Episode-28 •

37K 2.7K 123
                                    

(ZAWGYI)
  
အတန်းနားချိန် မိနစ်၃၀ရသည့်အတွင်း ကျောင်းသားများသည် အနားယူရန်ကြိုးစားကြသည်။သို့သော် အများစုကဖြင့်အခန်းထဲတွင်မနေဘဲအပြင်သို့ထွက်သွားလေသည်။

သန်းခေါင်နှင့် အုပ်စိုး အပါအဝင် အတန်းထဲ၌လူ၎ယောက်ခန့်သာကျန်ခဲ့တော့သည်။ကျန်နှစ်ယောက်သည်လည်း သူ့အလုပ်နှင့်သူရှုပ်နေ၍ စာသင်ခန်းမှာ တိတ်ဆိတ်နေသည်။

အထူးတန်းမှ ကျောင်းသားများသည် ဉာဏ်ရည်မြင့်မားကာ စာတော်ကြသည်ချည်းဖြစ်သည်။အများစုသည် သူဌေးမျိုးဆက်များဖြစ်ကာ အားလုံးလိုလိုမှာ အပြိုင်အဆိုင်များလည်းရှိကြသေးသည်။

၎င်းတို့သည် အားလပ်ချိန်လည်း အနည်းငယ်သာရှိပြီး အများအားဖြင့် စာနှင့်သာလုံးပန်းနေကြရသည်။ထို့အပြင် ဘက်စုံတော်စေရန်လည်းလေ့လာဆည်းပူးရသည်။

ထိုကဲ့သို့ အထူးတန်းမှ ဘွဲ့ရသွားသော ကျောင်းသားများသည် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင်နေရာယူကြရလေသည်။တစ်ချို့သည်လည်း ၎င်းတို့ဝါသနာပါရာ အလုပ်ကို လုပ်ဆောင်ကြပြီး တစ်ချို့သည် နိုင်ငံတော်၏ တာဝန်များကို နေရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ကြသည်။

အများစုသည် ရှေ့တွင်ပြုံးရွှင်နေသော်လည်း နောက်ကွယ်တွင် အပြိုင်အဆိုင်များရှိကြသည်။အထူးတန်းထဲ၌ မည်သို့ပင် ပြိုင်ဆိုင်နေစေကာမူ သန်းခေါင်မင်းထင်သည် အရေးမစိုက်အား။အားလပ်ချိန်၍ ဘေးနေရာလွတ်ခုံပေါ်တွင် ခြေထောက်ဆင်းထားကာ လက်ပိုက်လျက်မျက်လုံးမှိတ်အနားယူနေလေသည်။

သူ၏ စိတ်ထဲတွင် စာသင်ရသည်မှုအတော်လေးပျင်းစရာကောင်းသည်ဟုထင်မိသည်။သိပြီးသားစာများကို ထပ်ခါထပ်ခါလုပ်နေရင်း ပျင်းလွန်းကာ အိပ်ချင်စိတ်များပေါက်လာရသည်။

တိတ်ဆိတ်ကာ အနားယူနေသည့်သန်းခေါင်ကိုကြည့်၍ အုပ်စိုးက မျက်မှောက်ကြုတ်ကာအကဲခက်နေလေသည်။ သူ၏ စိတ်ထဲ၌ သံသဃပေါင်းများစွာကိန်းအောင်းနေဆဲပင်ဖြစ်သည်။

ဟိုတလောက သန်းခေါင်၏ အိမ်သို့သွားရင်းမြင်ခဲ့ရသော  အမြွှာလေးထဲမှ အငယ်လေးတွင် ရှိနေသည့် အနက်ရောင် မွေးရာပါအမှတ်ကြီးသည် သူ၏ ခေါင်းထဲသို့ခဏခဏဝင်လာသည်။

The Billionaire HusbandWhere stories live. Discover now