Episode-4

36.5K 3.2K 295
                                    

(ZAWGYI)
  
သန်းခေါင်သည် ထုံးစံအတိုင်း Silver Club သို့ရောက်လာခဲ့သည်။သူက အမြဲတမ်း ထို club သို့လာတတ်ပြီး အချိန်ဖြုန်းလေ့ရှိသည်။

အိမ်တွင်လည်းမကပ်။ရတီဝင့်ဝါနှင့် လက်ထပ်ထားစဉ်ကလည်း အပြင်မှာသာအနေများသည်။ရှုပ်ထွေးသော အိမ်ထောင်သည်ဘဝအား မဖြတ်သန်းချင်ပေ။

Club အတွင်းပျော်ပါးမြူးထူးနေသော အများစုမှာ ချမ်းသာသော အိမ်များမှ သခင်လေး ၊ သခင်မလေးများဖြစ်ကြသည်။အချင်းချင်း မိတ်ဆွေဖွဲ့စကားပြောဆိုကြပြီး ရင်းနှီးသွားသူများလည်းရှိသည်။

Club ပိုင်ရှင်သည် သန်းခေါင်လာပေးခြင်းကိုပင်ကျေးဇူးတင်နေပြီဖြစ်သည်။ DEFAN ၏ ပြစ်မှုစည်းကမ်းများသည် မျက်နှာလိုက်ခြင်းမရှိဘဲ တန်းတူအပြစ်ပေးတတ်သည်။မည့်သူ့သားသမမီးဖြစ်၍ မည်သူ့မြေးဖြစ်၍ ဟူကာ မျက်နှာလိုက်ခြင်းမရှိပေ။

သို့သော် လူအများစုကတော့ ထိုစည်းကမ်းအား ကွယ်ရာတွင်ဖောက်ဖျက်လေ့ရှိသည်။လိုက်နာသည့်လူရှိသလို မလိုက်နာသည့်လူလည်းရှိသည်။

သန်းခေါင်သည် သမ္မတဟောင်းဦးဓနမင်းထင်၏ မြေးဖြစ်သည့်အတွက်ကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံရသည်။ မိန်းကလေးများသည်သာမက တချို့သော ယောကျာ်းလေးများသည် သန်းခေါင်၏ အနားသို့ကပ်ချင်ကြသည်။

သန်းခေါင်၏ ရည်းစားဖြစ်လျှင် သူတို့သည်ဂုဏ်တက်သည့်သလို ဖြစ်နေလေသည်။

Club အတွင်း ရောင်စုံမီးလုံးများကိုသာဖွင့်ထားပြီး အနည်းငယ်မှောင်နေ၏။ သီချင်းသံများနှင့်အတူ ကနေသော လူငယ်များအား ကြည့်ကာသန်းခေါင်သည် လက်ထဲမှအရက်ခွက်ကိုမော့သောက်လိုက်သည်။

ထိုအခါ ရှေ့နားတွင်ထိုင်နေသော အုပ်စိုးက သန်းခေါင်၏ ပုံစံကိုကြည့်ကာဆို၏။

"မင်းပုံစံကိုကြည့်ရတာ တစ်မျိုးပဲ ၊ ဘာဖြစ်နေတာလဲ"

" ငါကဘာကိုလဲ "

"မင်းတစ်ခုခုကိုစိတ်တိုင်းမကျဖြစ်နေတယ်မလား၊ မင်းရုပ်ကိုကြည့်တာနဲ့သိသာတယ်ဟေ့ကောင်"

အုပ်စိုးက ခပ်ဟဟရယ်မောရင်းဆို၏။သန်းခေါင်လည်း စိတ်ထဲတွင် ဒေါသထွက်သလို ၊ စိတ်တင်းကျပ်နေသလိုဖြစ်နေ၏။

The Billionaire HusbandWhere stories live. Discover now