Episode-34

29.4K 2.3K 219
                                    

(ZAWGYI)
  
လမ်းလျောက်တတ်ပြီဖြစ်သော ကလေးနှစ်ယောက်သည် ပန်းမှူးပင် မသိလိုက်ဘဲ တစ်ယောက်နှင့်တစ်ယောက် လက်တွဲကာ ထွက်သွား၍ နောက်မှလိုက်ကြည့်နေရသည်။

လျင်လည်းလျင်၍ မျက်လုံးအောက်ကပင် အပျောက်ခံ၍မဖြစ်။စူးစမ်းတတ်စ အရွယ်ဖြစ်၍ နောက်မှအတော်လေးထိန်းယူရသည်။ ကလေးများအန္တရာယ်ဖြစ်စေမည့် ပစ္စည်းများ၊ပန်းအိုးများကိုလည်း ပန်းမှူးမှာ နေရာရွေ့ထားရသည်။

မနက်ခင်း၌ ရာသီတုသာယာသည်။ ၉နာရီဆိုလျှင် ခြံထဲဆင်း၍ လမ်းလျောက် အတော်လေးသင့်တော်သည်။

ပန်းမှူးက နားရွက်ပါသော အရုပ်အင်္ကျီအပြာရောင်ကလေးအား ဆင်တူဝတ်ပေးထာလိုက်ပြီးခြံထဲသို့ဆင်းလာလိုက်သည်။ဖိနပ်ပိစိကလေးများနှင့်ကောင်လေးများသည် ပန်းမှူးကိုပင်မစောင့်ဘဲ သွက်သွက်လက်လက်နှင့် လျောက်လမ်းအတိုင်း လမ်းလျောက်သွားကြသည်။

ပန်းမှူးမှာ ဘာရယ်မဟုတ် ဖုန်းကိုထုတ်ကာ vidoe ရိုက်ထားပြီး ပြုံးရွှင်လျက် ကလေးနှစ်ယောက်ကိုသာ ကြည့်နေလိုက်တော့သည်။

စိမ်းစိုနေသော သစ်တောလေးတလျောက် လမ်းလျောက်ပြီးသွားသည့်အခါ ပန်းမှူးက ကလေးနှစ်ယောက်၏ ရှေ့သို့သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ထို့နောက်လက်နှစ်ဖက်ကိုဆန့်တန်လျက် ကလေးနှစ်ယောက်ကို ရင်ခွင်ထဲထည့်လိုက်သည်။

"မောသွားပြီလား ဘေဘီတို့"

အာ!

မောသွားသည့်ကောင်လေးများသည် နားမလည်နိုင်သော အသံလေးများကိုထုတ်ကာ ပန်းမှူး၏ မျက်နှာကို လက်ပိစိလေးများဖြင့်တို့ထိလာသည်။

ပန်းမှူးက သူ၏ မျက်နှာကို လာထိနေသည့်ကောင်လေးကြောင့် သဘောတကျရယ်မောရင်း ထိုလကိကလေးကို အနမ်းပေးကာ ပါးအိအိလေးများကိုလည်း အနမ်းပေးပစ်လိုက်သည်။

"လမ်းလျောက်တတ်တော့ ဟိုဟိုဒီဒီလျောက်သွားတော့မယ်ပေါ့ ကောင်လေးတွေ"

ကလေးနှစ်ယောက်နှင့်စကားပြောရင်း နောက်ဘက်မှ ခြေသံကြားရ၍ လှည့်ကြည့်ကာ သန်းခေါင်မင်းထင်ဖြစ်နေလေသည်။

The Billionaire HusbandOn viuen les histories. Descobreix ara