Episode-27

30.5K 2.6K 128
                                    

(ZAWGYI)
  
မနက်တိုင်း သန်းခေါင်ကျောင်းသွားသည့်အခါ ပန်းမှူးသည် ကလေးနှစ်ယောက်အား တစ်လှည့်ဆီနမ်းစေပြီး နှုတ်ဆက်စေသည်။ အပြန်အလှန်အနမ်းများပေးပြီးမှ သန်းခေါင်သည်လည်းကျောင်းသွားတတ်သည်။

ထွက်သွားသည့် ကားအနက်လေးကို ကြည့်နေရင်း အနားရောက်လာသည့် အန်တီလဲ့ကြောင့်ပန်းမှူးက လှည့်ကြည့်လိုက်မိသည်။

ကလေးနှစ်ယောက်အား သဘောတကျကြည့်နေသည့် အန်တီလဲ့က ချိုသာအသံနှင့်ဆိုလေသည်။

"သန်းခေါင်ကတော့ ဝမ်းသာနေမှာပဲ အခုလိုအခြေအနေလေးကို"

"သူသဘောကျလောက်လား အန်တီလဲ့"

ပန်းမှူးကမေးရာ သူမက ဝမ်းသာအားရနှင့်ဆိုလေသည်။

"မကျစရာလား ။ သေချာပေါက်သဘောကျမှာပဲ၊အရင်ကဆို ကျောင်းတက်တဲ့နေ့တိုင်း သူတစ်ယောက်တည်းရယ် သန်းခေါင်က ဒီအိမ်ကို သူတစ်ယောက်တည်းရောက်လာတဲ့အချိန်ကတအားသနားစရာကောင်းတယ်။မိဘလဲမရှိတော့၊ဦးဓနကလဲ တအားကြီးအနီးကပ်ဂရုမစိုက်ဘူးလေ။ နဂိုကတည်းက အနေတည်တာလဲပါတာပေါ့။ သန်းခေါင်က အမြဲတမ်းလိုလို တစ်ယောက်တည်းပဲ အပြင်သွားလဲတစ်ယောက်တည်း ကျောင်းသွားလဲ တစ်ယောက်တည်း၊မိသားစုကအနားမရှိတော့ ထုတ်မပြောပေမဲ့ အထီးကျန်နေရှာမှာပဲ"

အန်တီလဲ့၏ စကားကြောင့် ပန်းမှူးသည် ငြိမ်သက်သွားပြီး သန်းခေါင်မင်းထင်အပေါ် သနားစိတ်ကလေးဝင်လာလေသည်။

ပန်းမှူးကဖြင့် ငယ်ငယ်ကတည်းက မိဘနှစ်ပါး၏ အလိုလိုက်မှုကိုခံရသည်။နှစ်အကြာကြီးအတူတူမနေရသော်လည်း ရှိနေချိန်အတွင်း ပျော်ရွှင်စွာနေခဲ့ရသည်။မိဘများသည်ငွေကြေးမပြည့်စုံ ၊ မချမ်းသာသော်လည်း ပန်းမှူးကိုဖြင့်အမြဲတစေ ပျော်ရွှင်အောင်ထားတတ်သည်။

သို့သော် သန်းခေါင်ကဖြင့်သနားစရာကောင်းလှသည်။ ငွေကြေးဥစ္စာပြည့်စုံသော်လည်း မေတ္တာတရားအား မရ။မိသားစုနှင့်နွေးထွေးစွာနေခဲ့ရပုံမရချေ။ထို့ကြောင့်လည်းယခုလို ပုံဖြစ်နေခြင်းပင်။

သန်းခေါင်မှာ ကလေးနှစ်ယောက်အား အရင်ကထက်ပို၍ ဂရုစိုက်လာသည်။ သို့သော် ကလေးနှစ်ယောက်အား ချစ်သည် ဟုတစ်ခါမှမပြော။ထိန်းကျောင်းပေးတတ်သော်လည်း ချစ်စကားမပြော၍ ပန်းမှူးမှာအင်တင်တင်ဖြစ်ရသည်။

The Billionaire HusbandWhere stories live. Discover now