Episode-39

30.4K 2.5K 109
                                    

(ZAWGYI)
  
ဆေးရုံ၌ ရက်အနည်းငယ်နေပြီးနောက် ပန်းမှူးမှာ အိမ်သို့ပြန်လာလိုက်သည်။ သို့သော်အားနည်းနေသော ခန္ဓာကိုယ်ကအရင်လိုမဟုတ်။အနည်းငယ်ပိန်ပါးသွားကာ ကိုယ်အလေးချိန်လည်းအတော်လေးလျော့သွားသည်။

ပန်းမှူးမှာ မွေ့ရာပေါ်မှဆင်းကာ ကလေးနှစ်ယောက်ဆီသွားချင်သော်လည်း သန်းခေါင်မင်းထင်က အခန်းပြင်မထွက်ခိုင်း၍ အင်တင်တင်နှင့်သာ ထိုင်နေရသည်။ မတွေ့ရသည်မှာကြာပြီဖြစ်သော ပိစိလေးနှစ်ယောက်ကိုလည်း မြင်ချင်လှပြီဖြစ်သည်။ သို့သော် သန်းခေါင်က သွားခေါ်ပေးနေ၍ ထိုင်၍ စောင့်နေလိုက်၏။

သူစောင့်ကြည့်နေသောအခန်းတံခါးသည်ရုတ်တရက် ပွင့်လာကာ သေးငယ်လှသော ကလေးနှစ်ယောက်သည် ပန်းမှူးရှိရာမွေ့ရာအနားသို့လမ်းလျောက်လာကြလေသည်။

ဆင်တူလေးများဝတ်ထားကာ ခေါင်းစွပ်ကလေးနှင့် ယုန်ကလေးမမာဖြစ်နေသောကောင်လေးနှစ်ယောက်က မွေ့ရာအနားသို့ရောက်သော် အတင်းဖက်တွယ်တက်ရန်ကြိုးစားနေ၍ ပန်းမှူးသည် ပြုံးရယ်လိုက်ပြီး နှစ်ယောက်စလုံးကိုပွေ့ချီကာ သူ၏ ပေါင်ပေါ်သို့တင်လိုက်၏။

"မေ့"

အကြီးလေးဆီမှထွက်ပေါ်လာသောအသံလေးကြောင့် ပန်းမှူးမှာမျက်လုံးပြူးသွားလေသည်။ ကလေးနှစ်ယောက်က အသံတိုးတိုးလေးနှင့်ထို စကားလုံးကိုသာရေရွတ်ရင်း ပန်းမှူး၏ ရင်ခွင်ထဲသို့အတင်တိုးဝင်နေလေ၏။

ကြောင်တောင်တောင်ဖြစ်သွားသော ပန်းမှူး၏ပုံစံကြောင့် သန်းခေါင်က ပြုံး၍ မွေ့ရာအစွန်၌ ဘေးတစောင်းလာထိုင်လေသည်။

ထို့နောက် ကလေးနှစ်ယောက်ဆီမှ စကားလုံးကြောင့် အံ့သြနေသော ပန်းမှူးကိုကြည့်လျက်ပြောလိုက်သည်။

"ခင်ဗျားကိုခေါ်နေတာလေ"

"ဟမ်"

ပန်းမှူးက ထပ်မံအံ့သြသွားရာ သန်ခေါင်က ခေါင်းညိတ်လျက်

"ဟုတ်တယ် ခင်ဗျားကိုခေါ်နေတာ မေ့ဆိုတာက မေမေပေါ့"

"မေမေ? သူတို့က စကားပြောတတ်နေတာလား"

ပန်းမှူးသည် တအံ့တသြမေးကာ ရင်ခွင်ထဲမှ ပေါက်စလေးများကိုငုံ့ကြည့်လိုက်၏။ လုံလုံးတစ်တစ်နှင့် ပေါက်စီလေးများလိုကောင်လေးနှစ်ယောက်က မိမိအား မေ့ ဟုခေါ်နေ၍ ပန်းမှူးမှာ ဝမ်းနည်းဝမ်းသာဖြစ်လာလေသည်။

The Billionaire HusbandWhere stories live. Discover now