Episode-41

34.6K 2.4K 182
                                    

(ZAWGYI)
  
လမ်းလျောက်ကာ ဆော့ကစားနေသော ကလေးနှစ်ယောက်ကို ကြည့်ရင်းပန်းမှူးသည်အတွေးများနေမိသည်။လွန်ခဲ့၁ပတ်ခန့်က ကလေးနှစ်ယောက်၏ မွေးနေ့ပွဲညတွင် သူနှင့် သန်းခေါင်မှာ အတူတူနေခဲ့ကြသည်။သို့သော်  ပန်းမှူးမှာ ပင်ပန်း၍ အိပ်ပျော်ခါးနီး ရုတ်တရက်ကြားလိုက်ရသာ ခပ်သဲ့သဲ့အသံကြောင့် ဇဝေဇဝါဖြစ်နေမိသည်။

ထိုစကားသံအား နားထောင်ကြားနေဆဲဖြစ်၍ ပန်းမှူးမှာနေမရထိုင်မရဖြစ်လာလေသည်။သန်ခေါင်မင်းထင်က တကယ်ပဲ ထိုသို့ပြောခဲ့သလား၊ဒါမှမဟုတ် မိမိကပဲ နားကြားလွဲသွားသလားမသိ။

ပန်းမှူးမှာ ပင်ပန်းလွန်း၍ အိပ်ပျော်ဆဲဆဲ၌ ကြားလိုက်ရသော အသံအား အတည်မမှတ်ယူရဲချေ။မိမိကပဲ ကယောင်ကခြား ကြားချင်သည်ကိုကြားမိသွားတာလားမသိ။ပြန်မေးရအောင်လည်းသန်းခေါင်မင်းထင်မှာ ထိုကိစ္စနှင့်ပက်သက်၍ တစ်ခွန်မှမဟ။ပုံမှန်အတိုင်းပင်ဖြစ်နေ၍ ပန်းမှူးသည်စိတ်ထဲကိကအောက်ဖြစ်ရသည်။

အမှန်ပဲသန်းခေါင်က ပြောသည်ဆိုလျှင် သူသည်မည်သို့တုန့်ပြန်ရမည်နည်း။သို့သော် ထိုစကားအာ မပြောခဲ့လျှင်ရော။ ပန်းမှူးမှာ ဘေးနားတွင်ရှိသော အညိုရောင်ခေါင်းအုံးလေးကို ဆွဲကာ ရင်ခွင်ထဲ၌ဖက်ထာရင်း ငြိမ်သက်နေမိသည်။

သူသည် သန်းခေါင်နှင့်မျက်နှာချင်းဆိုင်ကာ ထိုစကားအာပြောခဲ့သလားဟု မေးကြည့်ချင်သည်။ သို့သော် ထိုစကားအား သန်းခေါင်ကမပြောခဲ့ဘဲ မိမိကသာ တစ်ဖက်သက်ကြားယောင်နေခြင်းဆိုလျှင် အရှက်ကွဲရဦးမည်။

ထို့ကြောင့် ပန်းမှူးမှာ ထိုမသဲမကွဲ ကြားလိုက်ရသော စကားကို နားထဲမှ မထုတ်ချင်ထုတ်ချင်နှင့်ထုတ်ကာ ခေါင်းရှင်းပစ်လိုက်သည်။

မဟုတ်လျှင် သူသည် သန်းခေါင်မင်းထင်၏ စကားသံကို ကြားယောင်ကာ ကြောင်တောင်တောင်ဖြစ်နေလိမ့်မည်။

ပန်းမှူးသည်လည်း တစ်နေ့ပြီးတစ်နေ့အိမ်ထဲ၌သာနေခဲ့သည်။သူသည် ကလေးနှစ်ယောက်အား ထိန်းကျောင်းရင်း ပြည့်ပြည့်ဝဝအနားယူရာ ပင်ပန်းကာ အနည်းငယ်ပိန်သွားသောကိုယ်လုံးသည် ယခုအခါ၌ ပုံမှန်ပြန်မဖြစ်လာလေသည်။အာဟာရစရှိသော အစားအစာများနှင့်အိပ်ရေးဝဝအိပ်ခါ အနားယူရန် အမြဲတမ်း မှာကြားနေသော သန်းခေါင်မင်းထင်ကြောင့်လည်းပါသည်။

The Billionaire HusbandWhere stories live. Discover now