Episode-36

25.9K 2.2K 212
                                    

(ZAWGYI)
  
ိလိုက်ကာစများ ဖွင့်လှစ်ထား၍ အခန်းထဲမှ အပြင်ဘက်တောအုပ်ကလေးကို မြင်နေရသည်။နေရောင်ခြည်ဖျော့ဖျော့သည်မှန်ကိုဖြတ်ကျော်၍ခန်းထဲရောက်နေသည့်အတွက် အခန်းမီး၏ အလင်းရောင်ထက်ပင်ပို၍တောက်ပနေသေးသည်။

ပန်းမှူးသည် မှန်ရှေ့တွင်ရပ်ကာ သူ၏ မျက်နှာကို ကြည့်နေမိသည်။သူသည် ထိုမျက်နှာကိုမရင်းနှီးဟုခံစားရသည်။ထို့အပြင် သူသည် ယခုအခြေအနေကို စိမ်းသက်နေသလိုခံစားနေရသည်။

တစ်ဖန်မွေးဖွားလာသော ၊ မှတ်ဉာဏ်မရှိသေးသော ကလေးတစ်ယောက်နှယ် သူ၏ ခေါင်းထဲ၌ ဘာဆိုဘာမှရှိမနေ။မိမိ၏ ရုပ်ရည်ကိုပင်မမှတ်မိသလို နာမည်ကိုလည်းမသိ။အနီးနားမှမိတ်ဆွေများကိုလည်းမသိ။ပန်းမှူးမှာ ဦးခေါင်းထဲ၌ ဗလာဖြစ်နေကာ ခံစာချက်မရှိသလိုပင်ဖြစ်နေလေသည်။

သူသည် မျက်လုံးအောက်တွင်ရှိသော သူ၏ မှဲ့နီကလေးကို လက်ဖြင့်တို့ထိကြည့်လိုက်သည်။မှန်ထဲမှမျက်နှာလေးသည် အတော်လေးကြည့်ကောင်းသည်။ဖြူဖွေးကာ ကြည်လင်နေသောမျက်နှာဖြစ်ကာ အေးချမ်းသောအသွင်လည်းဆောင်နေသေးသည်။

သို့သော် သူသည် မည်သို့ပင်စဉ်းစားနေပါစေတစ်စုံတစ်ရာကို မမှတ်မိ။ထို့အပြင် တစ်ခြားသော ကမ္ဘာကိုရောက်နေသည့်နှယ်ခံစားနေရသည်။

ထို့အပြင်သန်းခေါင်မင်းထင် ပြောသလို ကလေးနှစ်ယောက်သည် သူတို့၏ ကလေးဖြစ်သည်။တကယ်တမ်းလည်း ကလေးလေးတစ်ယောက်သည် သူ၏ မှဲ့လေးနှင့်ဆင်တူရှိနေသေးသည်။သို့ရာတွင် သူသည် ထိုကလေးနှစ်ယောက်ကို သိသည်ဟုမခံစားရ။ တကယ်တမ်း ထိုကလေးနှစ်ယောက်ကသာ သူ၏ ကလေးဖြစ်ပါက အတိတ်မေ့သော်ငြား ကလေးနှစ်ယောက်အား ရင်းနှီးသလိုခံစားချက်တော့ ဖြစ်ပေါ်သင့်သည်မဟုတ်လား။

ထို့ပြင် မိမိသည် သန်းခေါင်မင်းထင်နှင့်ချစ်သူဟုဆိုသည်။သို့သော် ပန်းမှူးမှာ သန်းခေါင်မင်းထင်နှင့်ပက်သက်၍ မည်သည့်ခံစားချက်မှမရှိ။

ပန်းမှူးမှာထိုသို့သော ခံစာချက်အား လုံးဝမဖြစ်ဘဲ သူသည် သူစိမ်းများနှင့်နေနေရသည်ဟုပင် ထင်မှတ်နေရသည်။မဟုတ်မှ သန်းခေါင်မင်းထင်ကပဲ သူ့ကိုလိမ်ညာထားသလား။တကယ်တမ်းသူက ဘယ်သူလဲ ။ ဘာကိုမှမမှတ်မိနိုင်သော ဦးခေါင်းကြောင့် လက်ဖနောင့်ဖြင့်သာ နာနာရိုက်မိတော့သည်။

The Billionaire HusbandWhere stories live. Discover now