေါ့... ။

ကျွန်းသေတ္တာဘူးလေးထဲမှာ ငွေစက္ကူလေးတွေ အစီအရီ ထည့်ထားတယ် ။ ငါ ရေတွက်ကြည့်တော့ ၂သောင်း၂ထောင့်၅ရာ ရှိနေတယ် ။ မင်း တစ်ကြိမ်အမှားလုပ်တိုင်း ပိုက်ဆံ ၁၅၀၀ တောင်းခဲ့တာ ငွေစက္ကူလေးနဲ့ပဲ ဖြစ်ဖြစ် အမှတ်တရဖြစ်စရာ အရာလေးတစ်ခု မင်း လက်နဲ့ပေးတာလေး လိုချင်လို့ပါ ခက်ထန်!  ...
မင်း အောင်မြင်တဲ့ကိစ္စတစ်ခုလုပ်ပြီးတိုင်း ငါလည်း ၁၅၀၀ ပြန်ပေးခဲ့တယ် ။ အဲဒါ ငွေစက္ကူလေးပဲလို့ မင်း မြင်နေမှာပါပဲ ။

တော်ဝင် လုပ်ငန်းစု၏ ဥက္ကဌရုံးခန်းထဲတွင် ဖြစ်၏။
ထည်ဝါလင်းရှိန်သည် ထိုင်ခုံရှည်ပေါ်တွင် စိတ်ပျက်အားလျော့ခြင်းတို့ဖြင့် ငူငိုင်လျက် ထိုင်နေသည် ။

ကိုယ့်ချစ်ရတဲ့သူက ကိုယ့်ကို လှည့်စားနေတယ်ဆိုတာကို ကိုယ်က သိနေရတယ် ။ ဘယ်လိုလူမျိုးက ပျော်နိုင်မှာတဲ့လဲ ။

ခြေသံခပ်တိုးတိုးလေးကို ကြားမိသောအခါမှ မော့ကြည့်လိုက်လေသည် ။ မျက်ဝန်းရှည်တို့ထဲတွင် တည်ရှိနေသော အားငယ်ခြင်းများက အရှေ့မှလူအား မြင်သည်နှင့် ဟန်ဆောင်ထိန်းချုပ်ကာဖြင့် ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။

" အကို "

အသံတို့က တိုးညှင်းစွာ ထွက်ပေါ်လာကာ
ဧည့်သည်အတွက် တစ်ခုခုပြင်ဆင်ပေးရန် အတွင်းရေးမှူးအား ဖုန်းဖြင့် အကြောင်းကြားပြီးနောက် အကို့ကို လောကွတ်ပျူဌာစွာဖြင့် ဧည့်ခံသည် ။ နောက်တွင် ပါလာသော ပုံရေးမှာလည်း အကို့ကို ငေးမဆုံးဖြစ်နေသည်ကို မြင်မိ၍ မည်သည့်စကားစ၍ဆိုရမည်ကိုပင် မသိတော့ချေ။

You are my husband (Season 1)Completed  Where stories live. Discover now