(ZAWGYI)
ရုတ်တရက် ရေပူစမ်းထဲသို့ ဆွဲချခံရ၍ ပန်းမှူး၏ တစ်ကိုယ်လုံးသည် စိုရွှဲကုန်ကာ မျက်လုံးများလည်း စပ်ဖျင်းသွားရသည်။ ဦးခေါင်းမှစကာ ရေရွှဲကုန်၍ သူက အတင်းကုန်းရုန်းထကာ ရှေ့မှသန်းခေါင်ကို ကြည့်လိုက်သည်။နှစ်ယောက်စလုံမှာ ရေပူစမ်းထဲတွင်မျက်နှာချင်းဆိုင်ဖြစ်နေကာ သန်းခေါင်ကလည်း ရေစိုနေသည့် ပန်းမှူးကို ကြည့်နေလေသည်။
"မင်းဘာလုပ်တာလဲ!"
ရုတ်တရက် ရေထဲသို့ဆွဲချခံလိုက်ရ၍ ပန်းမှူးမှာဒေါသထွက်သွားပြီး သန်းခေါင်ကို အော်မေးလိုက်သည်။စောနကမှ ရေချိုးထားသော်လည်းယခုတွင်စိုရွှဲနေလေပြီ။ဆံပင်တွေလည်းစိုသွားသည်မို့ ပန်းမှူးမှာ စိတ်တိုကာ သန်းခေါင်ကိုသာကြည့်နေလိုက်သည်။
ပန်းမှူး၏ အသားအရည်သည် ဖြူဖွေးသည်။မိဖင်၊ဖခင်သည်လည်း အသားဖြူသူများဖြစ်၍ ပန်းမှူးမှာလည်းဖြူဖွေးလေသည်။ ခပ်နွေးနွေးရေပူစမ်းမှ ထွက်ပေါ်နေသည့် အငွေ့လေးများသည် ပန်းမှူး၏ မျက်နှာသို့ထင်ဟပ်နေကာ နှာဖျားများ၊နာဖျားများ ရဲတက်လာသည်။ရေစိုနေသည့် ဆံပင်များသည်လည်း ရှုပ်ပွနေကာ နောက်သို့လှန်တင်ထား၍ ပြောင်းရှင်းနေသော မျက်နှာပြင်အား အသေအချာမြင်နေရလေသည်။
လုပ်ချင်ရာလုပ်ကာ ဘာမှဖြေရှင်းချက်မပေးသည့်သန်းခေါင်မင်းထင်အား ပန်းမှူးမှာ ဒေါသထွက်သွားပြီးခပ်စူးစူးစိုက်ကြည့်လိုက်သည်။
"မင်းကို အကောင်းပြောလို့မရဘူး ။ စိတ်တိုအောင်သာလုပ်နေလိုက် သန်းခေါင်မင်းထင်"
ပန်းမှူးက ပြော၍ ထိုင်လျက်ဖြစ်နေသည့်ရေပူစမ်းထဲမှ ထရပ်ကာအပြင်ထွက်ရန်ကြံလေသည်။သို့သော်လျင်မြန်လှသည့် သန်းခေါင်က ထွက်ရန်ကြံနေသည့် ပန်းမှူ၏ လက်ကောက်ဝတ်ကို ထပ်မံ၍ ဆွဲယူကာ သူနှင့်အနီးကပ်ဆို့သို့ခေါ်ဆောင်လိုက်လေသည်။ ပန်းမှူးသည် ရုန်းကန်သော်လည်း မရ။ အသက်ငယ်လှသည့်ကောင်လေးသည် ပန်းမှူးထက် အင်အားအတော်ကြီးမားသည်။
"ငါ့ကိုလွှတ်စမ်း!
ရေများတဗွမ်းဗွမ်းမြည်သည့်အထိ ပန်းမှူးသည် အတင်းရုန်းကန်သော်လည်း သန်းခေါင်မင်းထင်၏ လက်တွင်းမှလွတ်မြောက်ခြင်းမရှိဘဲ အတင်းချုပ်နှောင်ထားခြင်းကိုသာ ခံနေရသည်။