Episode-1

135K 4.4K 132
                                    

(ZAWGYI)
  
မိမိ၏ ဘေးနားမှ တိုးညှင်းသောအသံလေးကြောင့် ' ပန်းဥယျာဉ်မှူး ' မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ တအဲ့အဲ့အသံလေးသည် သူ၏ နားထဲသို့ တိုးဝင်လာသောကြောင့် အိပ်နေရာမှ ကပြာကယာထကာ ခုတင်ပေါ်က ဆင်းပြီး ဘေးနားမှ ခြင်းလေးဆီသို့ အမြန်သွားရသည်။

လေးထောင့်သဏ္ဍာန် ခြင်းလေးထဲမှ သေးငယ်လှသော ကလေးလေးက လက်သေးသေးလေးကို ပါးစပ်ထဲထည့်ကာ စုပ်နေသည့်အတွက်သူချက်ချင်း လက်သေးသေးလေးကို ထုတ်ပေးလိုက်သည်။

မျက်လုံးပင်တော်ရုံမဖွင့်နိုင်သော ကလေးလေးသည် မျက်နှာလေး ရှုံ့မဲ့ကာ အော်ငိုမလိုဖြစ်လာသည်မို့ ချက်ချင်း နို့ဗူးပြေးဖျော်ရတော့သည်။အပူချိန်ကို အသင့်အတင့်ထားပြီး ကလေးသောက်၍ရသော အနေအထားရောက်မှ ချက်ချင်းဆိုသလို ခြင်းနားပြန်လာရသည်။

ပက်လက်ကလေး အော်ငိုနေသည့်ကလေးလေးကြောင့် ပန်းမှူးလည်း အသာလေးပွေ့ချီကာ ရင်ခွင်ထဲတွင်ထည့်ပိုက်ထားလိုက်သည်။သူ၏ တံတောင်သာသာလေးသာရှိသည့် ၁လသားကလေးလေးမှာ ဝက်ဝံပုံ အင်္ကျီလေးနှင့်ချစ်စရာကောင်းနေ၏။

နို့ဗူးလေးကိုသေချာကိုင်ပေးပြီး ကလေးလေးကို နိ့တိုက်ရသည်။ စောနကလေးတင် ငိုတော့မလိုဖြစ်နေသည့် ကလေးလေးမှာ အခုတော့ ငြိမ်သက်သွားပြီး ပန်းမှူး၏ လက်တွင်ကိုင်ထားသောူနို့ဗူးလေးကို အားပါးတရစို့နေလေသည်။

ကလေးလေးသည် နို့ဆာနေပုံရသည်။ မိခင်နို့ရည်မဟုတ်တော့မတင်းတိမ်ပုံ။ အများကြီးစို့နေလျှင် ဗိုက်ကယ်သွားမည်ကိုလည်းစိုးရိမ်ရသေးသည်။ လက်တစ်ဖက်က ကလေးကိုပွေ့ပိုက်ထားပြီး နောက်တစ်ဖက်က နို့ဗူးလေးကို ကိုင်ပေးရင်း မွေ့ရာပေါ် ထိုင်လိုက်သည်။

စားပွဲပေါ်မှာ နာရီကိုကြည့်လိုက်သောအခါ မနက်၃နာရီတောင်ရှိပြီဖြစ်သည်။ အိပ်ချင်စိတ်ကြောင့် သူလည်း သန်းဝေလိုက်ပြီး ကလေးလေး၏ တင်ပါးလေးကို ဖွဖွလေးပုတ်ပေးလိုက်၏။

ခဏအကြာ ဗိုက်ဝသွားသည့် ကလေးလေးသည်မျက်လုံးလေးများမှေးစင်းကာ နီရဲရဲသွားဖုံးလေးများပေါ်သည့်အထိ သန်းလာလေသည်။နှတ်ခမ်းဘေးနားမှ ပေနေသော နို့ရည်တွေကို အဝတ်နုနုလေးနှင့်ဖွဖွသုတ်ပေးလိုက်ပြီး ပါးအိအိလေးကို နမ်းလိုက်၏။

The Billionaire HusbandWhere stories live. Discover now