Episode-29

31.6K 2.5K 84
                                    

(ZAWGYI)
  
ဦးဓန၏ အပြင်မထွက်ရန် မှာထားသော စကားအား ပန်းမှူးသည် ဖောက်ဖျက်မိလိုက်သည်။သန်းခေါင်အား စိတ်ပူကာ သူအပြင်ကိုလိုက်သွားမိခြင်းပင်။တခြားအကြောင်းကိစ္စများကို ထည့်မတွက်ဘဲ စိုးရိမ်စိတ်ရှေ့သွားသည့်အခါ အမှားများကို ကျူးလွန်းခဲ့သည်။

သန်းခေါင်မင်းထင်၏ အကြောင်းသည် သူ၏ fan များအကြားအမြဲတစေနာမည်ကြီးသည်။ကျောင်းတတ်နေပြီဖြစ်သော သန်းခေါင်၏ ပုံများသည်လည်း ပလူပျံနေကာ အနက်ရောင် long coat နှင့် လူကြီးဆန်နေသည့် သန်ခေါင်မင်းထင်၏ ပုံရိပ်သည် မိန်းကလေးများအကြား ရေပန်းစားနေလေသည်။

လွန်ခဲ့သောရက်က ရဲစခန်းရောက်ခဲ့သော သန်းခေါင်၏ ပုံသည် online ပေါ်၌ နေရာယူသွားလေသည်။အများစုသည် ရဲစခန်းရောက်သွားသည့် သန်းခေါင်ကိုစိတ်ပူနေကာ ထိခိုက်ဒဏ်ရာ ရနေမည်ကိုလည်း စိုးရိမ်နေကြသည်။

( သန်းခေါင်မင်းထင်က လုံးဝ perfect ပဲ )

( ရဲစခန်းရောက်တယ်ဆိုတော့ ဒဏ်ရာများရနေမလား စိုးရိမ်တယ် ကိုကိုရေ )

( ကောင်ဆိုးလေး တအားဆိုးနေတယ်နော် ရဲစခန်းကို အပန်းဖြေစခန်းနဲ့မှားနေတာလား )

( ကိုကိုမင်းထင်က အရင်ပြဿနာရှာတာမဖြစ်နိုင်ဘူး ၊ တစ်ဖက်ကအရင် ပြဿနာလာရှာတာနေမယ် အဲ့ကောင် လွတ်အောင်ပြေးထားစမ်း )

( တစ်ခုခုများဒဏ်ရာရသွားသေးလား စိတ်ပူလိုက်တာ )

(ကျွန်မဦးလေးက အဲ့တုန်းက ကိုကို့ကိုမြင်လိုက်တယ်တဲ့ ထိခိုက်ဒဏ်ရာလုံးဝမရှိတဲ့ ၊ ကိုကိုကတောင် အဲ့လူကို ကားနဲ့တိုက်ပစ်လိုက်တာပြောတယ် )

( ကောင်းတယ် ကောင်းတယ် ကောင်ဆိုးလေးက တအားတော်တယ် အသဲယူ ( ˘ ³˘)♥︎ )

( သားလေးရေ မားစိတ်ပူတယ်နော် ၊ တအားမဆိုးစမ်းပါနဲ့ )

ဟမ်!!

ပန်းမှူးသည် မြောက်များလှသော မှတ်ချက်များအားဖတ်ကြည့်နေရင်း နာမလည်ဖြစ်ရလေသည်။ကိုကို၊ကလေး၊မောင်လေး၊သားလေး စသဖြင့် သန်းခေါင်မင်းထင်ကို ခေါ်နည်းမျိုးစုံနှင့်ခေါ်နေကြသေးသည်။

The Billionaire HusbandDonde viven las historias. Descúbrelo ahora