Episode-19

29.7K 2.7K 177
                                    

(ZAWGYI)
  
ပန်းမှူးသည် အားလပ်နေ၍ laptop တစ်လုံးနှင့် Online သုံးနေစဉ် ဆက်တိုက်တက်နေသည့်သတင်းများကြောင့် အာရုံစိုက်ကာကြည့်နေလိုက်သည်။ သန်းခေါင်နှင့်မေလီတွဲနေသည်ဆိုသာအကြောင်းများသည် နာမည်ကြီးနေ၍ ပန်းမှူးမှာ ပန်းသီးစားနေရင်း မျက်ခုံးပင့်လိုက်သည်။

မေလီဆိုသော မိန်းကလေး၏ account တွင် သန်းခေါင်ပါသော ပုံများကိုလည်းတင်ထားသေးသည်။ပုံများသည် တမင် ထိုသို့ထင်စေရန် ကြံရွယ်ထားမှန်းသိသာလှသည်။ သူမသည် နောက်ခံတွင် သန်းခေါင်မင်းထင် ပါသည်ဟု လူအများကို ကြွားဝါချင်နေသည်မှန်းပန်းမှူးသိလိုက်သည်။

သန်းခေါင်မင်းထင်၏ fans များသည်လည်း ထိုကိစ္စကြောင့်အသဲကွဲကြသော်လည်း မေလီနှင့်သန်းခေါင်အား သဘောတူသူများသည် ၎င်းတို့၏ ခန့်မှန်ချက်မှာမှန်သည်ဟုဆို၍ အောင်ပွဲခံနေကြလေသည်။ထို့အပြင် မေလီအား သဘောကျနှစ်သက်သည့် အမျိုးသားထုကြီးသည်လည်း ကြေကွဲနေကြသေးသည်။

ပန်းမှူးသည် online ပေါ်တွင် ဂယက်ရိုက်နေသည့် ကိစ္စများအား ခေတ်နောက်မကျစေရန်တွေ့သမျှ link အကုန်ဝင်ကာ လေ့လာစူးစမ်းနေရသည်။ နောက်ဆုံးတွင်သူသည် ထိုကိစ္စအားသန်းခေါင်မင်းထင်ဘက်မှ မငြင်းဟု သိသွားလေသည်။မေလီသည်လည်းထိုကိစ္စအား မငြင်းသလို သန်းခေါင်သည်လည်း ငြင်းချက်မထုတ်သေးသည့်အတွက် ထိုကိစ္စသည် 99% မှန်နေသည်ဟု ကောက်ချက်ချကြလေသည်။

ပန်းမှူးက မေလီနှင့် တရင်းတနှီးဖြစ်နေသည့်သန်းခေါင်၏ ပုံကိုကြည့်ကာ စိတ်ထဲ စိတ်ပျက်လာရသည်။သန်းခေါင်၏ရင်ခွင်ထဲသို့ ရောက်နေသည့် မိန်းကလေးကိုလည်း အံ့သြရသည်။ထိုမိန်းကလေးသည် သန်းခေါင်နှင့်ရတ်ီမကွာရှင်းခင်ကတည်းက ထိုကဲ့သို့ မရှင်းမရှင်းနေတတ်သည်ကို ပန်းမှူးစုံစမ်းသိရှိသွားပြီဖြစ်သည်။ထို့ကြောင့် ယခုကိစ္စနှင့်ပက်သက်၍ သန်းခေါင်အား စိတ်ပျက်မိသော်လည်း ထိုမိန်းကလေးကိုပါ စိတ်ပျက်မိလေသည်။အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နှင့် ထိုကဲ့သို့နေတတ်သည့်မိန်းကလေးကိုလည်း အထင်မကြီးမိချေ။

ပန်းမှူးက ပန်းသီးစိတ်အားဝါးကာ ထိုဂယက်အား လေ့လာနေဆဲ ရှိသမျှ post များအားလုံးသည် ပျောက်ကွယ်ကုန်လေသည်။ရုတ်တရက် Online uesr အားလုံးတို့သည် ခတ္တ error ဖြစ်သွားပြီးနောက် ပြန်ပေါ်လာသည့်အခါ သန်းခေါင်နှင့် မေလီ၏ အကြောင်းအားပြန့်ထားသော account မှန်သမျှပယ်ဖျက်ခံရကာ အလွန်အကြူးသတင်းဖွသော လူများသည်လည်း ၎င်းတို့၏ ဆုံးရှုံးသွားသော account များကြောင့် အံ့သြသွားကြလေသည်။

The Billionaire HusbandWhere stories live. Discover now