Episode-30

30.8K 2.6K 62
                                    

(ZAWGYI)
  
ပန်းမှူးသည် အိပ်ပျော်နေစဉ် ကလေးငိုသံကြောင့်လန့်နိုးသွားရသည်။ခါတိုင်း ကလေးနှစ်ယောက်မှာ ညဘက်တွင်မငို။ငယ်ငယ်တုန်းကငိုသော်လည်း ယခုကြီးလာသည့်အခါ မငိုတော့ပေ။အပေါ့အပါးသွားချင်သည့်အခါမျိုးဆိုလျှင်လည်း အသံလေးမျာပေးကာ နှိုးတတ်သည်။

သို့သော် ယခုတွင် ကလေးငိုသံမှာအတော်လေးကျယ်လောက်နေ၍ ပန်းမှူးက ချက်ချင်းစောင်ကိုဖယ်ကာ မွေ့ရာပေါ်မှဆင်းပြီး ကလေးနှစ်ယောက်ဆီကိုသွားကြည့်လိုက်သည်။

ငိုနေသူမှာ အငယ်လေးဖြစ်နေပြီး မချိမဆန့်အော်ငိုနေ၍ ပန်းမှူးသည် အခန်းမီးကို ဖွင့်ကာကြည့်လိုက်သည်။ဖြူဖွေးနေသော မျက်နှာတစ်ပြင်လုံး နီရဲကာ မျက်ရည်များ ဒလဟောကျသည့်အထိ အော်ဟစ်ငိုကြွေးနေသည့် အငယ်လေးကြောင့် ပန်းမှူးမှာစိတ်ပူသွားပြီး ကပြာကယာပွေ့ချီလိုက်သည်။ ကလေး၏ အသားမှာပူကျစ်နေပြီး အသက်ရှူကလည်း ပြင်းနေကာ တရှူးရှူးဖြစ်နေသည်။ တတ်မတတ်ချက်မတတ် အော်ငိုနေသည့် ကလေးကြောင့် ပန်းမှူးသည် သူကိုယ်တိုင်ပါထိတ်လန့်သွားပြီး အငယ်လေးကို ရင်ခွင်ထဲ ထည့်ပိုက်ကာ သန်းခေါင်၏အခန်းသို့ပြေးလေသည်။ကလေးကလည်း ငိုနေဆဲဖြစ်၍ ပန်းမှူးမှာ တုန်ယင်နေပြီး အခန်းတံခါးကို အလောတကြီးခေါက်လိုက်သည်။

"တံခါးဖွင့်ဦး! သန်းခေါင် !"

ချက်ချင်းတံခါးပွင့်လာသည့်သန်းခေါင်က ပန်းမှူးကို မြင်တော့ အံ့သြသွားသည်။ ပန်းမှူးက မျက်ရည်များဝဲကာ ကလေးကို ပွေ့ထားရင်း သန်းခေါင်ကို ပြောလေ၏။

"အငယ်လေးက ဖျားနေတယ်၊အသားတွေပူကျစ်နေတာပဲ ၊ ငါကို ဆေးရုံလိုက်ပို့ပေး အခု!"

"ခဏ ကလေးကိုပြဦး"

သန်းခေါင်က ကလေးကိုစမ်းကြည့်သောအခါ အတော်လေးပူကျစ်နေသည်။ငိုသံသဲ့သဲ့လေးကလည်း ထွက်နေကာ မောပန်းနေပုံရသည့်အတွက်ကြောင့် သန်းခေါင်လည်းအလွန်စိုးရိမ်သွားရသည်။

အိမ်ကို doctor ခေါ်ကု၍မဖြစ်။ပစ္စည်းကိရိယာက စုံလင်မှာမဟုတ်။ထို့နောက် doctor ကလည်း ယခုအချိန် အလျင်အမြန်ရောက်လာမှာမဟုတ်ပေ။ထို့ကြောင့် သန်းခေါင်က အခန်းထဲမှ long coat နှစ်ထည်ကိုယူငါ ပန်းမှူးကို တစ်ထည်ပေးလိုက်ပြီး နောက်တစ်ထည်အား အငယ်လေးကို ပတ်ထားကာ ထွေးပွေ့ထားလိုက်သည်။ငိုကြွေးနေသည့်ကောင်လေးကြောင့် ပန်းမှူးသည် မျက်ရည်များကျဆင်းကာ အိမ်အပြင်ဘက်သို့ ထွက်လာလိုက်တော့သည်။ အန်တီလဲ့ကို အခန်ထဲမှ အကြီးလေးကို ကြည့်ထားပေးရန် မှာခဲ့ပြီး သန်းခေါင်နှင့်အတူ ဆေးရုံသို့ထွက်လာလိုက်သည်။

The Billionaire HusbandWhere stories live. Discover now