Part 17

14.7K 1.1K 101
                                    

" ငါတို့ ပြောထားတဲ့အတိုင်းပဲ ခက်ထန်!  ငါ ကိုးလ်ကို ခေါ်သွားမယ် "

အကို က ဒီအခြေအနေထိရောက်အောင် ခက်ထန်နဲ့ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတာ နားလည်သွားခဲ့ပြီ ။

ထည်ဝါလင်းရှိန် ဆိုတာ ခက်ထန် အကြောင်းက လွဲရင် ဘယ်သူ့အကြောင်းမှ မသိခဲ့သလို ခက်ထန်ရဲ့ ကြံစည်မှုတွေကလွဲရင် ဘယ်သူ့ကြံစည်မှုကိုမှ အလေးအနက် မထားခဲ့မိဘူး ။ အထူးသဖြင့် ယုံကြည်ရသူတွေရဲ့ လှည့်စားမှုအသေးစားလေးတွေကိုပေါ့... ။ သူက မဟာနေသွေးကို ယုံကြည်ခဲ့တယ်လေ ။

အခုချိန်ထိ ခက်ထန် ဆီက အသံတစ်သံ ထွက်မလာသလို အရာအားလုံးဟာလည်း တိတ်ဆိတ်လွန်းနေ၏ ။ ခက်ထန်က သူ့လူတွေအင်အားကို အားကိုးပြီး ရိုင်နာနဲ့ ပုံရေးကို ဆွဲထုတ်သွားဖို့ အမိန့်ပေးလိုက်သည် ။ ဒါ သူ သိခဲ့တဲ့ ခက်ထန်ပေါက်ကလေးရဲ့ အသံနဲ့တောင် သိပ်မတူတော့သလိုမျိုးပဲ ။ ကြည်လင်ပြတ်သားပြီး ဩဇာပြင်းရှလွန်းနေခဲ့၏ ။

အကိုက သူ့ကို လိုချင်လို့ ခက်ထန်နဲ့ ပူးပေါင်းခဲ့တယ်... ။ ခက်ထန်က ပေးမတဲ့လား အကိုရယ် ဟု စိတ်ထဲ ကြိတ်ပြီး အကို့ကို လှောင်ရယ်မိသွားတယ် ။

" ခင်ဗျားအတွက် ကျုပ် သေချာပြင်ပေးထားပါတယ်.... ။ ထည်ဝါလင်းရှိန်လို အိုကြီးအိုမ ထက် အများကြီး ပိုသာမှာပါ... ကျုပ် စေတနာကို လက်ခံပေးပါဦး! "

Good job ခက်ထန်... မင်းလား ? ငါ့ကို သူများဆီပေးလိုက်မှာ... ။

အကို့ အတွက် ရယ်တောင်ရယ်ချင်မိသွားတယ် ။ စိတ်မကောင်းဘူး အကို! 

" တော်ဝင်မင်းခက်ထန်!  သဘောတူထားတဲ့အတိုင်းပဲ လုပ်ကြရအောင်လား .... "

" အာ... ဒုက္ခပါပဲ ။ ကျုပ်က အပေးအကမ်းတော့ရက်ရောပါတယ် ။ ဒါပေမဲ့ စေတနာရှိသလောက်ပဲ ပေးတတ်တာ... အပိုတွေအဆစ်တွေ မပေးတတ်ဘူး ။ ခင်ဗျားက ကျုပ်မပေးချင်တာကို လာတောင်းနေတာပဲ "

ခက်ထန်သည် သူ့အား မျက်လုံးစိမ်းကြီးများဖြင့်စိုက်ကြည့်နေသော မဟာနေသွေးကို ခနဲ့ပြုံးလေးဖြင့် တုံ့ပြန်ကာ
ထည်ဝါလင်းရှိန်အရှေ့တွင် ဒူးထောက်လျက်ထိုင်ချလိုက်သည် ။ ထည်ဝါလင်းရှိန်၏ ပြုတ်ထွက်နေသော ကြယ်သီးလေးများကို ပြန်လည်တပ်ဆင်ပေးပြီးနောက်
လည်တိုင်ပေါ်မှ အနီကွက်များကို မြင်သောအခါ
မေးရိုးတို့ထင်းလင်းစွာပေါ်လာလျက် အံတင်းတင်းကြိတ်ထားလေ၏ ။ သူ့ကို ပြန်မကြည့်လာသော ထည်ဝါလင်းရှိန်၏ မျက်နှာလေးအား လက်တစ်ဖက်ဖြင့် ညှစ်ကာကိုင်လျက် စူထွက်လာသော နှုတ်ခမ်းလေးပေါ်သို့ သူ၏ နှုတ်ခမ်းသားဖြင့် ထပ်တူကျစေခဲ့သည် ။ သူ့လုပ်ရပ်များကို ငြိမ်သက်စွာ ခံယူနေသော ထည်ဝါလင်းရှိန်၏ နှုတ်ခမ်းသားများကို သွားစွယ်ချွန်လေးဖြင့် ကိုက်ဖောက်ကာ သွေးစက်တို့ကို ကြမ်းပြင်ပေါ်သို့ ကျစေခဲ့သည် ။ နာကျင်ကာ ရှုံ့မဲ့သွားသော ထည်ဝါလင်းရှိန်ကို လက်မောင်းတစ်ဖက်မှ ဆွဲမပြီးနောက်
ယခုအချိန်ထိ ကြောင်အစွာ ငေးကြည့်နေသော မဟာနေသွေးဘက်သို့ လှည့်လျက်...

You are my husband (Season 1)Completed  Where stories live. Discover now